နယူးဒေလီနဲ့ ချင်းမိုင်၊ ဘန်ကောက်တို့မှာ ကိုဇာဂနာ့အကြောင်း ရုပ်ရှင်ပြမည်

Wednesday, February 2, 2011

နိုင်ငံကျော် ပြည်သူချစ် လူရွှင်တော် ကိုဇာဂနာအကြောင်း Germany က ရိုက်ထားတဲ့ This Prison Where I Live ဆိုတဲ့ ရုပ်ရှင်ကို မနက်ဖြန် ညမှာ နယူးဒေလီက Foreign Press Club မှာ ပြပါမယ်။ ရုပ်ရှင်ရိုက်တဲ့ Rex Entertainment က Justin Temple လည်း လာမယ်ပြောပါတယ်။ Justin Temple ကတော့ အဲ့ဒီ Rex Entertainment က Producer လို့ သိရပါတယ်။ ဒီရုပ်ရှင်ကို မြန်မာပြည်အထိ သွားရိုက်ခဲ့တဲ့ Rex Bloomstein နဲ့ ဂျာမနီ ဟာသ ပညာရှင် Michael Mittermeier တော့ ပါ မပါ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ဒုတိယပတ်တုန်းကတော့ India, Jaipur, International Film festival မှာလည်း ဒီရုပ်ရှင်ကို ပြသွားတယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မှာလည်း မနက်ဖြန် ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ လုပ်မယ့် Lifescapes International Film Festival မှာ ပြမယ်လို့ ဒီရုပ်ရှင်ရဲ့ ၀က်ဘ်ဆိုက်မှာ ရေးထားတာ တွေ့ပါတယ်။ ဘန်ကောက်က FCCT မှာလည်း ဖေဖော်ဝါရီ ၉ ရက်နေ့ကျရင် ပြမယ်လို့ ရေးထားပါတယ်။

ရုပ်ရှင်အကြောင်းကတော့ အောက်က လင်ခ့်မှာ သွားလေ့လာနိုင်ပါတယ်။

http://thisprisonwhereilive.co.uk/index.php?l=1&s=1

1 comments :

  1. Anonymous said... :

    He's the one who we love the most in our country. His important and most bravest action representing the feeling of people in Burma. A person who is educated, well known comedian should release from the prison ASAP.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved