ကျနော် ဧရာဝတီ ပရိသတ်ပါ ....။ အောင်ဇာလင်းလို.ခေါ်ပါတယ် ... 2006 မှာ အဝေးသင်နဲ့ ဘွဲ့ရခဲ့ပြီး 15.6.2007 မှာ အကြာင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲကို ရောက်လာခဲ့ရတယ်။ သင်တန်းမှာ ခွေးလို နွားလို ခိုင်းပြီး သင်တန်းဆင်းတော့ ရဲတပ်ရင်း (၅) မှော်ဘီ ကိုပို့လိုက်ပါတယ်။
ကျနော့် ကိုယ်ပိုင်နံပါတ်က လ -၂၂၂၃၉၇ တပ်သားပါ။ ရဲတပ်ရင်းရှေ့တန်းလို့ခေါ်တဲု့ရန်ကုန်မြို့တွင်းမှာ နအဖ ခေါင်းဆောင်တွေ၊ သားသမီးတွေ၊ မြေးတွေ တူ၊ တူမတွေ စတဲ့သူတွေ ဂေါက်ရိုက်၊ မင်္ဂလာဆောင်၊ အသုဘ၊ ညစာစားပွဲ၊ ဘုရားဖူး၊ မွေးနေ့၊ ဧည့်ခံပွဲ စတဲ့ဟာတွေကို လုံခြုံရေး ယူပေးရတယ်။ နောက်ပြီး ဆူပူမှု အဓိကရုဏ်း ဖြစ်ရင် နှိမ်နင်းဖို့တာဝန် ယူရပါတယ်။
တပ်ရင်းကကျွေးတဲ့ထမင်းက ထောင်အတွင်းမှာ ကျွေးသလိုပါ။ စပါးလုံးတွေပါတဲ့ ဆန်ကြမ်းနဲ့ မနက်ကို ပဲဟင်း၊ ငပိထောင်း၊ ညနေကို ငါးခြောက်နဲ့ ချည်ရည်ဟင်းပါ။ အဲဒါ တပ်ရင်းရဲ့ daily foods ပါ။ တရက်ကို နအဖ က ထမင်းဖိုး ၅၀၀ ကျပ်ထောက်ပံ့ပါတယ်။ လစာက တပ်ရင်းမှူးက ခေါင်းစဉ်အမျိုးမျိုး ပြပြီး ဖြတ်ပါတယ်။ ဘဏ်မှာ တစ်လ ၃၀၀၀ ကျပ် စုရပါတယ်။ မစုဘဲ မနေရပါဘူး။ ကိုယ်စုထားတဲ့ငွေကို ထုတ်ချင်သလို ထုတ်လို့ မရပါဘူး။ တပ်ရင်းမှူး ခွင့်ပြုချက်ရမှ ထုတ်ရတာပါ။
ကျနော့်လုပ်သက် ၃ နှစ်ကျော် ကာလမှာ တရက်မှ အိပ်ချိန် ၅ နာရီပြည့်အောင် မအိပ်ခဲ့ရပါဘူး။ ကင်းစောင့် နေရပါတယ်။ ဒီကြားထဲ တပ်ခွဲမှူး လုပ်တဲ့လူက မထင်ရင် မထင်သလို ထိုးကြိတ် ကန်ကျောက် နေပါတယ်။
ကျနော်တို့ တပ်ရင်းမှာ လ - ၁၇၆၉၊ ဒု ရဲမှူး -ထွေးမြင့်မောင် ဆိုရင် အရာရှိကလွဲပြီး ကျန်တဲ့လူ အကုန်လုံး ကြောက်ရပါတယ်။ မကြည်ရင်မကြည်သလို လုပ်ပါတယ်။ ဒါကြောင့် သူ့ကို တခြားအဆင့်တွေက ကျောက်ကြီး လို့ နာမည် ပေးထားပါတယ်။ တပ်ရင်းမှာ မနေနိုင်လို့ပြေးတဲ့လူတွေ အများကြီးပါ။
ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေမှာ ခွင့်မဲ့ ၁ ရက်ထက် ကျော်ရင် ရဲပြေးလို့ သတ်မှတ်ကြေညာ ရပါတယ်။ ဒါပေမယ့် ရဲတပ်ရင်းမှူးတွေက လေး ငါး ရှစ်လ လောက် အပေါ်ကို မတင်ပါဘူး။ သူတို့တွေရဲ့လစာကိုလိမ်ပြီး ထုတ်စားပါတယ်။ ရဲပြေးမှု ကျူးလွန်ရင် ထောင် ၁ နှစ် သတ်မှတ်ထားပါတယ်။ ပြေးတဲ့သူက ထောင်၁ နှစ်ကိုမကြည့်တော့ပါဘူး။ ထောင်ကျပြီး အပြင်မှာ လွပ်လွပ်လပ်လပ် လုပ်စားဖို့ အတွက်ပါ။
ရဲထဲစ၀င်တော့ အနည်းဆုံး ၅ နှစ် လုပ်ရမယ်လို့ စာချုပ် ချုပ်ရပါတယ်။ စာချုပ်ပြည့်မှ ထွက်ခွင့်ရမယ်လို့ ပါပါတယ်။ အဲဒီလို ထွက်ခွင့် ရမယ်ဆိုရင် ရဲတပ်ဖွဲ့မှာ ရဲရှိတော့မှာ မဟုတ်ပါဘူး။ စာချုပ်ပြည့်လည်း ထွက်လို့ မရပါဘူး။ ယူနီဖောင်းတွေက ကိုယ့်ဘာသာ ၀ယ်ဝတ် ရပါတယ်။ နိုင်ငံတော်က ထုတ်ပေးထားပါတယ် ဆိုပြီး လက်မှတ် ထိုးရပါတယ်။ အခု ကျနော်လည်း ထွက်ပြေးပြီး ရင်ဖွင့်ရတာပါ။
အဲဒီလို ဒုက္ခတွေကို မြန်မာပြည်သူတွေ သိအောင် အယ်ဒီတာကြီးက စွမ်းဆောင်ပေးပါလို့ ပြောကြားလိုပါတယ်။ ကျနော် ဒု ရဲအုပ် စာမေးပွဲ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စီမံခန့်ခွဲရေး ၀န်ထမ်းစာမေးပွဲ တွေကို ဖြေဆိုခဲ့ပါတယ်။ စာမေးပွဲမှာ သူတို့ နအဖ အသိမိတ်ဆွေတွေ။ တူ တူမတွေ၊ ဆွေမျိုးတွေ ငွေပေးနိုင်တဲ့ သူတွေပဲ ပါကြပါတယ်။ ကျနော်တို့လို ဆင်းရဲတဲ့သ။ နအဖ အသိုင်းအ၀န်းက မဟုတ်တဲ့သူ ဆိုရင် မပါပါဘူး။ ဒါကြောင့် ကျနော်လည်း စိတ်ကုန်ပြီး ထွက်ပြေး လာခဲ့တာပါ။
အယ်ဒီတာကြီးနဲ့တကွ မြန်မာ ပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
။ ကျနော် ဒု ရဲအုပ် စာမေးပွဲ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စီမံခန့်ခွဲရေး ၀န်ထမ်းစာမေးပွဲ တွေကို ဖြေဆိုခဲ့ပါတယ်။ စာမေးပွဲမှာ သူတို့ နအဖ အသိမိတ်ဆွေတွေ။ တူ တူမတွေ၊ ဆွေမျိုးတွေ ငွေပေးနိုင်တဲ့ သူတွေပဲ ပါကြပါတယ်။ ကျနော်တို့လို ဆင်းရဲတဲ့သ။ နအဖ အသိုင်းအ၀န်းက မဟုတ်တဲ့သူ ဆိုရင် မပါပါဘူး။ ဒါတွေအမှန်တွေပါ ကျွန်လည်းဒါမျိုးကြုံခဲ့ဘူး ပါတယ်။
ကျွန်ကအလွတ်ထွက်မပြေခဲ့ဘူး ကျွန်ဘ၀နဲ့တန်အောင်းလုပ်ခဲ့တယ် ဒါပေမဲ့ ခင်ဗျာအလွတ်ပြေးလာတော့ ခင်ဗျာအတွက်အမြတ်မရှိဘူး အမှန်တကယ်ဆို
ထွေးမြင်အောင်ကို လုပ်ခဲ့ရမှာ