![](http://4.bp.blogspot.com/-HerMNgoIGww/TcPJaeQZ0TI/AAAAAAAABqA/SvuVNa19G38/s400/Hla%2BTun.jpg)
သမ္မတ ဦးသိန်းစိန်ရဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းကို မေလ ၅ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၄၄ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲမှာ တွေ့ရပုံပါ (မြန်မာဝန် ဘဏ္ဍာရေးဝန်ကြီး စစ်စစ်ပါ၊ မယုံ လက်စွပ်တွေကြည့်)။ တရုတ် ဒု ဘဏ္ဍာရေး ဝန်ကြီး လီယောင်ရဲ့ အနောက်နားကပ်ပြီး အိနြေ္ဒမရ ချွေးပြန်နေတာကတော့ ဘာကြောင့်လဲဆိုတာ မသိပါဘူး။ Reuters သတင်းထောက်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
![](http://2.bp.blogspot.com/-aGXsHrMtWrE/TcPJlNNo99I/AAAAAAAABqI/lqMHFVIqSOI/s400/Finance%2BMinister%2BHla%2BTun%2Bwipes%2Bhis%2Bface%2Bas%2Bhe%2Bstands%2Bbehind%2BChina%2527s%2BDeputy%2BFinance%2BMinister%2BLi%2BYong%2Bduring%2Ba%2Bphoto%2Bsession%2Bwith%2Bother%2Bgovernors%2Bopening%2Bceremony%2Bof%2Bthe%2B44th%2Bannual%2Bmeeting%2B%2BADB%2Bin%2BHanoi%2BMay%2B5%2BReuters.jpg)
ဒီပုံကိုတင်တာ ကျင့်ဝတ်နဲ့ မညီပါဘူး။ အခြားနိုင်ငံက ၀န်ကြီးတွေ ချွေးသုတ်တာရှိရက်နဲ့ ဘာကြောင့် မြန်မာဝန်ကြီး လုပ်တာကိုမှ ကွက်ပြီးတင်ထားရတာလဲ။ အခမ်းအနားတွေမှာ ဒီမိုကရေစီအင်အားစုတွေ ဘက်က ချွေးသုတ်တာရှိရင်ကော ဓါတ်ပုံရိုက်တင်ပြီး အိနြေ္ဒမရ ချွေးပြန်နေပါတယ် လို့ဘာလို့ မရေးတာလဲ။
သူ့ကို ဆန့်ကျင်ဘက်ဆိုတဲ့ အမြင်ထက် မြန်မာလူမျိုးတစ်ယောက်လို့ မြင်ပေးသင့်ပါတယ်။
ငါ့ပါတီ ငါ့အင်အားစု ဆိုတဲ့ အစွဲထက် ငါ့နိုင်ငံ၊ ငါ့လူမျိုးဆိုတဲ့ တန်ဖိုးကို ရှေ့တန်းတင်ပြီး အလုပ်လုပ်သင့်ပါတယ်။