စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းမှု

Tuesday, June 14, 2011


စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းမှု အခြေအနေတွေ တွေ့နေရပါပြီ။

ဟုတ်ပါတယ်၊ "အရပ်သားအစိုးရသစ်" လက်အောက် မြန်မာနိုင်ငံမှာပါ။

ဟိုတုန်းက သတင်းတွေ ရေးပြီးရင် ဖြန့်ဖို့ စာပေစိစစ်ရေးရုံးကို တင်ပြရပါတယ်။
အခုတော့ မရေးခင် တင်ပြနေရပါပြီ။ ဒါဟာ တိုးတက် ဖြစ်ထွန်းမှုပါပဲ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဒီကနေ့ လုပ်မယ်လို့ ကြေညာထားတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ
အထူး အစီအစဉ် တခု ရှိပါတယ်။

သတင်းထောက်တွေ မေးမယ့် မေးခွန်းများ စာပေစိစစ်ရေးရုံးကို ကြိုတင် ပေးပို့ရမယ် တဲ့။
တကယ့်ကို တိုးတက် ဖြစ်ထွန်းမှု မဟုတ်လား။

ဖြစ်ထွန်းမှုကြီးရဲ့ နောက်ဆက်တွဲတွေအကြောင်း ရေးချင်ပေမယ့် အခွင့်မသာသေးပါ။

"လူကြီးတွေ" မအားလပ်တဲ့အတွက် ဒီကနေ့အစီအစဉ် ပျက်သွားပြီ လို့ ရန်ကုန်က သတင်းထောက် တယောက်က ဆိုပါတယ်။
အင်း - ဆန့်တငင်ငင် တိုးတက် ဖြစ်ထွန်းမှုလို့ ဆိုရမယ် ထင်ပါရဲ့။

1 comments :

  1. Anonymous said... :

    နိုင်ငံကို ဦးဆောင်မည့် အုပ်ချုပ်သူ တစ်ဦး၏ အရည်အချင်းမပြည့်ဝမှု့ နှင့် ယခုတိုင် ဗဟိုဦးစီးစနစ် မပျက်သုန်းသေးသည်မှာ ထင်ရှားပါသည် ။ နောက်တစ်ချက်မှာ လက်ရှိသတင်းစာ ရှင်းလင်းပွဲမှ တာဝန်ယူဖြေရှင်းမည့် သူအနေဖြင့် ဦးကျော်ဆန်းကဲ့သို့ ဝေ့လည်ကြောင်ပတ် ဖြေကြားနိုင်မည့် အရည်အချင်း မရှိသေးသောကြောင့် လည်း ဖြစ်နိုင်ပါသည် ။ သန့်ရှင်းသော အစိုးရဟူသည် မေးလာသောမေးခွန်းများအား ကြို တင်ပြင်ဆင်ပြီးမှ ဖြေကြားရန် လိုမည် မဟုတ်ပေ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved