အန္တရာယ်ကို ကာကွယ်ဖို့ လှုံ့ဆော်တာ သာဓု ခေါ်စရာပေါ့။
ဒီပိုစတာ အကပ်ခံရဖို့အရေး အိမ်ရှင်က မီးတပ်အဖွဲ့ကို ကျပ် တထောင် ပေးရတယ် ဆိုတာကတော့ မြန်မာပြည်က မရိုးနိုင်တဲ့ ငွေရှာနည်း မဟုတ်လား။
မီးသတ်ကားတစီးမှာ ရေသယ်နိုင်တဲ့ ပမာဏ အကန့်အသတ် ရှိတာကြောင့် ၃ မိနစ်ပဲ ပက်နိုင်တယ်လို့ ပိုစတာက ဆိုတယ်။
ကံဆိုးချင်တော့ ဒီပိုစတာ လိုက်ကပ်တဲ့ ရွာတချို့က ကားလမ်း မပေါက်ပါဘူး။ ဆိုင်ကယ်၊ ထော်လာဂျီ တို့တော့ ရောက်ပါတယ်။ မီးသတ်ကား ဘယ်လိုဝင်မှာပါလိမ့်။
ဆောင်းပါးရှင် ခေတ်နောက်ကျနေပါပကော.. မီးသတ်ကားတစီးမီးသတ်ချိန်က ၃ မိနစ်ရှိပေမဲ့ .. ပိုက်ခေါင်းက ၂ ခုပါတယ်လေ..။ တဖက်က ပိုက်ဆံထည့်ရင် ဟိုတဖက်က ရေထွက်တယ်တဲ့..။
သူတို့ကပ်တဲ့ ပိုစတာခ ပေးရတယ် ဆိုတာတော့ အေးဓါးပြ တိုက်တယ်လို့ဘဲ သတ်မှတ်လိုက်ပေါ့ဗျာ.. ။ :D