ကြွပ်ကြွပ်အိတ် လက်ဝယ်ရှိသူများ သတိထား

Monday, May 9, 2011

ရန်ကုန်မြို့မှာ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်ကြိုး ထုတ်တဲ့ စက်ရုံတွေ ပိတ်ဖို့ ပြီးခဲ့တဲ့ လကုန်ပိုင်းက စပြီး စည်ပင်က ကြေညာခဲ့ပါတယ်။ မေလ ၁၄ ရက်ကစလို့ ကြွပ်ကြွပ်အိတ် မသုံးစွဲရတော့မှာမို့ ကြွပ်ကြွပ်အိတ် လက်ဝယ်ရှိသူတွေ သက်ဆိုင်ရာ မြို့နယ်စည်ပင်တွေမှာ အပ်နှံကြပါဆိုပြီး ဒီနေ့ အစိုးရ သတင်းစာမှာ ပါလာပါတယ်။

ကြွပ်ကြွပ်အိတ် မသုံးစွဲရေး စီမံချက်ကိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။ စက်ရုံတွေကအစ ပိတ်သိမ်းခိုင်းတာမို့ ကောက်ရိုးမီး စီမံချက်မဟုတ်ဘူးလို့ ယူဆရပါတယ်။ အခု ရန်ကုန်မြို့တော်ဝန်က သံအမတ်ဟောင်း ဦးလှမြင့် ဖြစ်ပါတယ်။ အရင်မြို့တော်ဝန် ဦးအောင်သိန်းလင်းကတော့ ရိုင်းစိုင်းတဲ့၊ ဝန်ထမ်းတွေကို ဖိနှိပ်တဲ့၊ လာဘ်စားတဲ့နေရာမှာ လူပြောသူပြော များပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်တော့ လမ်းကို တခြမ်းပဲခင်းပြီး အလျှော့အတင်းလုပ်လို့ “လမ်းတခြမ်းခင်း အောင်သိန်းလင်း” ဆိုပြီး အမည် တွင်သွားပါတယ်။


11 comments :

  1. Anonymous said... :

    စာမတတ်တဲ့ အရူးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်လို ဖြစ်တော့မှာပဲ။ လက်ရှိအားဖြင့် ကျွတ်ကျွတ်အိတ်သုံးစွဲတာကို ပိတ်ပင်တာဟာ အတုမရှိ အရမ်းကောင်းတဲ့ ဥပဒေကြီးပါပဲ။ ဒါပေမယ့် လက်ရှိအားဖြင့် ကျွတ်ကျွတ်အိတ်ဆိုတာ လူတွေအတွက် အရမ်းအသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကို ဟေ့ .. အဲ့ဒါ မသုံးရဘူးကွ လို့ အရူးဥပဒေတွေ ထုတ်ထုတ်ပြတတ်တဲ့ အာဏာရှင်အစိုးရ လို တားမြစ်တာဟာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူး။ မှန်ကန်တဲ့ ဖြေရှင်းနည်းတွေက မြို့တော်စည်ပင်က အမှန်တကယ် အလုပ်လုပ်ဖို့။ အမှိုက်သိမ်းဖို့၊ အမှိုက်ပုံတွေကို နေရာအနှံ့ထားပေးဖို့။ အမှိုက်ပြစ်ရင် ကျွတ်ကျွတ်အိတ်ကို ခွဲပြစ်ဖို့ အမှိုက်ပုံးထားဖို့။ စတဲ့ basic infrastructure က အရေးအကြီးဆုံးပါ အရူးတွေ အုပ်ချုပ်တဲ့ အစိုးရရေ။ ဒါမှ နောက်တစ်ဆင့် 4 R တို့ကို ပညာပေးလို့ရမယ်။ အမှန်တကယ်ဖြေရှင်းရမှာက အာဏာရှင်တွေလုပ်လေ့လုပ်ထရှိတဲ့ ပိတ်ပင်သည် လို့ လုပ်လို့မရဘူးကွ။ government က basic infrastures တွေကို public services တွေကို အမှန်တကယ် လုပ်ပေးဖို့ကွ။ နလဘိန်းတုန်း အစိုးရကြီးရေ။ ပြောရတာလဲ မောနေပြီ။ နှစ်နှစ်ဆယ်တောင် ပြောလာတာ ကျွဲပါးစောင်းတီး ပါပဲဗျာ။ အခုအစိုးရသစ်ကလဲ ဘာမှ မပြောင်းလဲဘူး။ မြေခွေးဟာ သိုးဝတ်ရုံကို ခြုံထားလဲ မြေခွေးပါပဲ။

  1. Anonymous said... :

    ခဏပါ ....
    သပ်မကြာခင် အရင်လိုဘဲ ဖြစ်မှာပါ ။ မြို့တော်ဝန်က အသစ်ဆိုတော့လဲ နဲနဲတောံ လူရှိန်အောင်လုပ်ပြမှာပေါ့ ။ နောက်တော့ လဲ အရင်အတိုင်း... ဆိုသလိုပါဘဲ ။ အချိုမှုန့် တုန်းကလဲ ဒီလိုနဲ့နောက်တော့ ပြီးသွားတာပါဘဲ ။ မြို့တော်ကို တစ်ကယ် စည်ပင်စေချင်ရင် Bus တွေ မြို့ပတ်တွေ အရင် နိုင်ငံတစ်ကာ အဆင့်မဟုတ်တောင် ထိုင်းလောက်တော့ အဆင့်ရှိအောင်လုပ်ပါဦး ။ ဆရာလှမြင့် က ဂျပန် သံအမတ်ကြီးတောင် တာဝန်ယူခဲ့တာဘဲကို ။ နောက်ပြီး တစ်ခု ဖွပါရစေ ။ ကြွတ်ကြွတ်အိတ်ထက့်ဆိုးတာ PVC ရေပိုက်တွေပါ ။ နိုင်ငံတစ်ကာမှာတော့ ရေဆိုးနဲ့ စွန့်ပစ်ပစ္စည်း ထုတ်တဲ့နေရာဘဲ သုံးတာလေ။ မြန်မာပြည်မှာတော့ ရေသန့်ပိုက်တွေအဖြစ်သုံးနေတာကိုး ။ သူက နေရောင်တို့ အပူတို့နဲ့တွေ့ရင် အာဆင်းနစ်လိုမျိုးအဆိပ်ထွက်တတ်ပါသတဲ့ နားလည်သူများ ဆွေးနွေးပေးကြပါဦးဗျ.....

  1. Anonymous said... :

    electronic ပုဒ်မလိုမျိုး plastic ပုဒ်မများပေါ်လာဦးမယ်ထင်တယ်
    တော်ကြာ ကိုနေမျိုးဇင်မိသားစု ထောင်ဝင်စာတွေ့စဉ် စားသောက်ဖွယ်ရာများအား ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ယူလာသောကြောင့် plastic ပုဒ်မအရ အရေးယူ ....စသဖြင့်ပေါ့လေ ထွက်လာမှ ဒုက္ခ
    ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးမှာ ရှေးမူမပျက် ဖက်နဲ့ပြန်ထုပ်ကြတာပေါ့

    May 9, 2011 3:13 PM

  1. Anonymous said... :

    ဒီမက်သပ်က..ဖိနပ်ကသေးနေပြီး.. .ခြေထောက်ကကြီးနေလို့
    .ပိုနေတဲ့ .ခြေထောက်အသားကို ကိုဖြတ်ပစ်ပြီး စီးလို့ရအောင်
    လုပ်လိုက်တာပါပဲ..ခေါင်းတော့ပြေးတယ်နော်....ခေမှတ်လို့..ဂျပန်သံအမတ်ဟောင်းဆိုပဲ ....ဘတ်သီး..မလင်းဘူးနော်...

  1. Anonymous said... :

    ကောင်းပါ့။ ကျွတ်ကျွတ်အိတ်မရှိတော့ မြန်မာ့နည်းမြန်မာ့ဟန် ဖက်နဲ့ပဲထုပ်ကြတာပေါ့။ environmentally friendly ဖြစ်တာပေါ့ :P

  1. Anonymous said... :

    ကြွပ်ကြွပ်အိတ်စီမံချက်က မန်းလေးမှာလည်းလုပ်နေတာကြာပါပြီး အောင်မြင်သင့်သလောက်အောင်မြင်ပါတယ်။ ထိုင်းလိုနိုင်ငံမျိုးမှာ တောင် အဲဒီစီမံချက်မျိုးမ၇ှိသေးပါဘူး အဲဒီစီမံချက် အတွက်တော့ ကြိုဆိုပါတယ်

  1. Anonymous said... :

    အရည်အချင်းမရှိ ချီးထုပ်လောက် တန်ဖိုးမရှိသူတွေ အုပ်ချုပ်နေတယ် ဆိုတော့ တိုင်ပြည်ကတော့ ပျက်ပြီးပေါ ကြွပ်ကြွပ်အိတ် ပြဿနာကိုတောင်မှ ကောင်းကောင်းမဖြေရှင်နိုင်တဲ့ ဦးနှောက်မရှိတဲ့သူတွေပါ

  1. Anonymous said... :

    အဲဒီလောက်ဦးနှောက် မရှိတဲ့လူတွေကို ဒေါ်စုကြည်က တိုက်နေတာ အနှစ် 20 ကျော်ပြီး မနိုင်သေးဘူးဆိုတော့ ဒေါ်စုကြည်ရဲ့ ဦးနှောက်အဆင့်အတန်းကို ခန့်မှန်းကြည့်လို့ရပါတယ်။

  1. Anonymous said... :

    Hey fool, Daw Su is fighting fairly and those brainless fighted,fighting and will fight unfairly.
    Dont u know it. If u dont know it u should not write in here. Foolish and Brainless man.

  1. Anonymous said... :

    နအဖ/အခုအစိုးရ ဦးနှောက်မရှိတာနဲ့ လူထုရဲ့ အမေစု လုပ်နေတာနဲ့ ဘာမှမဆိုင်ပါ။ ဒေါ်စုက တိုက်နေတာ မဟုတ်ပါ။ ဒေါ်စုရဲ့ ရည်မှန်းချက်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ အာဏာရှင် စစ်ဘုရင်တွေနဲ့ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေကြားနဲ့ လူအခွင့်အရေးအတွက်ကို အကြမ်းမဖက်နည်းနဲ့ ရအောင်ဆောင်ရွက်နေတာပါ။ အထက်ကလူပြောတဲ့အတိုင်း "တိုက်နေတာ" လို့ ပြောလိုက်တာနဲ့ ခင်ဗျားဟာ စစ်တပ်ရဲ့ ဝါဒမှိုင်းတိုက်ခံထားရတဲ့/ အကြောင်းစုံကို သုံးသပ်နားလည်နိုင်စွမ်း မရှိတဲ့ လူလို့ ကျွန်တော်သုံးသပ်ရမှာပါပဲ။

  1. Anonymous said... :

    ကြွပ်ကြွပ်အိတ်ကို ရာခိုင်းနှုန်းလျှော့သုံးသင့်ပါတယ်။ လုံးဝမသုံးရ ဆိုပြန်လည်း မဟုတ်သေးပါဘူး။အလွန်အကျွံ သုံးလည်းမဖြစ်ပြန်ရော။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved