ကန့်လန့်ကာ နောက်ကွယ်က ကတုံးကြီးရဲ့ ဇာတ်လမ်း

Monday, February 21, 2011


မြန်မာတိုင်းမ်စ် ဂျာနယ်ရဲ့ စီအီးအို အယ်ချုပ်ကြီး ဖြစ်တဲ့ သြစတေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ (ကတုံးကြီးလို့ လူသိများတယ်) ချေးနင်းမိတဲ့ကိစ္စကို ပြည်တွင်းက ဧရာဝတီ သတင်းထောက် တယောက်က ရန်ကုန်တိုင်း ရဲမှူးတယောက်ကို မေးမြန်းပြီး ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။

ကတုံးကြီးနဲ့ ပြဿနာ တက်တဲ့ ကောင်မလေး နာမည်က ခိုင်ဇာတဲ့၊ မြောက်ဥက္ကလာ ဘက်မှာ နေပါတယ်။ Night Club တွေမှာ ကျင်လည်တယ်။ ကြေးစား မိန်းကလေး ဆိုတာထက် ဖိုးတွမ်တီး လုပ်တာ ပိုများတယ်။

သူက အဖြူတွေနဲ့မှ လိုက်တယ်။ အဖြူ တယောက်နောက် လိုက်သွားပြီးရင် ... အရက်ထဲကို ဆေးခတ်မယ်၊ ပြီးရင် အိပ်ပျော်နေတဲ့ အဖြူဆီက ပါသမျှ အကုန်ယူပြေးမယ်။ သူ့မှာ ရဲမှတ်တမ်း ရှိဖူးတယ်။ သူ့ကို တိုင်းရဲက ဖမ်းဖူးတယ်။

အဲဒီ ဒန်ကလေကြီး
နိုင်ငံခြားမသွားခင်မှာ ခိုင်ဇာဆိုတဲ့ ကောင်မလေးကို ပျော်တော်ဆက်ဖို့ ခေါ်မိတုန်း လည်လွန်းတဲ့ ဒန်ကလေကြီး ချေးသင့်တော့တာပဲ။ ကောင်မလေးကလည်း ဒန်ကလေ ကို ဘယ်သူမှန်းမသိဘူး။ သာမန် တခါစား Tourist အဖြူတကောင် လို့ပဲ ထင်ထားတာ။ ထုံးစံအတိုင်း တွယ်လိုက်တယ် ဆိုပါတော့။

ကတုံးကြီး တော်တော် တန်ဖိုးထား သိမ်းဆည်းထားတဲ့ ပစ္စည်းတွေပါ ပါသွားတော့ တော်တော်တင်း သွားတယ်။ ကောင်မလေးကို သူ မှတ်မိတယ်။ သူ နိုင်ငံခြားက ပြန်လာတော့ အဲဒီ ကောင်မလေးကို Club တွေမှာ လိုက်ရှာတာ တွေ့ရော ဆိုပါတော့။ ကောင်မလေးက အရမ်းလန့်သွားတယ်။ ကတုံးကြီးက ခိုင်ဇာကို ဆံပင်ကနေ ဆွဲပြီး ကားပေါ်တင် ခေါ်သွားပါလေရော။ သူ့ အိမ်ရောက်တာနဲ့ ကောင်မလေးကို နဘန်ကျင်းပြီး သူ့ ပစ္စည်းတွေ ပြန်တောင်းတယ်။ ကောင်မလေးက အကုန် ဖြုန်းပြီးသွားပြီ။ မရှိတော့ဘူး။ ဒီတော့ ကတုံးကြီး ကြံရာမရဖြစ်ပြီး ကောင်မလေးကို အခန်းတခုထဲမှာ ပိတ်ထားတယ်။ ဘာလုပ်သလဲတော့ မသိဘူး ။ “ကလဲ့စားပြန်ချေတယ်” ထင်ပါရဲ့။ နောက်တနေ့ ညနေမှာတော့ ကောင်မလေးကို ကန်တော်လေးပတ်လမ်းမှာ ချခဲ့တယ်။

ကောင်မလေး မျက်နှာမှာလည်း ဖူးယောင်လို့။ ပိုက်ဆံကလည်း မပါတော့ ရဲကို အကူအညီ တောင်းရ တာပေါ့။ ရဲကလည်း နိုင်ငံခြားသားက ရိုက်တယ်ဆိုတာနဲ့ မျိုးချစ်စိတ်တွေ ဇာတိမာန်တွေ ထကြွပြီး အမှုဖွင့်ခိုင်းတယ်။ ကောင်မလေးကလည်း သူ ခိုးခဲ့တာ ပေါ်မှာစိုးတော့ အမှုမဖွင့်ချင်ဘူး။

ဒါနဲ့ ရဲက ကောင်မလေးကို ဆေးရုံကြီးကို ပို့လိုက်တယ်။ ဒါပေမယ့် ပြစ်မှုအတွက် အထောက် အထားတွေတော့ ယူထားတာပေါ့။ ကောင်မလေးက ဒဏ်ရာတွေ ဘာတွေ ဆေးထည့်ပြီးတာနဲ့ ညသန်းခေါင်မှာ ဆေးရုံကနေ လစ်ရော။ အဲဒီအချိန်မှာ ကောင်မလေးက ကတုံးကြီးကို ဘယ်သူ ဘယ်ဝါ ဆိုတာ သိသွားပြီ။

အမှုဖွင့်ရဲကတော့ ကောင်မလေးပြောတဲ့ လိပ်စာနဲ့ ပုံပန်းသဏ္ဍန်အတိုင်း ဒန်ကလေကြီးကို
ဖမ်းလိုက်တယ်။ ရဲမှု ဖွင့်ပြီး အင်းစိန်ကိုသာ ပို့လိုက်တယ် ဘယ်သူ ဘယ်ဝါမှန်း သေချာ မသိကြဘူး။ မနက်ကျတော့ ရဲ အကြီးပိုင်းက လူကြီးတွေလာတော့ ဒန်ကလေ ဆိုတာနဲ့ အကုန်လန့်ကုန်တယ်။

ကောင်မလေးက သူခိုး၊ ကြေးစား ဆိုတာသိတော့ ပိုပြီး တိုင်ပတ်မှာ ကြောက်ကုန်ကြတယ်။ ထောက်လှမ်းရေး ခေတ်ကတည်းက ဒန်ကလေ့ရဲ့ ခြေလှမ်းတွေကို သိကြတာကိုး၊ ထောက်လှမ်းရေး ပြုတ်တာတောင် သူ့ မြန်မာတိုင်းမ်စ်က စင်ပေါ်ကပဲ မဟုတ်လား။ ဒီတော့ လန့်တာပေါ့။

အဲဒီမှာ ကောင်မလေးကိုပါ လိုက်ဖမ်းရရော။ ၃ ရက်တော့ ကြာတယ်။ ကောင်မလေး ကလည်း ပုန်းနေတာ။ ၃ ရက်ဆိုတော့ ကတုံးကြီး ရိုက်ထားခဲ့တဲ့ ဒဏ်ရာတွေက အယောင် လျော့သွားပြီ။ အဲဒီတော့ ရဲက ကောင်မလေးကို ပြန်ရိုက်ပြီး ဒန်ကလေ့ကို အမှုတင်ဖို့ ခိုင်အောင် ပြန်လုပ်ရတော့တာ။

ကနဦးက ဒန်ကလေ့ ကို ဖမ်းခဲ့တဲ့ တပွင့် ရဲကိုတော့ အသုံးမကျမှုနဲ့ အကျဉ်း ၃ ရက်လောက် ချလိုက်တယ်။

ထောက်လှမ်းရေးလွန်ခေတ် ဆိုင်ရာပိုင်ရာကို အဝင်ကောင်းအောင် မြန်မာတိုင်းမ်စ်မှာ ရှယ်ယာ ထည့်ပေးထားတဲ့ ဒေါက်တာ တင်ထွန်းဦးကတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ ပြောရမလား၊ မုတ်ဆိတ်ပျားစွဲပဲ ဆိုမလား။ ပွဲလန့်တုန်း ဖျာကလေး ဝင်ခင်းလိုက်ရုံပဲ။ စိတ်ကြိုက်ဖြစ်သွား လေရဲ့။

ဒေါက်တာ တင်ထွန်းဦးက ဒန်ကလေ အာမခံရဖို့တော့ ကူပေးပါတယ်။ သို့သော် ... ဘယ်လိုပဲ အာမခံရရ မြောင်းထဲက ပြန်တက်လာဖို့တော့ သိပ်တော့ မလွယ်လောက်တော့ဘူးလို့ လေ့လာသူတွေက ပြောနေကြပါတယ်။

2 comments :

  1. Anonymous said... :

    ဖိုးတွမ်တီးလုပ်တဲ. ကောင်မလေးက မြောက်ဥက်ကလာ ဘယ်လမ်းမှာနေတာလဲ ဖော်ပြပေးလို.ရမလား မသိဘူး
    ကျေးဇူးတင်ပါသည်...

  1. Anonymous said... :

    မဖြစ်နိုင်ပါဘူး။ ဖတ်ရတာ လုပ်ဇာတ်တစ်ခုလိုပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved