FM များ နှင့် မြန်မာ့အသံတွင် စာပေအနုပညာ ရှင် ၉ ဦးအား ထုတ်လွှင့်ခွင့်ပိတ်

Thursday, December 2, 2010

စာပေနှင့် အနုပညာရှင် အသိုင်းအ၀န်းမှ စာရေးဆရာမ သန်းမြင့်အောင်၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဒါရိုက်တာချိုတူးဇော် ၊ ဦးရဲလွင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် တို့ ၉ ဦးအား မီဒီယာများတွင် ဖော်ပြခွင့် ပိတ်လိုက်သည်ဟု သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ အနုပညာရှင်များထံသို့ စာပို့ အကြောင်းကြားခြင်းမရှိသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန လက် အောက်ရှိ MRTV နှင့် FM လိုင်းများတွင် ဖော်ပြခွင့်မရှိကြောင်း အကြောင်းကြားစာရရှိခဲ့သည် ဟု မြန်မာ့ ရုပ်မြင်သံကြားနှင့် နီးစပ်သူတဦးက ပြောသည်။

“ ပြီးခဲ့တဲ့ သောကြာနေ့ က စာရောက်တာ။ စာရင်းနဲ့ ဒီအနုပညာရှင်တွေ မဖော်ပြရဘူး ဆိုပြီးပါတယ်။ ထင်တာကတော့ ဒါရိုက် တာ မောင်မျိုးမင်းက ထာဝရနှင်းဆီ အငြိမ့်မှာ တော်တော် အစိုးရကို သရော်တာတွေပါသွားလို့ လို့ ကြားတယ်။ တခြားလူတွေ ကတော့ NLD က စောင့်ရှောက်ထားတဲ့ ဝေဒနာ သည်တွေကို သွားကြည့်လို့။ ဘယ်အချိန်ထိ ပိတ်မယ်ဆိုတာတော့ အကန့် အသတ်မပါဘူး ” ဟုချယ်ရီ FM မှ ၀န်ထမ်းတဦးက ပြောသည်။

တန်ဆောင်မုန်းလပြည့်နေ့က ကျင်းပသွားသော ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်သည့် ထာဝရနှင်းဆီ အငြိမ် ဖျော်ဖြေပွဲတွင် မြန်မာပြည်တွင် လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝကို ထင်ဟပ် စေသော ပြက်လုံး များဖြစ်သည့် တယ်လီဖုန်း၊ ဆင်ဆာနှင့် ကျင်းပသွားသည့် ရွေးကောက်ပွဲအပေါ် သရော်ထားသည့် ပြက်လုံး များကြောင့် ပရိတ်သတ်အားပေးမှုရရှိခဲ့သည်။

“ အနုပညာရှင်တွေကို လှန့်လိုက်တဲ့ သဘောပါပဲ။ ဒီလို ဖော်ပြခွင့်မပေးပေမယ့် အနုပညာလုပ်ခွင့်မပေး တော့တာ ဆိုတော့ အရမ်းဖိအားပေးတာမဟုတ်သေးဘူး။ အနုပညာရှင်တွေမှ မဟုတ်ဘူး။ ဘယ်သူက ဘယ်နေရာကိုပဲ သွားလှူလှူ ဒီအတွက် ဟန့်တားခွင့်မရှိသလို ပိတ်ခွင့်မရှိဘူး။ ဒီလိုပြောမရလို့ တဖက်လှည့်နဲ့ မသွားရဲအောင်လုပ်တာ ” ဟု ပြည်တွင်း ဂျာနယ်သတင်း ထောက်တဦးက ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း HIV ၊ AIDS ဝေဒနာရှင်များအား ရွှေ့ပြောင်းရန် အာဏာပိုင်များမှ ဖိအားပေးမှု များပြုလုပ်ခဲ့
သည်။

လက်ရှိ အချိန်ထိ အနုပညာရှင်များနှင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။

နရီလင်းလက်

8 comments :

  1. Anonymous said... :

    ဟိုဟာလိုက်ပိတ်၊ ဒီဟာလိုက်ပိတ် နဲ့၊ဘာ ဒီမိုကရေစီ လမ်းကြောင်းကိုသွားနေတာလည်း။ လုပ်တော့လည်း ကလေးကလားဆန်လိုက်တာ၊ သောက်အဆင့်အတန်း လည်းမရှိဘူး။

  1. Anonymous said... :

    လုပ်နေကျအလုပ် အောက်တန်:ကျအလုပ်ကိုလုပ် နေတာ

  1. its only 8 persons. One person missing in the list.

  1.ှSwa Ba said... :

    မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးရုပ်တော့ တဖြည်းဖြည်းပြန်ပေါ် လာပြီပေါ့ ၊ ဒီအနုပညာရှင်တွေကိုတော့ လေးစားတယ်၊ သူတို့ ကို အားပေးကြရမယ် ၊သူတို့ ဘာတွေများလုပ်ခဲ့ ကြလို့ လဲ၊ ပြည်သူ့ ဘဏ္ဍာငွေတွေ အလွဲသုံးစား လုပ်ခဲ့ လို့ လား၊ ဗုံးတွေခွဲခဲ့ လို့ လား၊ လောင်းကစားတွေ အကြီးအကျယ် လုပ်ကြလို့ လား၊ သူတို့ ပြည်သူတွေကို ဒုက္ခေ၇ာက်အောင် ဘာတွေများ လုပ်ခဲ့ ကြပါလိမ့် နော် နော် နော်

  1. Anonymous said... :

    ချစ်ခင်လေးစားအပ်ပါသော အနုပညာရှင်များခင်ဗျား-
    -အနုပညာရှင်များ အနေနှင့် မိမိတို့အား ချစ်ခင်အားပေးကြသော မိဘပြည်များကို လေးစားစောအားဖြင့်၎င်း
    -မိမိတို့ ကိုယ်ကို မိမိတို့ မြန်မာဟူ၍ လိပ်ပြာသန့်သန့် ဂုဏ်ယူ လိုကြတယ် ဆိုရင်ဖြင့် အစိုးရကြိုက်ကြိုက် မကြိုက်ကြိုက် တရားသောအမှုကို
    စာရေးဆရာမ သန်းမြင့်အောင်၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဒါရိုက်တာချိုတူးဇော် ၊ ဦးရဲလွင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက်
    တို့လို ရဲရဲရင့်ရင့်ပြုကြပါလို့

  1. ရွှေခြင်္သေ. said... :

    ညီညွတ်မှုမရှိကြရင်ဒီလိုပဲဆက်ပီးဖိနှိပ်ခံနေရမှာပါ။ကျန်တဲ့အနုပညာရှင်တွေအများစုကအခုအပိတ်ခံရတဲ့လူတွေလိုလိုက်လုပ်ရင်၊အကုန်လုံးကိုပိတ်ပြီးဘာမှမလွှင့်ဘဲနေမလား။ကျန်တဲ့လူတွေကခဏတာကိုယ်ကျိုးကိုပဲကြည့်ပြီးနေကြရင်တော့နောက်နှစ်၁၀၀၀လဲဒီလိုပဲဆက်ခံနေရမှာပါပဲ။

  1. Anonymous said... :

    ချိုကုပ်ဒူးကြီး။ ဟေးအနုပညာရှင်ကလေးဒွေ၊ညင်တို့နာနဲ့မခေါ်တဲ့တော်ရှုနဲ့အခေါ်အကြောအလုပ်ရဖူး။လုပ်ရင်နာနင်တို့နဲ့အခေါ်ဒေါ့ဘူး။နောက်ကျရင်နာ့လူချဉ်တော်မှာမျောက်ပွဲကရင်နင်တို့ကိုမနား(ဌား)တော့ဘူး။နင်တို့ကိုလဲနောက်ချိုချဉ်မကျွေးတော့သလိုအကယ်လူချဉ်ဆုလည်းမပေးဒေါ့ဘူး။

  1. Anonymous said... :

    ခေါင်းဆောင်မဆန်သောအောက်တန်းကျလုပ်ရပ်ဖြစ်ပါသည်။ထိပ်ဆုံးကလူပဲလုပ်လုပ်အောက်ခြေကဖားပြီးလုပ်လုပ်၊လူယုတ်တစ်စုဟာအကျင့်ယုတ်၊အကြံပုတ်တွေပဲရှိမှာပါ။အကောင်းလုပ်သူပြောသမျှဆိုသမျှလုပ်သမျှကိုလိုက်လံပြီးတားဆီးပိတ်ပင်ခြိမ်းချောက်နေလျှင်တော့တွေ့ ဆုံဆွေးနွေးရေးဟာလဲလေထဲမှာပဲရှိနေမှာပါ။အနိမ့်ဆုံးအပြန်အလှန်လေးစားမှုယုံကြည်မှုမရှိရင်ဘာကလာတဲ့တွေ့ ဆုံဆွေးနွေးမှုရှိနိုင်မှာလဲ။ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်ဖြစ်အောင်လုပ်နေတာဘယ်သူဆိုတာမပြောလည်းလယ်ပြင်ဆင်သွားသလိုထင်ရှားနေပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved