ငွေရှာနည်းသစ် ဖြစ်မည်လော

Monday, June 13, 2011

မနေ့က ကြေးမုံသတင်းစာမှာ ပါတဲ့ သတင်း
စောင့်ကြည့်တဲ့အလုပ် လုပ်မလား။
သတ်မှတ်ချက်အတိုင်းသာ ဆုကြေး ပေးမယ် ဆိုရင်တော့ နေ့စဉ် ၀င်ငွေ သောင်းဂဏန်းတော့ ရမှာပါ။
စောင့်ကြည့်သူမှာ ဗီဒီယို ကင်မရာ တလုံးလောက်တော့ အရင်းအနှီးပြုဖို့ လိုပါလိမ့်မယ်။

မြို့တော် သန့်ရှင်းရေးအတွက် စီစဉ်ထားတဲ့ နည်းလမ်းသစ် ဖြစ်နိုင်ပါတယ်။

4 comments :

  1. Anonymous said... :

    အမှိုက်ပစ်တာ ဒဏ်ရိုက်တာ ကောင်းတာပေါ့နော်..။ လုပ်ငန်းကောင်းလို့စောင့်ကြည့်ရင်း ချောင်းအရိုက်မခံရဖို့တော့ သတိထားရလိမ့်မယ်။ ဘာလို့ဆို အများစုကြီးက စည်းမရှိကမ်းမရှိ ကြိုက်သလို အမှိုက်ပစ်နေကြတာကိုး..။ ဘယ်လိုမဆို အမှန်တကယ်သာ သန့်ရှင်းသွားမယ်ဆိုရင် မဆိုးပါဘူး။ ခုတော့ ကြွက်သိုက်ထဲ ဖြဲနေရသလိုပါဘဲ။ မြို့တော်စည်ပင် က ဒဏ်ရိုက်သလို အလုပ်လုပ်ဖို့လဲလိုမယ်။ ဒဏ်သာရိုက်ပြီး သူကလဲ အမှိုက်ကို နိုင်အောင်မသိမ်းရင်တော့ .. ဂျာအေးသူ့အမေရိုက် ဆိုတဲ့ တေးကဗျာလေး ကို ဆိုနေရသလိုဖြစ်မှာ..။ :)

  1. Anonymous said... :

    ကောင်းပါတယ်။ ကြိုဆိုပါတယ် ။ တစ်ကယ်ဖြစ်မယ်ဆိုရင်ပေါ့လေ။
    လောလောဆယ်တော့ ရန်ကုန်မြို့တော် နေရာတော်တော်များများမှာ စည်ပင်သာယာက ဆောင်ရွက်ရမဲ့ ပြုပြင်ရမဲ့ လိုအပ်ချက်တွေကအများကြီးဘဲလေ ။ အမိန့်တွေလဲထုတ်သင့်တာထုတ် စည်ပင်ကလဲ တစ်ကယ်အလုပ်လုပ်မယ်ဆိုရင်တော့ .........

  1. Anonymous said... :

    အရင်လုပ်ရမှာက ပညာပေး (ကျောင်းကနေစသင်းရမယ်)
    ဒုတိယလုပ်ရမှာက စီပင်သာရက အမှိုက်ပုံလုံလောက် အောင်ထားပါ။
    ဒီလိုမဟုတ်စစ်တပ်အမိန့် လုပ်ရင်းတော့
    ရွာဦးကျောင်းက ကျေးထုသံလို မထင်...မထင်..နဲ့ 

  1. Anonymous said... :

    စည်းကမ်းမဲ့ အမှိုက်မပြစ်ရဘူး ဆိုတော့ စည်းကမ်းရှိရှိ ဘယ်နားပြစ်လို့ရလဲ သိချင်ပါတယ်။ ကျွန်တော်တို့ အမှိုက်တစ်ခါ ပစ်ဖို့အရေး အဝေးကြီး သွားရပါတယ်။ လမ်းတစ်လျှောက် နံစော်နေတဲ့ အမှိုက်အိတ်ကို ပတ်ဝန်းကျင်ကို အားမနာနိုင်ပဲ သယ်သွားရပါတယ်။ ဟိုရောက်ရင်လည်း အမှိုက်ပစ်ချိန် မဟုတ်ရင် မပစ်ရဘူးတဲ့ လာသေးတယ်။ စည်ပင်က အချိန်မှန်သာ လာမသိမ်းတာ အမှိုက်ပစ်တု့ သူကိုတော့ အချိန်မှန်မှ လက်ခံတယ်။ လုပ်ပေါက်က အဲလို။ အမှိုက် အမျိုးအစားကလည်း ခွဲသေးတယ်။ မီးဖိုချောင် အမှိုက်ပဲ ပစ်လို့ရတာ။ သစ်ကိုင်းတွေ ဘာတွေ ပစ်ရင် ပစ်ခသပ်သပ် ထပ်ပေးရသေးတယ်။ စည်ပင် လုပ်ပေါက်တွေက ရိုက်ချင်စရာတွေချည်းပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved