မချစ်ပေမယ့် အောင့်ကာနမ်းရပြီ

Tuesday, March 29, 2011

ဒန်ကလေကတော့ မချစ်သော်လည်း အောင့်ကာနမ်းရတဲ့ ဘဝ ရောက်သွားပါပြီ (ဓာတ်ပုံ - ဧရာဝတီ)

မစ္စတာ ဒန်ကလေ ကတော့ သိန်း ၁၀၀ နဲ့ ဒီနေ့ အာမခံ ရသွားပါပြီ။ နှလုံးရောဂါအခံနဲ့ မြန်မာတိုင်းမ် စီအီးအို ဟောင်းဆိုတဲ့ ဂုဏ်သိက္ခာကြောင့် အာမခံပေးတာဖြစ်တယ်လို့ ကမာရွတ် တရားရုံးက ဖတ်ကြားသွားပါတယ်။

ဒန်ကလေ ဒီလိုဂျောက်ကျခြင်းဟာ မြန်မာတိုင်းမ်ကို ပိုင်ဆိုင်ရေး ရုံးတွင်းပြဿနာတွေကြောင့်လို့ မီဒီယာတွေ ရေးသားခဲ့ကြပေမယ့် အာမခံရအပြီးမှာတော့ စီအီးအိုဟောင်းအဖြစ် ကန်ထုတ်ခံလိုက်ရတဲ့ ဒန်ကလေနဲ့ ထိုင်ခုံ ဝင်ထိုင်လိုက်တဲ့ ဒေါက်တာ တင်ထွန်းဦးကို ဒီနေ့ ရုံးတော်မှာ အာမခံရပြီးတဲ့နောက် ဖက်လျက်သား တွေ့ရပါတယ်။

အာမခံကို ဒေါက်တာ တင်ထွန်းဦးက သိန်း ၅၀၊ မြန်မာတိုင်းမ် မန်နေဂျာ ဦးဝေလင်းက သိန်း ၅၀ နဲ့ အာမခံပေးတာပါ။

အာမခံရပြီးနောက် တွေ့ရတဲ့ ဒန်ကလေ (ဓာတ်ပုံ - ဧရာဝတီ)

အမှုသွားအမှုလာအပေါ် ဒန်ကလေရဲ့ ရှေ့နေများရဲ့ လျှောက်လဲချက်နဲ့ တရားရုံးရဲ့ သုံးသပ်ချက်ကိုတော့ ဧရာဝတီ သတင်းဆိုဒ်မှာ ဖော်ပြထားပါပြီ (ဒီနေရာမှာ ဖတ်ပါ)။

အာဏာရှင်တွေ လက်အောက်က အတက်အကျကိုတော့ အင်းစိန်ပြန် ဒန်ကလေကြီးတယောက် ကောင်းကောင်း သဘောပေါက်သွားပြီလို့ ယူဆရပါတယ်။

ထို့အတူ ကြံ့ဖွတ်အမတ်လောင်းအဖြစ် ဝင်ပြိုင်တာကနေ ရှုံးပြီး လွှတ်တော်မရောက်ဘဲ ချော်ချက်ပြီး မြန်မာတိုင်းမ် စီအီးအို ထိုင်ခုံပေါ် ရောက်သွားတဲ့ ဒေါက်တာ တင်ထွန်းဦး လက်ထဲမှာ မြန်မာတိုင်းမ်ဟာ ဘယ်လိုပုံစံနဲ့ ပတ်တိုက်ပြီး ဆက်ထွက်နေမလဲ စောင့်ကြည့်ရမှာပါ။

1 comments :

  1. Anonymous said... :

    I am glad he was on bail.

    Ross, pls go back to Australia or stay in Cambodia.
    You are not safe in Myanmar.
    Take care.
    Your ex-reporter.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved