အာရှဝန်ကြီးတွေ အကြား ချွေးပြန်နေတဲ့ မြန်မာ ဘဏ္ဍာရေး ဝန်ကြီး
Friday, May 6, 2011
သမ္မတ ဦးသိန်းစိန်ရဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းကို မေလ ၅ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၄၄ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲမှာ တွေ့ရပုံပါ (မြန်မာဝန် ဘဏ္ဍာရေးဝန်ကြီး စစ်စစ်ပါ၊ မယုံ လက်စွပ်တွေကြည့်)။ တရုတ် ဒု ဘဏ္ဍာရေး ဝန်ကြီး လီယောင်ရဲ့ အနောက်နားကပ်ပြီး အိနြေ္ဒမရ ချွေးပြန်နေတာကတော့ ဘာကြောင့်လဲဆိုတာ မသိပါဘူး။ Reuters သတင်းထောက်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
39 comments :
  1. အောင်ထွန်း said... :
    ဒီပုံကိုတင်တာ ကျင့်ဝတ်နဲ့ မညီပါဘူး။ အခြားနိုင်ငံက ၀န်ကြီးတွေ ချွေးသုတ်တာရှိရက်နဲ့ ဘာကြောင့် မြန်မာဝန်ကြီး လုပ်တာကိုမှ ကွက်ပြီးတင်ထားရတာလဲ။ အခမ်းအနားတွေမှာ ဒီမိုကရေစီအင်အားစုတွေ ဘက်က ချွေးသုတ်တာရှိရင်ကော ဓါတ်ပုံရိုက်တင်ပြီး အိနြေ္ဒမရ ချွေးပြန်နေပါတယ် လို့ဘာလို့ မရေးတာလဲ။
    သူ့ကို ဆန့်ကျင်ဘက်ဆိုတဲ့ အမြင်ထက် မြန်မာလူမျိုးတစ်ယောက်လို့ မြင်ပေးသင့်ပါတယ်။
    ငါ့ပါတီ ငါ့အင်အားစု ဆိုတဲ့ အစွဲထက် ငါ့နိုင်ငံ၊ ငါ့လူမျိုးဆိုတဲ့ တန်ဖိုးကို ရှေ့တန်းတင်ပြီး အလုပ်လုပ်သင့်ပါတယ်။
  1. Anonymous said... :
    ဟုတ်ကဲ့ အပေါ်က ကော်မန့်ပေးသူခင်ဗျား ... Reuters သတင်းဌာနလို့ ခရက်ဒစ် တွေ့ပါတယ်။ Reuters ဘာအဆင့်လဲ သိမှာပေါ့ ...
  1. Anonymous said... :
    Reuters ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အစဉ်အလာရှိတယ်ဆိုတိုင်း လုပ်ချင်ရာလုပ်လို့ မရပါ။ သူ့လုပ်ငန်းနှစ်တွေကြာလာလို့ အစဉ်အလာရှိတယ်လို့ထင်ရတဲ့ဟာတွေ အဲလိုသာ လုပ်ချင်တိုင်းလုပ် ဘာလုပ်လုပ် တင့်တယ်တယ် ဖြစ်နေရင် ခက်ရချေရဲ့။
    ကျေးဇူးပါ။
  1. မီးပျက်လို့ အဲယားကွန်းများမရတာများလားဗျာ၊ကိုယ့်နိုင်ငံတော် ဝန်ကြီးကိုမှိုချိုးမျှစ်ချိုးမပြောပါနဲ့၊သနားပါတယ်။
  1. Anonymous said... :
    Oh Ok! He is Hla Tun & You are Aung Tun.
    Is it your daddy?
    Whenever dealing with this type of govt no need to be ethical.
    OK! understood?
  1. Anonymous said... :
    ကျက်သရေမရှိတဲ့ ၀န်ကြီးစုတ်ကို ပြောသာပြော အမှန်ကိုပြောတာဘဲ
    အရည်အချင်းမရှိ. ပြည်သူ ဘဏ္ဌာကို ခိုးစား. အာဏာရှင်တွေရဲ့ အလို့တော် ရိတွေ အခြားနိုင်ငံ ၀န်ကြီိးများအလယ်မှာ ကြောက်ချီးပါပြီး ချွေပြန်နေတာ သေချာတယ်
  1. Anonymous said... :
    အားလုံးကောင်းပါတယ်...ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့....
    မြန်မာပြည်.ကို..ကိုယ်စားပြုတက်ရောက်တာဆိုတော့..
    ရုပ်ဆိုးသွားတာပေါ့....
    မြန်မာလူမျိုးကိုတော့...အထင်မသေးစေချင်ပါဘူး..
    ဘယ်နိုင်ငံပဲ..ရောက်နေနေ..ပေါ့...
    :)
  1. Anonymous said... :
    Hay !အောင်ထွန်း
    Is it your step-father?
    Don't say like this.
    look his behaviour. everyone knows that he is classless.
    You are so stupid အောင်ထွန်း
  1. Anonymous said... :
    ချွေးသုတ်တာ ရိုးရိုးမဟုတ်တာတော့ သေချာသလောက်ပဲဗျ၊ မျက်လုံးတွေကြည့်ရင်သိသာတယ်၊ တစ်စုံတစ်ရာကို စိုးရွံ့နေတဲ့ သဘောပေါ်လွင်နေတယ်၊ ကိုယ်ကျင့်တရားဖောက်ပြန်ထားတဲ့သူများ ပရိတ်သတ်အလယ်ရောက်ရင် ဖြစ်တတ်တဲ့ လက္ခဏာမျိုးပဲ၊ (အရာရှိပီပီ ခိုးဖူးထားမှာတော့ သေချာတယ်နော်....)
  1. Anonymous said... :
    ကန်တော.ပါ...အမြင်မတော်လို့ဝင်ပြောမိတာပါ..၀န်ကြီးဘောမနေသူများ..
    ငါ့မြန်မာလူမျိုးတွေကိုချစ်တယ်..ဒါပေမယ့်မြန်မာဝန်ကြီး ကိုအထင်မကြီးတာ
    သူ.ဖာသူအီး ၃ ရက်မပါရသေး..English လိုမပြောတတ်...နိုင်ငံမှာ
    ဘဏ္ဍာ ဘယ်လောက်ရှိမှန်းမသိလို့ချွေးပြန်နေတာ..
    မင်းမကြိုက်ရင်လာမဖတ်နဲ.ပေါ.ကွ...မင်းတို.အဘတွေဘဲတချိန်လုံးဒီမိုကရေစီအော်နေတာ..
    ခုမင်းဟာက နာလဲနာတယ်ကောင်းလဲကောင်း..နာကောင်းခံ
    လဒူသိရိ၊ ဒုက္ခ သိရိ.. ဏေပြီဒေါ်
  1. Anonymous said... :
    မှန်ပါတယ်ဗျာ..အားလုံး....
    ဒါပေမယ့်နကိုကမှ....
    မြန်မာဆိုရင်..အထင်သေးချင်ကြတာ..
    မြန်မာလူမျိုးကိုတော့အထင်မသေးစေချင်ပါ....
    ဘယ်နိုင်ငံ..ပဲ..ရောက်နေနေ.....ပေါ့ဗျာ...
  1. Anonymous said... :
    ဘာလဲကွာ အောင်ထွန်း ...အဲဒီဝန်ကြီးက မင်းဘကြီးမို့လို့လားအပြောမခံနိုင်ရင် ဝန်ကြီးမလုပ်နဲ့ ဒီမိုနိုင်ငံတွေက ဝန်ကြီးတွေ ဒီထက်ပိုးစိုးပက်စက်တောင်အပြောခံရသေး ဓါတ်ပုံလေးတင်တာနဲ့ နာနေလိုက်ကြတာ ...မင်းတို့ကောင်တွေကွာ..တကယ်ဘဲ မပြောချင်ဘူး ဘာကောင်တွေမှန်းမသိဘူး...ဒီမိုဖက်က လူတွေကို ဖဲ့တာတော့ မင်းမဖတ်ဘူးလို့နေမှာပေါ့...ဖတ်ချင်ရင် သွားဖတ် ၈၈၈၈ လုံး ဂျာနယ်တို့ ဘလော့တွေမှာတပုံကြီး..မင်းကွာ ဘာမှ မသိဘဲ မင်းအဖေထိမှ ထဟောင်ရတယ်လို့...ငပေါ
  1. Anonymous said... :
    Honest men are always not like that. When I look this finance minister Hla Htun's photo he is not just like honest man. He feels just like very shameful person. I don't know exactly why he is happening like that. I think he might steal alot of our country's money. Because Dog Than Shwe has appointed this person. So he has already adopted all of Dod Than Shwe's heritages.
  1. Unknown said... :
    အဲ့ဒိနွားတွေကို ပြောလို့ကတော့ ဘယ်လိုပြောပြော ကုသိုလ်ရတယ်။ပြောသာပြော။ ဟိုကောင်ကသူ့ကိုသူ ဒီမိုရောင်ရောင် ဘာရောင်ရောင်နဲ့သူ့အဖေ ဝန်ကြီးဖတ်က ဝင်နာနေတာ။
  1. Anonymous said... :
    ကိုအောင်ထွန်း (ပထမဆုံး comment ပေးသူ) ခင်ဗျား .. ငါ့လူမျိုး .. ငါ့နိုင်ငံဆိုတဲ့ တန်ဖိုးကို ခင်ဗျားထက် ရှေ့တန်းတင်တဲ့ လူတွေပါဗျ .. သူ့ဖက်က ခင်ဗျားနာတယ် .. ဟုတ်လား .. ဒါကို ကြည့်ခြင်းအားဖြင့် ခင်ဗျားဟာ မျက်လုံးစုံပိတ်ခံထားရတဲ့ လူတစ်ယောက်ဆိုတာ ချက်ချင်း အကဲခတ်မိပါတယ် .. ဒါပေမယ့် ခင်ဗျားကို ပြောချင်တာက အခု ဝန်ကြီးလုပ်နေတဲ့၊ သမ္မတလုပ်နေတဲ့၊ စစ်ဗိုလ်ချုပ် လုပ်နေတဲ့ လူတွေထက် ထောင်ကို နှစ် ရာနဲ့ ချီပြီး ကျခံနေတဲ့ ကျောင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက နိုင်ငံ၊ ငါ့လူမျိုးဆိုတဲ့ တန်ဖိုးကို ရှေ့တန်းတင်တယ် ဆိုတာ မြဲမြဲမှတ်ထားပါ။ (စာလေး ဘာလေးဖတ် .. မြန်မာနိုင်ငံ အထဲမှာပဲ မနေနဲ့ .. အပြင်လေး ဘာလေးထွက် .. နိုင်ငံခြား တက္ကသိုလ်လေး ဘာလေး တက်ကြည့်ပါဗျာ .. )
  1. zarmani said... :
    I don't think so ,aung tun is right
  1. Anonymous said... :
    လူအများကြားမှာ တစ်ယောက်တည်း ချွေးပြန်နေတာ စဉ်းစားစရာပဲ ဘော်ဒါ တို.ရယ်။ အပူကလည်း သူ.နောက်ပဲ လိုက်နေတာ ထင်ပါရဲ.။
  1. Anonymous said... :
    သိပ်ချော သိပ်ခန့်တဲ့ ဒို့ဘဘတွေကိုဘာမှ မဝေဖန်ပါနဲ့။ဒို့အစိုးရ ကျန်းမာပါစေ ဒို့အဘတွေ ပျော်ရွှင်ချမ်းမြေ့ပါစေ။ဒို့မြန်မာပြည်ကြီး သာယာပါစေ။ဒို့ပြည်သူတွေ အဖျက်မှောက်သမားတွေရန်မှ ကင်းဝေးကြပါစေ။
    မောင်သန့်ရှင်း
  1. Anonymous said... :
    မြန်မာလူမျိုးတွေကိုအထင်မသေးကြဖို့ ဝန်ကြီးကလက်စွတ်တွေအများကြီးဝတ်ပြထားတာမတွေဘူးလားလက်စွတ်တွေကြွားချင်လို့ ချွေးခဏခဏသုတ်တာနေမှာ
  1. Anonymous said... :
    ကိုအောင်ထွန်း (ပထမဆုံး comment ပေးသူ) ခင်ဗျား .. ငါ့လူမျိုး .. ငါ့နိုင်ငံဆိုတဲ့ တန်ဖိုးကို ခင်ဗျားထက် ရှေ့တန်းတင်တဲ့ လူတွေပါဗျ .. သူ့ဖက်က ခင်ဗျားနာတယ် .. ဟုတ်လား .. ဒါကို ကြည့်ခြင်းအားဖြင့် ခင်ဗျားဟာ မျက်လုံးစုံပိတ်ခံထားရတဲ့ လူတစ်ယောက်ဆိုတာ ချက်ချင်း အကဲခတ်မိပါတယ် .. ဒါပေမယ့် ခင်ဗျားကို ပြောချင်တာက အခု ဝန်ကြီးလုပ်နေတဲ့၊ သမ္မတလုပ်နေတဲ့၊ စစ်ဗိုလ်ချုပ် လုပ်နေတဲ့ လူတွေထက် ထောင်ကို နှစ် ရာနဲ့ ချီပြီး ကျခံနေတဲ့ ကျောင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက နိုင်ငံ၊ ငါ့လူမျိုးဆိုတဲ့ တန်ဖိုးကို ရှေ့တန်းတင်တယ် ဆိုတာ မြဲမြဲမှတ်ထားပါ။ (စာလေး ဘာလေးဖတ် .. မြန်မာနိုင်ငံ အထဲမှာပဲ မနေနဲ့ .. အပြင်လေး ဘာလေးထွက် .. နိုင်ငံခြား တက္ကသိုလ်လေး ဘာလေး တက်ကြည့်ပါဗျာ .. အောင်ထွန်း ငပေါ
  1. Anonymous said... :
    freedom of speech ....freedom of press.
  1. Pyi Chi Thar Kaung said... :
    အခုအစိုးရဘာလဲ အခုသမ္မတဘာလဲ အခုဝန်ကြီးတွေဘာလဲဆိုတာ ပြောဖို့ အချိန်စောသေးတယ်။ နှစ်လတောင်မပြည့်သေးတဲ့ အချိန်ဟာ ဘယ်နိုင်ငံအစိုးရသစ်မဆို ခေါင်းကိုက်တဲ့ အချိန်တစ်ခုပါ။ လူဟောင်းတွေချည်းပြန်ပါတယ်ဆိုပေမယ့် လူသစ်အနည်းငယ်နဲ့  ပြောင်းလဲလာတဲ့ မူတစ်ချို့ ကိုတွေ့ မြင်ရပါတယ်။ မကောင်းတဲ့ သူကို ရှုံ့ ချမယ် ကောင်းတဲ့ သူဆိုရင် အားပေးမယ်။ အသုံးမကျတဲ့ အစိုးရလို့ ပြောဖို့ ခုချိန်ကတော်တော်လေးစောနေပါသေးတယ်။ နောက်တစ်နှစ်လောက်တော့ မျှော်လင့်ချက်နဲ့ ဖြစ်စေ မျှော်လင့်ချက်မပါဘဲနဲ့ ဖြစ်စေ စိတ်နာနာနဲ့ ဖြစ်စေ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
  1. Anonymous said... :
    အိနြှေူမရ ချွေးပြန်နေတာ ဘာကြောင့်လဲမသိဘူးဆိုတဲ့ လူနဲ့.. ဘာကြောင့်ညာကြောင့် နေမှာပေါ့ဆိုတဲ့ ကော်မန့်ပေးသူတွေကြည့်ပီး ရီချင်မိပါရဲ့.. ဒါဆို အိနြှေရပီး ချွေးမပြန်ရင်ပဲ မှန်တာလုပ်သလိုလိုပေါ့လေ.. ဟားဟား.. ဒါဆိုရင်တော့ အဲဒီပုံနှစ်ပုံကလွဲလို့ မြန်မာဝန်ကြီးဟာ အိနြှေတွေအပြည့်နဲ့ ရှိနေပုံကြည့်ပီး ရိုးသားလိုက်တာဟလို့ လက်ခုပ်လက်ဝါး တီးကြပါဗျား..
  1. Anonymous said... :
    ဘယ်သူဘာပြောပြော အခုဝေဖန်ထားတဲ့သူတွေ အဲ့ဒီနေရာကို အရင်ရောက်အောင် မင်းတို့အစွမ်းရှိသလောက်
    လုပ်ပြကြစမ်းပါအုံး .. ဥပမာများများမပြောဘူး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ ငါဘယ်နေရရောက်နေလည်းလို့
  1. Anonymous said... :
    ကိုအောင်ထွန်းပြောတာကိုလက်ခံနိုင်ပါတယ်။ ဒီမိုနိုင်ငံကိုဦးတည်နေတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ ကိုယ်လိုရာပဲမဟုတ်ပဲနဲ့မျှမျှတတတွေးပေးနိုင်တဲ့အလေ့အကျင့်ရှိသင့်ပါတယ်။ ဒီပုံကတော့ သူမြန်မာနိုင်ငံဝန်ကြီးမို့ ဒီလောက်အပြစ်ရှာဖော်ပြခံရတာ လို့မြင်ပါတယ်။တခြားဝန်ကြီးတွေလဲ နှာချေ မျက်နှာ သုတ်တာလောက်တော့လုပ်
    ကြမှာပါပဲ။
  1. အောင်ထွန်း said... :
    လောကမှာ အမှားနှစ်ခုထပ်လို့ အမှန်ဖြစ်မလာပါဘူး။ စစ်အစိုးရ လုပ်ခဲ့တာတွေ မှားလို့ ငါတို့လဲ ပြန်မှားခွင့်ရှိတယ်လို့ ထင်နေရင် အမှား သံသရာထဲက ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ပါ။ နောက်ပြီး မြန်မာလူမျိုးမှန်ရင် စစ်အစိုးရလူဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အတိုက်အခံဘက်ကပဲ ဖြစ်ရမယ်လို့ ဘာကြောင့် တရားသေမြင်ထားကြရတာလဲ။ သူ့ဖက်ကလိုက်ပြီး ပြောမိတာနဲ့ သူ့လူဖြစ်ရရောလား။ မျက်စိမှိတ်ထားတဲ့သူဖြစ်သွားရောလား။
    ကျွန်တော် လက်ရှိ (တရုတ်၊ရုရှားမဟုတ်တဲ့)ပြည်ပမှာ ကျောင်းတက်နေတဲ့သူဖြစ်ပါတယ်။
  1. ttogsd said... :
    လက်စွတ်တွေကြွားချင်လို့ ချွေးခဏခဏသုတ်တာနေမှာ
  1. Anonymous said... :
    နေဝင်း ခေတ် ထဲ က အ ကြောင်း သတိ ရ တာ ရှိ တယ် Mainထဲ မှာ ဆန္ဒ ပြ ကြ တော့ ကျောင်း သား တစ် ယောက် က တ ရား ဟောစင်မြင့်က နေ သတင်းစာ မှာရေးတယ် လုံ ထိန်း က ရီမင်တန် ပြောင်း ချောနဲ့ ဒူး အောက်ကို ပစ် တယ် ကို ဖုန်းမော် ကရင် ဘတ် ကို ထိတော့ ကို ဖုန်း မော က လေး ဖက် ထောက် သွား နေ လို့ လား တဲ့ ဒီ တော့ အောက် က လဲ ဝမ်း ပန်း တ သာ နဲ့ လက် ခုတ်တီး အား ပေး
    ဒီ တုံး က အ သက် (၂၀) ကျော် တွေ လေ ဆို ပြီး အ ခု ပြန် တွေး မိရင်ရင်နား လည် ပေး နိုင် ကြ တယ်
    အ ခု ၈၈၈၈ ကို ပြန် တွေး ကြည့် ရင် နှစ် (၂၀) ကျော် ခဲ့ ပြီ ဒါ ပေ မဲ့ ကို မ လို လား သူ ကို သေ သေ ချာ ချာ ထောက် ပြ ဝေ ဖန် တာ မ တွေ့ Singapore မှာ ဦး သိန်း စိန် နဲ့ တူ သူ ဖိနပ် တိုက် နေ တယ် တို့ ဝန် ကြီး ချွေး ပြန်ပြန်နေ တယ် တို့ နဲ့ ဘဲ လူ ဗိန်း ကြိုက် သွား နေ ကြ တုံး စိတ် မ ကောင်း ဖူး အ ရင် က အ သက် စွန့် ခဲ့ သူ တွေ အ တွက်
  1. Anonymous said... :
    aung tun is right ....
  1. Anonymous said... :
    ...stupid first guy...comment
    that's why....
    i thought brain wash can't cure
  1. Anonymous said... :
    ယုန်လေးနှာစေးနေတာပါ..အစ်ကိုတို့ရယ်..အကြီးကြီးမတွေးပါနဲ့..
    ဘဘ..တွေက..ဘာမှ..မပြောမဆိုနဲ့ဆိုလို့ပါ...
  1. Anonymous said... :
    Relax! All right...
    Nothing wrong with you all..
    Reuters Photographer done his job.
    News Agency did post news/photo..
    Irrawaddy shared this to all of us..
    May be fighting each others(on this post)is doing your job.
    Fight...but not too much..
    :-) Happy Weekend to all!
    Sweating mm minister: He might be stressful or not-feeling-well or environmental-effect.
    http://maridup.wordpress.com/2010/12/24/10-tugas-rakyat/george-bush-sweating/
  1. ဗဟန်း said... :
    သတိထားမိကြလားမသိဘူး..ကျုပ်တို့ ဗမာဗိုလ်ချုပ်တွေ-ဗိုလ်ချုပ်ဟောင်းတွေ- ၀န်ကြီးဝန်ကြက်တွေ အကုန်လုံး--လူပုံအလယ်မှာ ခေါင်းသာ စိုက်စိုက် စိုက်စိုက်ရှိရင်သာရှိ မယ်.. အဆောင်လက်စွပ်တွေကတော့ ပြူးနေတာဘဲဗျို့.. မယုံရင် ပုံဟောင်းတွေအကုန်ပြန်ကြည့်ကြည့် .. ဗိုလ်သန်းတို့ ဗိုလ်အေးတို့ ကိုလည်းကြည့်..ပြုတ်သွားငြောင်းသွားတဲ့ ဗိုလ်ချုပ်တွေလည်းကြည့်... ဂိန်ချိန်ရောက်ရင် ဂိန်ရတတ်တယ်.. ရှောင်လွှဲလို့မရဘူး.. အဆောင်လက်စွပ်တွေ လဲ မကယ်နိုင်ဘူး..ကျုပ်တို့မကြာခင်မှာ လောကဓံရဲ့ အရိုက်အခတ်ဒဏ် ကိုသရုပ်ပေါ်စေမဲ့ ပွဲကောင်းကြည့်ရလိမ့်မယ်..အဲဒီတော့မှ..ငါပြောတာမှန်တယ်မလား ဆိုပြီး ကြွေးကြော် ကြတာပေါ့....
  1. Anonymous said... :
    ဒီပွဲမျိုးက ရုပ်တည်နဲ့ လုပ်စားလို့မရဘူးဆိုတာ..နဖူးတွေ့ ဒူးတွေ့ပေါ့ဗျာ..သနားလိုက်တာ...ရုပ်ပျက်ဆင်းပျက်ပဲ..နောက်မဖြစ်စေနဲ့နော်..လိန်ပြန်ပေါ်မှာ မီနင်း မကျက်ခဲ့ဘူးထင်တယ်..
  1. အညာသားလူလည် said... :
    ညီလေး အောင်ထွန်းရေ ... မှန်လိုက်လေ၊ အမေရိကန်သမတလည်း လူပုံအလည်မှာ ချွေးသုတ်တာပါပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ ဆရာ ချွေးသုတ်ပုံက၊ သေခါနီးလူ ဇောချွေးပြန်လို့ သုတ်နေရတဲ့ ပုံဖြစ်နေတော့၊ ဓါတ်ပုံဆရာက မိအောင်မှတ်တမ်း တင်ထားရဒါပေါ့ဗျာ။ ဓါတ်ပုံဆရာက သိပြီသားပါ၊ မြန်မာပြည်က တရားမဝင်ကိုယ်စားလှယ်တွေ လာရင်၊ ဒီလိုပဲ လာပြီး ချွေးထုတ်၊ ချွေးသုတ်နေကြ ဆိုဒါ ..။ ကဲ ညီလေးရေ ... ရ,ဒါလေးနဲ့ဝ,အောင်စားပြီး စိတ်ရှည်ရှည်ထားပါ။
  1. Anonymous said... :
    မီဒီယာသမားတွေရဲ့ အလုပ်ကိုက ဘာဖြစ်ဖြစ် မှတ်တမ်းတင်မှာပဲ.။ ကိုယ်ကိုယ်တိုင်က လူပုံအလယ် မီဒီယာရှေ့ထွက်လာပြီးဆိုရင် အစစအရာရာ ကိုယ်၊ နှုတ် အမူအယာ စောင့်စည်းရမှာပဲ..။ မီဒီယာသမားတွေကို ကျင့်ဝတ်မညီဘူးလို. ပြောလို.မရဘူး။ သူတို. အရှိကို အရှိအတိုင်း မှတ်တမ်းတင်နေတာပဲ..။ ဘာမှ လုပ်ကြံဖန်တီးတာမပါဘူး..။ အထူးသဖြင့် မြန်မာနိုင်ငံကို သူများက စိတ်ဝင်စားနေတော့ အနေအထိုင်မတတ်ရင် မှတ်တမ်းတင်ခံရမှာပဲ..။ ကိုယ့်နိုင်ငံနဲ. လူမျိုးအတွက် ပိုပြီး ကိုယ်၊ နှုတ်အမူအယာ စောင့်စည်းဖို.လို.တယ်။ အမူအယာ အက်တင်ကောင်းကောင်းလိုချင်ရင် မြန်မာ့ရုပ်မြင်သံကြားတို.၊ အစိုးရသတင်းစာတို.က ပုံတွေ သွားကြည့်၊ အဲဒီမှာ အမှန်တကယ် လူကြီးတွေ စိတ်လွတ်ကိုယ်လွတ်နေတဲ့ပုံ မပါဘဲ အက်တင်ကောင်းကောင်းပုံလေးတွေကို ရွေးပေးထားတယ်..။
  1. ရွှေနိုင်ငံသား said... :
    သတင်းထောက်ကလဲ သူမြင်တဲ့အတိုင်းရိုက်တယ်။ တင်တဲ့သူကလဲ အဟုတ်ကို အဟုတ်အတိုင်းတင်တယ်။ အခမ်းအနားတစ်ခုမှာ ဝန်ကြီးတစ်ယောက်ချွေးသုတ်တာ အထူးအဆန်းမဟုတ်ပေမယ့် သူ့ မျက်နှာမှာက လူတောမတိုးသလိုမျိုး၊ တစ်ခုခုစိုးရွံ့ နေတဲ့ မျက်နှာပေးမျိုးဖြစ်နေတာကို ကြည့်သူတိုင်းသိကြမှာပါ။ အဲဒါက အဓိကပြောစရာ အချက်ဖြစ်နေတာပါ။ မိမိကိုယ် မိမိ အရည်အချင်းရှိတယ် မှန်ကန်တယ်လို့ ယုံကြည်တဲ့သူတစ်ယောက်ဟာ အဲဒီလိုပုံစံမျိုးရှိမယ် မထင်ပါဘူး။ ဒီလိုဓါတ်ပုံမျိုးတင်တာ နိုင်ငံတကာမီဒီယာမှာ အများကြီးရှိနေတာပဲ။ အမေရိကန်သမ္မတအိုဘားမားတောင် အခမ်းအနားတစ်ခုမှာ ဓါတ်ပုံစုရိုက်ဖို့ နေရာယူတော့ သူမျက်လုံးက ဘေးက အမျိုးသမီးတစ်ယောက်ရဲ့ နောက်ပိုင်းကို ကြည့်နေတာကိုတောင် သူတို့မီဒီယာတွေမှာ ဖော်ပြကြသေးတာပဲ။ ဒါပေ့မယ် အိုဘားမားက အရည်အချင်းရှိတဲ့သူ ဂုဏ်သိက္ခာရှိတဲ့သူဖြစ်တဲ့အတွက် သူ့ ကိုနှာဘူးလို့ ဘယ်သူမှ မကောင်းမပြောကြဘူး။ မတော်တဆ မျက်စိရောက်သွားတယ်လို့ပဲ မြင်ကြတယ်။ ကောင်းတဲ့သူကို အကောင်းဘက်က ပိုမြင်ကြသလို မကောင်းတဲ့သူကိုလည်း မကောင်းတဲ့ဘက်က ပိုမြင်တတ်ကြတာ သဘာဝပါ။ မြန်မာဝန်ကြီးတွေထဲမှာ အရည်အချင်းရှိတဲ့သူ ကောင်းတဲ့သူဘယ်နှစ်ယောက်ပါမလဲ ဆိုတာကိုတော့ စောင့်ကြည်ကြအုန်းမယ် ထင်ပါတယ်။
  1. Anonymous said... :
    လူဆိုတာ ဘယ်နိုင်က လူဘဲဖြစ်ဖြစ်။ ဘယ်လိုရာထူးမျိုးရှိတဲ့ လူဘဲဖြစ်ဖြစ် သူတောင်းစားဘဲဖြစ်ဖြစ် လူတွေအားလုံဟာ လူလိုဘဲကျင့်တယ်။
    အခုဝန်ကြီးလဲ လူဘဲဖြစ်တဲ့ အတွက် လူလိုဘဲ ချွေးပြန်တာမဆန်းပါဘူး၊
    ဒါပေမဲ့ သတင်းသမားအလုပ် ကဘာကြောင့်ချွေးပြန်နေတယ်ဆိုတာ ပြည်သူကိုတင်ပြပေးရမှာဖြစ်တယ်၊ ဇောချွေးလား။ ကြောက်ချွေးလား။ ဘာချွေးလဲဆိုတာ တင်ပြနိုင်ပါစေ၊
  1. Anonymous said... :
    ကိုအောင်ထွန်းပြောတဲ့ "မြန်မာလူမျိုးမှန်ရင် စစ်အစိုးရလူဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အတိုက်အခံဘက်ကပဲ ဖြစ်ရမယ်လို့ ဘာကြောင့် တရားသေမြင်ထားကြရတာလဲ။" ဆိုတာကို ပြန်မရေးချင်ရင်လဲ ပြန်ရေးပေးလိုက်ပါတယ်။ တရားသေ မမြင်ပါဘူး။ ဟိုလိုလို ဒီလိုလို ဟိုယောင်ယောင် ဒီရောင်ရောင် ယောင်ခြောက်ဆယ်လို့ပဲ မြင်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာလူမျိုးတော်တော်များများဟာ အဲ့လိုပဲ ကြားနေဝါဒ သုံးခဲ့လို့ မတိုးတက်တာပါ။ ရည်မှန်းချက် ရည်ရွယ်ချက်က မပြတ်သား။ ခံယူချက်က မရှိ။ အဲ့လို ဖြစ်ခဲ့လို့ပါ။ အမှန်တကယ် ရဲ့ရင် ပြတ်သားခဲ့တဲ့နိုင်ငံတွေက အခု ကမ္ဘာမှာ တိုးတက်နေပါပကော။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved