ကိုထိန်လင်း မြန်မာပြည်က ယနေ့ ပြန်လည်ထွက်ခွာ

Tuesday, December 7, 2010



















































photo:http://www.daylife.com


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris) ဒီနေ့ မနက် ၉ နာရီ လောက်က မြန်မာနိုင်ငံမှ ပြန်ထွက်ခွာသွားပါပြီ။

နှုတ်ဆက်လိုက်ပို့တဲ့ မိခင်နဲ့ အတူ ပရိသတ်တွေကို လက်ပြနှုတ်ဆက်နေပုံကို ခုလိုတွေ့ရမှာဖြစ်ပါတယ်။

ကိုထိန်လင်းဟာ ဒုလ္လဘ ရဟန်းခံဖို့ နောက်တကြိမ်မြန်မာပြည်ကို ပြန်လာဦးမယ်လို့ သိရပါတယ်။ သူနဲ့ အတူ ရုပ်ရှင်တခုမှာ ဒေါ်အောင်ဆန်းစုကြည် နေရာကို သရုပ်ဆောင်နေတဲ့ မင်းသမီး မစ်ရှဲ ယိုး ဟာ လေယာဉ်တစီးတည်း အတူ တူပြန်သွားကြတာလို့ သိရပါတယ်။

မင်းသမီး မစ်ရှဲ ယိုးသည် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွား တွေ့ဆုံကာ သူမသရုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဇာတ်ကောင်နေရာအတွက် တွေ့ဆုံစကားပြော မေးမြန်းတာတွေလုပ်ခဲ့ပြီး ၊ သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတချို့ကိုပြသခဲ့တယ်လို့ သိရပါတယ်။

သူမသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မကြားသေးခင်က ရိုက်ကူးထားတဲ့ “Divided Heart ” နာမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀ တစိတ်တပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နေရာ က သရုပ်ဆောင်ထားခဲ့သည်။

1 comments :

  1. Anonymous said... :

    တို့ အမေကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာဘဲနော်။
    ဟောလီးဟုတ် မင်းသမီးတောင် အမေနဲ့ ယှဉ်တာ သမီးနဲ့ အမေအရွယ်ပေမဲ့  အပြန်တစ်ရာ ရှုံးသွားပြီ။ အမေက တကယ့် မော်ဒယ်ဘဲနော်။ ကြည့်လို့ ကိုမ၀ဘူး အမေ့ပုံလှလှလေးတွေကို... အမေအသက်ရာကျော်ရှည်ပါစေ၊ အမြဲလှနေပါစေနော်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved