သမိုင်းထဲမှ အမုန်းကြွေးများ၊ ဒဏ်ရာ ဒဏ်ချက်များ

Friday, June 10, 2011



ဧရာဝတီမှာ အင်္ဂါနေ့က ဖော်ပြခဲ့တဲ့ ရှေးဟောင်းဘုရားသတင်းကို စာဖတ်သူ အများအပြားက တုန့်ပြန်ထားပါတယ်။ တုန့်ပြန်ချက်တွေထဲက တခုကို အခုလို တွေ့ရပါတယ်။

http://www.pbase.com/bmcmorrow/image/124556662

ကျွန်တော့်အနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ ဖြစ်လိုပါသည်။ တိုင်းရင်းသားများ အားလုံးထဲတွင် ဗမာနှင့် ရခိုင် လူမျိုးများမှာ ဘာသာစကား တူခြင်း (သို့သော်လည်း အသံထွက် ကွဲပါသည်) မျိုးနွယ်တူခြင်း တို့ကြောင့် မူလရင်းမြစ်မှာ လူမျိုး တစ်မျိုးတည်း ဖြစ်ပါသည်။ မနုဿဗေဒ ပညာရှင်များလည်း လက်ခံကြပါသည်။

အတိတ်မှ ဖြစ်ပျက်ခဲ့သည်များကို မငြင်းခုန်စေလိုပါ။ သမိုင်းဆိုသည်မှာ သူ့ဘက် ကိုယ့်ဘက် ပြောမှ မှန်ပါမည်။

မှန်ပါသည်။ ဘိုးတော် ဘုရားလက်ထက်တွင် မြန်မာတို့ စစ်နိုင်သဖြင့် ဗုဒ္ဓဘာသာများလည်း ဖြစ်၍ ကိုးကွယ်လိုခြင်းကြောင့် လည်းကောင်း၊ စစ်နိုင်သော အထိမ်းအမှတ် အဖြစ် လည်းကောင်း မဟာမြတ်မုနိ ဘုရားကြီးကို ပင့်ဆောင်ယူခဲ့ပါသည်။

ထို့အတူ ဘုရင့်နောင် မင်းတရားကြီး နတ်ရွာစံပြီးနောက် မြန်မာ နိုင်ငံတော်ကြီး အစိတ်စိတ် အမွှာမွှာ ပြိုကွဲခဲ့သည့် အခါတွင် တောင်ငူဘုရင်၏ ဖိတ်ခေါ်မှုကြောင့် ရခိုင်စစ်သည်တို့ ချီတက်လာပြီး ဟံသာဝတီ ပဲခူးနန်းတော်ကြီးကို မီးတင်ရှို့၍ နန်းတွင်း အဖိုးတန် ရတနာများ အားလုံးကို ယူဆောင် သွားခဲ့ပါသည်။ (မှတ်ချက်။ ဘုရင့်နောင်၏ နန်းတော် အမိုးများမှာ ရွှေသား ပကတိ ဖြစ်ပါသည်။)

ယခု မဟာမြတ်မုနိ ဘုရားကြီး ပရဝုဏ်တွင် ရှိသော ကြေးနတ်ရုပ်ကြီးများနှင့် ခြင်္သေ့ကြီးများမှာ မူလက ဘုရင့်နောင် မင်းတရားကြီး၏ နန်းတော်မှဖြစ်ပါသည်။ ထိုကြေးရုပ်ကြီးများကို ထိုစဉ်က ရခိုင် စစ်သည်တို့ စစ်နိုင်သော အထိမ်း အမှတ်အဖြစ် ယူဆောင်သွားပြီး ရခိုင် ဘုရင့် နန်းတော်တွင် နှစ်ပေါင်းများစွာ ထား၍ ဂုဏ်ယူခဲ့ကြပါသည်။

ဘိုးတော်ဘုရား ရခိုင်ပြည်ကို အောင်မြင်သော အခါမှ ထိုကြေးရုပ်ကြီးများနှင့် တကွ ဘုရားကြီးကိုပါ နေပြည်တော်သို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

အမုန်းပွားစေရန် မရည်ရွယ်ပါ။ ထိုစဉ်က ဘုရင့်နောင် မင်းတရားကြီး၏ မြေးတော် ခင်မနှောင်းကိုပါ ရခိုင်ဘုရင့် မိဖုရား အဖြစ် ရခိုင်ပြည်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။

တစ်မြေတည်း နေထိုင်ခဲ့သဖြင့် ပဒေသရာဇ် အရင်းခံ အားပြိုင်မှုများမှာ ရှေးယခင်က ရှိခဲ့ပါသည်။ ထို့ကြောင့် ထိုသမိုင်းထဲမှ အမုန်းကြွေးများ၊ ဒဏ်ရာ ဒဏ်ချက်များကို လက်ရှိအချိန်တွင် ဖော်ထုတ်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မပျက်ပြားစေသင့်ပါ။

လေးစားစွာဖြင့်
လေလွင့်လှိုင်း

33 comments :

  1. Anonymous said... :

    အခု ပြောတာက ဗမာတိုင်းရင်းသား ဖြစ်နိုင်ပါတယ်။ ကြေးရုပ်ကြီးတွေရဲ့ နောက်ခံသမိုင်းနဲ့ မဟာမြတ်မုနိ ရုပ်ပွားတော်ရဲ့ နောက်ခံသမိုင်းကို ထပ်တူပြုလို့ မရပါ။ ကြေးရုပ်ကြီးတွေဟာ ဘာယုံကြည် ကိုးကွယ်မှုနဲ့မှ ပတ်သက်မနေပေမယ့် ရုပ်ပွားတော်ကြီးကတော့ ဒေသခံတို့ရဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်နေပါတယ်။ အခုလို မှတ်ချက်ပြု ပြောလာတာကိုက အကယ်၍များ မန္တလေးက ရုပ်ပွားတော်မြတ်ကြီးကို ရခိုင်ကို ပြန်ပင့်ခဲ့ရင် ဆိုတဲ့ ပူပန်မှုက ဖြစ်လာတယ်လို့ ယူဆနိုင်ပါတယ်။ အဲသလို ဆိုရင်လည်း နှစ်ပေါင်းများစွာ ကိုးကွယ် ပူဇော်လာကြတဲ့ ဒေသခံရခိုင်တိုင်းရင်းသားများရဲ့ အပူကို စာနာစေလိုပါတယ်။ ရခိုင်နဲ့ ဗမာဟာ အတူတူပဲဆိုရင် ဘာဖြစ်လို့များ ရခိုင်က ဘုရားကို ဗမာဒေသကို ပင့်ဆောင်သွားရသလဲ ဆိုတာ စာရေးသူ ကာယကံရှင် ဒီစာကို မရေးခင် စဉ်းစားပေးသင့်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ စကားကျွံခဲ့ရပြီ။ ရခိုင်ဒေသခံတို့ဟာ အဲဒီစိတ်ကြောင့် အမြဲတမ်း ပူပန်ခဲ့ရ ပူပန်နေကြတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို ဖြေခဲ့ကြ ဖြေသိမ့်နေကြပါတယ်။ အဲဒါကတော့ ရခိုင်တွေရဲ့ ပါးစပ်ရာဇ၀င်မှာ ငါတို့ဆီက ရုပ်ပွားတော်အစစ်ကြီးဟာ ဗမာပြည်ကို ပင့်ဆောင်ခံသွားရတာ မဟုတ်၊ ရခိုင်မှာပဲ ကျန်နေခဲ့တယ် ဆိုတာပါပဲ။ အခုမှတ်ချက် ရေးသူဟာ ရခိုင်လူမျိုးတစ်ဦး ဖြစ်သလို အဲဒီကိစ္စ (မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကို ရခိုင်သို့ ပြန်လည်ပင့်ဆောင် ရေး)ကို အမြဲတမ်း စဉ်းစားနေခဲ့သူပါ။ ကျွန်တော့်လိုပဲ ရခိုင်တစ်မျိုးသားလုံး ထပ်တူ ရှိကြပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ အားလုံး သဘောပေါက်ကြမှာပါ။ ဒါကြောင့် စာဖတ်သူတွေ လေးစားရတဲ့ ဧရာဝတီဘလော့ဂ်အနေနဲ့ ဒီလို ပြဿနာ ဖြစ်နိုင်တဲ့ ခေါင်းစဉ်မျိုးကို ရှောင်သင့်ပါတယ်။
    (နန်းတော်အမိုးက ရွှေတွေ ယူတယ် ဆိုတာကတော့ စွပ်စွဲတဲ့အဆင့်ကို ရောက်နေပါပြီ။ ထိုင်းတွေကလည်း ရွှေတိဂုံစေတီကြီးကို လာလာ ဖူးပြီး အဲဒီက ရွှေတွေက ဘုရင့်နောင် ယိုးဒယားက ယူသွားတဲ့ ရွှေတွေလို့ စွပ်စွဲနေကြတာပါပဲ။ အဲဒါတွေက ယုံကြည် ကိုးကွယ်မှုတွေနဲ့ မဆိုင်တဲ့ကိစ္စပါ။ အဲဒါကို သမိုင်းပညာရှင် သုတေသီတွေက အခါအခွင့်သင့်တဲ့အခါ ရှင်းပါလိမ့်မယ်။)

  1. ကျွန်တော် တစ်ခုပြောလိုပါတယ်
    မြန်မာဆိုတဲ့အောက်မှာ ကချင် ကယား......ဗမာ မွန် ရခိုင် ရှမ်း တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်ပါ ပါတယ် နောက်ပြီး မြန်မာပြည် မြန်မာနိုင်ငံဆိုတာ ကချင်ပြည်နယ်မှသည် တနင်္သာရီတိုင်းထိ ချင်း ရခိုင်ပြည်နယ်မှသည် ရှမ်းအထိပါ မြေပုံကိုကြည့်ပါ
    ဘာလို့များ ဗမာပြည် ရခိုင်ပြည်လို့ သီးခြားနိုင်ငံတစ်ခုလို
    ပြောနေကြတာလဲ
    နောက်ပြီး မဟာမုနိဘုရားကြီး ဘယ်နေရာ ဘယ်ဒေသရှိရှိ မြန်မာပြည်ထဲမှာ ရှိတာဘဲမဟုတ်လား
    အချိန်မရွေးသွားဖူးနိုင်တာဘဲ ဘာလဲ ဗီဇာတွေ ဘာတွေ ယူရလို့လား ရခိုင်မှာလည်း ရှင်ကျော်မုနိ ဘုရားကြီးရှိနေပြီဘဲ
    တစ်ခြားနိုင်ငံမှာ ရှိနေတာမှ မဟုတ်ဘဲ ကိုယ်ပြည်တွင်းမှာ ရှိတာဘဲ ဘုရားကြီးလည်း မန္တလေးမှာ စံပယ်နေတာ ကြာလှပြီ
    မန္တလေးသားတွေလည်း လက်လွတ်စပယ်ထားတာ မရိုမသေလုပ်နေတာမှ မဟုတ်တာဘဲ

  1. Anonymous said... :

    Above person, as you say all are same, why they wanted to bring to Nay Pyi Taw? Why they are did not think first just keep in original place? They only stopped when Rakhine peoples are showing no happy right.

  1. Anonymous said... :

    မှတ်ချက်တွေ အများကြီးထဲက ဒီပို့စ်ကိုမှ ရွေးတင်ထားတာဟာ ဒီဘလော့ဂ်ကလည်း ဒီစာပါ အယူအဆကို ဆုပ်ကိုင်သူဖြစ်ကြောင်း ထင်ရှားသည်။
    -- ပြန်ပို့စရာမလို၊ ရှိပြီးသားအတိုင်းသာ လက်ခံဟုဆိုလိုသည်၊ ဒါဟာ စစ်အစိုးရ၀ါဒပဲလေ။ ဘာစည်းလုံးရေးအတွက် မင်းတို့ကလုပ်နေကြတာလဲ မသိပါဘူး။
    မဟာမြတ်မုနိ၊ ဇလွန်ပြည်တော်ပြန်၊ ပြည်ဘုရားတို့ကိုလည်း ရခိုင်ပြည်က ဘုရားတွေပါ။ --သမိုင်းမှာ ရခိုင်တွေက ဘုရင်မနဲ့ ကြေးရုပ်သယ်ယူကြောင်းဖော်ပြသည်။
    ရခိုင်ပြည်က ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လိုလုပ်ခဲ့တယ်၊ ဘယ်လိုလုပ်နေဆဲဆိုတာ ဘက်မလိုက်သူတိုင်းသိပါတယ်။
    သမိုင်းကို ချန်ခဲ့တဲ့။ ဟုတ်ပါပြီ။ သူများဟာကို ခိုးထားတာ ပြန်ပေးသင့် မသင့်----။ အခုခေတ်မှာ မျှမျှတတဖြစ်အောင်စဉ်းစားပါဦး။ --ရခိုင်နဲ့ဗဟာလူမျိုးတစ်မျိုးတည်း--ဒါဟာ ဟာသတစ်ခုလိုပဲ။ ခေတ်သစ် စည်လုံးနည်းပေါ့။

    စည်လုံးညီညွှတ်မှုမှာ လူမျိုးတူစရာမလိုဘူး။
    အမှန်တရားကို အမှန်အတိုင်း ဘက်မလိုက်ဘဲ မြတ်နိုးတတ်ဖို့သာလိုပါသည်။

    ဘယ်သူ့ဟာကိုမှ ဘယ်သူကမှ မယူဘဲ နေနေကြရင် အကောင်းဆုံးပါ။ သိတဲ့ပညာနဲ့ လုပ်ဆောင်မှုတွေ တခြားစီပဲလို့ မြင်နေတယ်။

  1. Anonymous said... :

    ကဲ ကျုပ်သူငယ်ချင်းရခိုင်ကပြောတယ် မန်းလေးက မဟာမြတ်မုနိကလည်းသူတို့ ဘုရားတဲ့

    ကျုပ်က လည်းစိတ်မဆိုးပါဘူး ဒီမိုကရေစီရရင်မင်းတို့ ဘုရားပြန်ပေးမယ်လာသယ်လှဲ့လို့

  1. ဘယ်နေရာမှာမဟာမြတ်မုနိရှိရှိ မြန်မာပြည်ထဲမှာပဲရှိတာ
    ပဲ အဆင်ပြေပါတယ်ဆိုရင် မူရင်းဒေသခံတွေဆီပြန်ပို့ 
    ပြီးကိုးကွယ်ခွင့်ပေးလိုက်တာအကောင်းဆုံးပါပဲ

  1. Anonymous said... :

    ဟေ့ မဟာမြတ်မုနိကို ရခိုင်က ပြန်လိုချင်ရင်။လောလော လပ်လပ် နေပြည်တော်က ပလ္လင်ကြီးကို လည်း ငါတို့ မန္တလေးကို ပြန်ပို့ကွာ။ နောက် မဟာမြတ်မုနိက ရခိုင်ကလာတုန်းက ရွှေရည်လေးစိမ်ထားတာ ငါတိျု့မန္တလေးရောက်မှ ဒီလို ကြည်ညိုစရာဖြစ်လာတာ။ ရခိုင်က ပြန်လိုချင်ရင် ဒီရွှေတွေပြန်ခွာမယ်ကွာ။

  1. Anonymous said... :

    ဧရာဝတီကိုမေတ္တာရပ်ခံလိုပါသည်။တိုင်းရင်းသားအချင်းချင်းသွေးကွဲစေနိုင်သောပို.စများမင်စေလိုပါ။အထိခိုက်မခံနိုင်သောကိစ္စဖြစ်ပါသည်။ဘယ်သူ.ကိုမှလဲအကျိုးမဖြစ်ထွန်းစေပါ။

  1. Anonymous said... :

    သိပ်ကောင်းတယ် ဧရာဝတီရေ။ ကျုပ်က ဒီလိုဆောင်းပါးမျိုးတွေ ဖတ်ချင်နေတာ မြန်မာပြည်မှာ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ပြီးသွားကတည်းကပဲဗျ။ အသစ်ကျပ်ချွတ် သမ္မတကြီးနဲ့ အသစ်ကျပ်ချွတ် ဒီမိုကရေစီနိုင်ငံသစ်ကြီးမှာ အသစ်ကျပ်ချွတ်ပဲ ပြောပြော အခုလို ကိုယ်ထင်ရာ ကိုယ်ပြောခွင့်၊ ကိုယ့်စိတ်ထဲ ရှိရာ ကိုယ်ထုတ်ဖော်ခွင့်၊ ကိုယ်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်၊ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်း ရောက်ရောက် လုပ်ခွင့်ရတဲ့ ရတဲ့ အရေးအသားမျိုး. တစ်နည်းအားဖြင့် ဒီမိုကရေစီနံ့သင်းတဲ့ စာမျိုး (အောက်သိုးသိုးပဲ ဆိုဆို ဘယ်လိုပဲ ပြောပြောဗျာ)၊ ဆောင်းပါးမျိုး အရမ်း ဖတ်ချင်နေတာ ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ ဒီမိုကရေစီ နိုင်ငံသား အသစ်ကျပ်ချွတ် တစ်ယောက် ဖြစ်လာတဲ့ ကျုပ်လိုလူတစ်ယောက် အတွက် သိပ်မဆန်းပါဘူးဗျ.. ဟုတ်တယ်မလား။

    ပြောချင်တာကတော့ဗျာ. ဒါ ဧရာဝတီအနေနဲ့ လူတစ်ယောက်၊ အဖွဲ့အစည်း တစ်ခု ရသင့်ရထိုက်တဲ့ အခြေခံ လူ့ အခွင့်အရေးတစ်ခုအရ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာကို ကိုယ့် သဘောအတိုင်း လွတ်လွတ်လပ်လပ် တင်ပြတာပဲဗျ။ အဲဒါကို လာဖတ်တဲ့ လူပဲ ဖြစ်ဖြစ်၊ ကျုပ်တို့လို အောက်ကနေ မနေနိုင် မထိုင်နိုင် ကောမန့် ပေးတဲ့ လူပဲ ဖြစ်ဖြစ် ဧရာဝတီရဲ့ ဆောင်းပါးကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဖတ်ကြတာ၊ ကောမန့် ရေးကြတာဟာလည်း ကိုယ်ပိုင် လွတ်လပ်ခွင့်အရ ဒီမိုကရေစီ နည်းကျ ကိုယ်လုပ်ကြတာပဲလေဗျာ။ ဆိုလိုတာက ဒီလို ဧရာဝတီတို့၊ ကျုပ်တို့တွေရဲ့ အပြုအမူမျိုးတွေဟာ သိပ်ကောင်းတယ် ဆိုတာပဲဗျ။ တနည်းအားဖြင့် ဒါ ကျုပ်တို့ မှာ အခုမှ အသစ်ကျပ်ချွတ်ရထားတဲ့ ဒီမိုကရေစီ နိုင်ငံသားဆိုတဲ့ အခွင့်အရေးကို အခုအချိန်ကမှ စပြီး အပြည့်အဝ ကျင့်သုံးခွင့်၊ ခံစားခွင့် ရလာတာလို့လည်း ပြောလို့ ရတာပေါ့ဗျာ။

  1. Anonymous said... :

    ဆိုတော့ဗျာ..ဒီလို ကိုယ်စိတ်ထင်ရာ ကိုယ်ထုတ်ပြောခွင့်၊ ကိုယ် မှန်တယ် ထင်တာ ကိုယ့်စိတ်ကြိုက် ဘယ်သူ့ကိုယ်မှ၊ ဘာကိုမှ ငဲ့ကြည့်စရာ မလို၊ လုပ်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေ ရှည်ရှည်ဝေးဝေး တွေနေစရာ မလိုတဲ့ ကိုယ်ထင်ရာကိုယ်လုပ်လို့ရတဲ့ ဟာမျိုးတွေကို အခုလို တစ်ဦးတစ်ယောက်ချင်းစီ လွတ်လွတ်လပ်လပ်ကြီး လုပ်ခွင့်ရတဲ့ ဒီမိုကရေစီ အသေးစားလေးတွေကနေ နောက်ဆိုရင် ရပ်ကွက်လိုက်၊ မြို့နယ်လိုက်၊ ပြည်နယ်အလိုက်၊ တိုင်းအလိုက်၊ လူမျိုးစုအလိုက် ကိုယ်ထင်ရာ ကိုယ်လုပ်ခွင့်ရတဲ့ ဒီမိုကရေစီ အကြီးကြီးတွေ အထိဖြစ်လာရမှာပေါ့ဗျာ။

    အဲဒီတော့ ကျုပ်တော့ ကြိုတွေးမိတယ်ဗျ။ နောက်ဆိုရင် သမ္မတကြီးကလည်း ဒီမိုကရေစီ သမ္မကြီး၊ နိုင်ငံကလည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတော့ အခုလို အခြေခံကျတဲ့ အသေးအဖွဲ့လို့ ထင်ရပေမယ့် ဒီမိုကရေစီ အရမ်းဆန်တဲ့ စာမျိုးတွေ၊ ဆောင်းပါးတွေ၊ ဆွေးနွေးပွဲ တွေက တဆင့် ပြည်နယ်အလိုက်၊ တိုင်းအလိုက်၊ လူမျိုးစုတွေ အလိုက် နိုင်ငံတော် သမ္မကြီး ဆီမှာ သူတို့ကိုတွေကိုလည်း ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးအလိုက် ကိုယ့်နိုင်ငံကိုယ် ထောင်ခွင့်၊ ကိုယ့်ပြည်နယ်မှာ ကိုယ် သမ္မတ လုပ်ခွင့်၊ ကိုယ့်ပြည်နယ်မှာ ကိုယ် စော်ဘွားကြီး လုပ်ခွင့်တွေ အစရှိတာတွေကို ဒီမိုကရေစီနည်းကျ တောင်းလာကြတော့မှာပဲဗျ။ သိပ်ကောင်းတယ်ဗျာ. ကျုပ်တို့ ဒီမိုကရေစီ နိုင်ငံသစ်ကြီးရဲ့ အနာဂတ်ကို တွေးကြည့်လိုက်တာနဲ့တင် ကျုပ်မှာ မရိုးမရွတွေ ဖြစ်ပြီး ဒီမိုကရေစီ၊ ဒီမိုကရေစီ. ဒီမိုကရေစီနဲ့ . နားထဲမှာ၊ အာရုံထဲမှာလည်း ဒီမိုကရေစီ နဲ့ ဒီမိုကရေစီ ရနံ့တွေ အကုန်လွှမ်း၊ အသံတွေလွှမ်း၊ တစ်ကိုယ်လုံးလဲ ဒီမိုကရေစီ ပီတိတွေ အပြည့်နဲ့ ကျေနပ်စရာ ကောင်းလှပါဘိတော့ဗျာ။

  1. Anonymous said... :

    အဲတော့ဗျာ.ကျုပ်တော့ တွေးလက်စနဲ့ ဆက်တွေးလိုက်ဦးမယ်ဗျို့။ အရင်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ကနေ နောက်ဆို ရခိုင် ပြည်သူ့ ဒီမိုကရက်တစ် နိုင်ငံတော်တို့၊ ကချင်သမ္မတ နိုင်ငံတော်ကြီးတို့၊ လွတ်လပ်သော ရှမ်းစော်ဘွားများ ပြည်ထောင်စုတို့၊ ချင်းတောင်တန်း ဒီမိုကရစ်တစ် နိုင်ငံတော်တို့၊ ညီညွတ်သော ကရင်ပြည်နယ်စုများ သမ္မတနိုင်ငံတော် တို့၊ လွတ်လပ်သော မွန်ပြည်သူ့ သမ္မတ နိုင်ငံတော်တို့ စသဖြင့်ပေါ့ဗျာ.။ အဲဒီမှာ သမ္မကြီးတွေ အချင်းချင်း နှစ်သစ်ကူးတွေ၊ အခါကြီး ရက်ကြီးတွေ၊ လွတ်လပ်ရေးနေ့၊ လူမျိုးအလိုက် အမျိုးသားနေ့တွေမှာ အပြန်အလှန်သဝဏ်လွှာတွေ ပို့ကြတာမျိုးတွေ၊ လွတ်လပ်သော မွန်ပြည်သူ့ နိုင်ငံတော် သမ္မတကြီးက မြိုတော် ပဲခူးကနေ မြန်မာလူမျိုးစုနိုင်ငံရဲ့ မြို့တော် ရန်ကုန်ကို နိုင်ငံတော် ခရီးစဉ်အနေနဲ့ သမ္မစီး ဘတ်စကားကြီး စီးပြီးလာတာကို ထောက်ကြံ့မှာ ဗမာလူမျိုးစု နိုင်ငံတော် သမ္မတက နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆို ဧည့်ခံ ဆိုတဲ့ သတင်းမျိုးတွေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟောင်း ခွဲထွက်နိုင်ငံများ မျက်နှာစုံညီ ဒေသတွင်း အစည်းအဝေးအား ရခိုင် ပြည်သူ့ ဒီမိုကရက်တစ် နိုင်ငံ၏ အပန်းဖြေ ကမ်းခြေမြို့ ငပလီတွင် ၅ ရက်တိုင်တိုင် ကျင်းပ ဆိုတာမျိုးတွေ၊ အလယ်ပိုင်း မြန်မာလူမျိုးစု နိုင်ငံ မြို့တော် မန္တလေးမှ အလုပ်အကိုင် ရှားပါးသော မြန်မာလူမျိုးများ ရှမ်းစော်ဘွားများ ပြည်ထောင်စု အတွင်းသို့ လက်ဖက်ခူး လုပ်ငန်းလုပ်ကိုင်ရန် အတွက် နယ်စပ်ဖြတ်ကျော် တရားမဝင်ခိုးဝင်ရန် ကြိုးပမ်းစဉ် နယ်စပ်မြို့ ဖြစ်သော ပြင်ဦးလွင်တွင် ဖမ်းဆီးရမိ ဆိုတဲ့ သတင်းမျိုးတွေ စသဖြင့်ပေါ့ဗျာ။ ကျုပ်တို့ ဆိုရင်လည်း ရန်ကုန်ကနေ မန္တလေး သွားချင်ရင် အနည်းဆုံး ဗီဇာ ၃ ခါလုပ်၊ အရင်တုန်းက မြန်မာနိုင်ငံထဲမှာ ပါခဲ့တဲ့ အခု လက်ရှိ သီးခြားနိုင်ငံတွေရဲ့ မြို့တော်တွေ အနှံ့များ သွားလည်ချင်ရင် အနည်းဆုံး ပါတ်စပို့ ၇ အုပ်လောက်နဲ့ ဗီဇာ အစောင် ၂၀ လောက် ကိုင်ပြီးမှ သွား။ .ဟား. ဘယ်လောက်များ ဒီမိုကရေစီ ဆန်လိုက်သလဲဗျာ. တစ်ကယ့်ကို လူမျိုးတိုင်း၊ ပြည်နယ်တိုင်းဟာ ကိုယ့်အခွင့်အရေးကို လွတ်လွတ်လပ်လပ်နဲ့ အမျိုးသားရေး စိတ်ဓာတ်အပြည့်၊ လူမျိုးစု စိတ်ဓာတ်အပြည့်နဲ့ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ခွင့် ရပ်တည်ခွင့် ရတာ နည်းတဲ့ အခွင့်အရေးလားဗျာ။ ကျုပ်တို့ နိုင်ငံလောက် ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ကျတဲ့ နိုင်ငံမ၇ှိဘူး လို့တောင် လက်မထောင်လို့ ရလောက်တယ်ဗျာ။ တွေးရုံနဲ့တင် ကျေနပ်တယ်ဗျာ။

    တစ်ခုတော့ ရှိတယ်ဗျို့။ ကျုပ်တို့က အဲလို ကိုယ့်ပြည်နယ်အလိုက်၊ လူမျိုးစုတွေ အလိုက် အမျိုးသားရေး ဝါဒီကြီးတွေလုပ်၊ မျိုးချစ်စိတ်အပြည့်နဲ့ လက်သီးလက်မောင်းတန်းပြီး သီးခြား လွတ်လပ်သော နိုင်ငံကြီးတွေ ထောင်၊ မျိုးချစ် သမ္မကြီများပေါ့ဗျာ..လုပ်ကြ ကိုင်ကြ၊ သဝဏ်လွှာတွေ အပြန်အလှန်ပေးပို့၊ နောက် ဧရာဝတီရဲ့ အခု ဆောင်းပါးလိုပေါ့ဗျာ- ကိုယ့်လူမျိုးတွေရဲ့ အရင်က ရှေးဟောင်းအမွေအနှစ်တွေကိုလည်း ရခိုင်၊ ဗမာ၊ မွန်၊ ကရင်၊ ကချင် သမ္မတကြီးတွေ အချင်းချင်း အပြန်အလှန် ရန်တွေဖြစ်၊ စကားတွေများ နဲ့ မင်းဆီက ဟာဟာ. ငါ့ဟာ၊ ငါ့ဆီက ဟာဟာ ငါ့ဟာ. စသဖြင့်ပေါ့ဗျာ ပြန်တောင်းကြ၊ ဟိုကဟာ ဒီရွှေ့ပေး၊ ဒီကဟာ ဟိုရွှေ့ပေး နဲ့ လုပ်နေချိန်မှာ ဘေးက ပြည်နယ်ပေါင်း ၂၈ ပြည်နယ်၊ လူဦးရေ သန်း ၁၂၀၀ နဲ့ ဖွဲ့စည်းထား တဲ့ အိန္ဒိယနိုင်ငံကြီး၊ လူဦးရေ သန်း ၁၃၀၀ ကျော်နဲ့ ပြည်နယ်ပေါင်း (စီရင်စုပေါ့ဗျာ) ၂၂ ခု( နောက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆိုတာတွေ ပါသေးတယ်.) နဲ့ ဖွဲ့စည်းထားတဲ့ တရုတ်နိုင်ငံကြီး၊ လူဦးရေ သန်း 60 ကျော် ရှိတဲ့ ထိုင်း၊ သန်း ၂၀၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေရှ့် စတဲ့ နိုင်ငံတွေက ကျုပ်တို့ ဆီက လူဦးရေ ၁၀ သန်း ဝန်းကျင် ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ စတဲ့ ကိုယ့်ဘာသာကိုယ် သီးခြားစီ ရပ်တည်ချင်တဲ့၊ လူတစ်ဦးချင်းရဲ့ လွတ်လပ်မှုကို အရမ်းကို တန်ဖိုးထားတဲ့ ဒီမိုကရေစီ နိုင်ငံငယ် အသစ်စစ်စစ်လေးတွေကို သွားရည်တမြားမြားနဲ့စောင့်ပြီး နိုင်ငံထောင်ပြီး ၁ ပတ်လောက်အတွင်း အမဲဖျက်သလို အဖျက်ခံလိုက်ရမှာ၊ ရခိုင် ပြည်သူ့ ဒီမိုကရက်တစ် နိုင်ငံတော်၊ ညီညွတ်သော ကရင်ပြည်နယ်စုများ သမ္မတနိုင်ငံတော်၊ လွတ်လပ်သော မွန်ပြည်သူ့ သမ္မတ နိုင်ငံတော် ဆိုတဲ့ တံဆိပ်တုံးတွေ မှင် မခြောက်သေးခင် ကိုလိုနီ ကျွန်သဘောက် ဆိုတဲ့ တံဆိပ်တုံး ကြီးကြီးကို လူတိုင်းရဲ့ နဖူးမှာ တရုတ်၊ ကုလား၊ ထိုင်းများက ကောင်းကောင်း ထုပေးသွားမှာမျိုးကိုတော့ တစ်ကယ်ပဲ တွေးမိပြီး စိုးကြောက်မိကြောင်းပါဗျာ။

    စကားမစပ်. ကျုပ်က အဘိုးတရုတ်၊ အဖွား ကရင်-ဗမာ ကပြား နဲ့ အဖေ တရုတ်-ဗမာ-ကရင် နဲ့ အမေ ရှမ်း-ကချင် ကပြားက မွေးတဲ့ ကိုယ့်ကိုယ်ကို ဘာလူမျိုးလို့ ပြောရမှန်း မသိတဲ့ မန္တလေးသား၊ မြန်မာနိုင်ငံသား၊ မြန်မာ လူမျိုး စစ်စစ်ကြီးပါဗျာ။

  1. ရှက်တဲ့ မြန်မာတဦး said... :

    နှစ်တွေဘယ်လောက်ကြာကြာ အရေးမကြီးဘူး။ ကိုယ့်ဘိုးဘွားတွေမကောင်းတာလုပ်ထားတာ ကိုယ့်လက်ထက်မှာသိလာတယ်၊ ပြင်လို့ရတဲ့အခြေအနေရှိတယ်၊ ပြန်ပြင်ရမှာပဲ။

    ရိုးသားဖို့လိုအပ်တယ်။ ဒီပစ္စည်းဟာ တို့ပိုင်တာမဟုတ်ဘူးဆိုတာနဲ့ ပြန်ပေးရမှာပဲ။

    တိုင်းရင်းသားချစ်ကြည်ရေး၊ မုန်းတီးရေးအဆင့်တောင်စဉ်းစားစရာမလိုဘူး။

    ကိုယ်မကောင်းရင်ပြင်ရမှာပဲ။ ရှက်စရာမလိုဘူး။

    မဟုတ်တာလုပ်တဲ့သူ၊ လုပ်တာကိုသိရက်နဲ့ထိန်ဝှက်တဲ့သူ၊ ပြင်နိုင်ရက်နဲ့မပြင်တဲ့သူ၊ သိပ်ရှက်ဖို့ကောင်းတာပဲ။

    ဒီဟာတွေကို လုပ်ခဲ့တဲ့မြန်မာတွေအတွက်(ဘယ်လိုအကြောင်းပြချက်ပေးပေး) ကျနော်မြန်မာအမျိုးသားတဦးအနေနဲ့ အရှက်ရမိပါတယ်။ ဒီ Post မဖတ်ခင်ထိ မဟာမြတ်မှုနိဘုရားကြီးဟာ ဒီလောက်ထိ သမိုင်းတွေရှိခဲ့မယ်မထင်ဘူး။(မြန်မာသမိုင်းတွေကလဲ ကိုယ့်ဖက်ကိုယ်လိုရာရေးခဲ့ကြတာကိုး။)

    ကိုယ်လူမျိုးတိုးတက်တာမြင်လိုတဲ့မြန်မာမှန်သမျှ ကိုယ်မှားရင်ကိုယ်ပြင်ကြပါ။ မြန်မာတွေဆင်းရဲရင်ဆင်းရဲမယ်။ ဒါပေမဲ့ စိတ်ထားမြင့်မြတ်တယ်ဆိုတာပြကြပါ။

  1. Anonymous said... :

    သမိုင်းကအရာတွေကို သမိုင်းအတိုင်းထားရမှာပါ။သမိုင်းကလုပ်ခဲ့တဲ့အရာတွေကို ယနေ့အချိန်ကျမှ ပြောင်းလွယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ရွှေတိဂုံဘုရားကြီးကို ရခိုင်ကိုသယ်လို့မရသလို ရခိုင်က ဘုရားတွေကိုလည်း ဗမာပြည်တွင်း သယ်လို့မရပါဘူး။

    ဒါကြောင့် အ၇င်တစ်ခါက ဖြစ်ခဲ့တဲ့ နေပြည်တော်က ယူဆောင်မယ်ဆိုတဲ့အရာကို ကန့်ကွက်တာဟာ မှန်ကန်ပါတယ်။လက်ရှိအချိန်မှာသာ ကျွန်တော်တို့က သမိုင်းကလိုမျိုးတွေမဖြစ်အောင် တားဆီးထိန်းသိမ်းကြဖို့ပဲလိုပါတယ်။သမိုင်းက စိုက်ထူထားခဲ့ကြတဲ့ ကျောက်တိုင်တစ်ခုကို ပြန်နုတ်ပြီး နယ်မြေသစ်မှာသွားစိုက်ထူလို့မရပါဘူး။ဒီလို စိုက်ထူမယ်ဆို၇င် ဘုရင်စနစ်ကုန်ဆုံးပြီးချိန်မှာစလို့ ကိုးကွယ်ယုံကြည်လာခဲ့တဲ့ ဒေသခံတွေအားလုံးက ဘယ်သူမှ လက်ခံမှာမဟုတ်ပါဘူး။

    သမိုင်းကရှိခဲ့တဲ့ မဟာမြတ်မုနိကို ယခုချိန်မှာ အစိုးရကပေးလည်း ပြောင်းရွှေ့လည်း အဲဒီမန္တလေးဒေသက ပြည်သူတွေက လက်ခံမှာမဟုတ်ပါဘူး။ဒါကြောင့် သမိုင်းကို သမိုင်းမှာပဲထားကြပြီး လက်ရှိအချိန်မှာ ကျွန်တော်တို့က သမိုင်းလိုမဖြစ်အောင် ထိန်းသိမ်းကြမယ် တစ်ဦးနဲ့တစ်ဦးလေးစားချစ်ခင်စွာနဲ့ အတူနေထိုင်ကြမယ်ဆို၇င် စည်းလုံးည်ီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်နေမှာပါ။

    အခုလို ဘာသာတူတွေဖြစ်ကြပြီး ဘုရားကိစ္စနဲ့အငြင်းပွားနေကြတာဟာ ရှက်စရာလည်းကောင်းပါတယ်။

    mg

  1. Anonymous said... :

    @ရှက်တဲ့ မြန်မာတဦး
    ခင်ဗျား ရှက်သင့်ပာတယ်။ မဟာမြတ်မုနိ သမိုင်းကို ဒီPost ဖတ်မှသိရတယ်ဆိုကတည်းက ခင်ဗျားရဲ့ သမိုင်းလေ့လာနိုင်စွမ်းကို မြင်မိပာတယ်။ ကျုပ်ပတ်ဝန်းကျင်က ၁၀ တန်းအောင်တွေ အကုန်လုံးကတော့ ဘုရားကြီးဟာ ရခိုင်နိုင်အိမ်ရှေ့မင်းက ပင့်လာတယ်လို့ သိကြသား။ စိတ်ထားမြင့်မြတ်တာဟာ ပြဖို့ ဘုရားကို ပြန်ပို့ဖို့လိုမယ်မထင်ပာ။

    မင်းခန့်

  1. Aung Min said... :

    ကော်မန့် တွေထဲမှာ
    mg - June 10, 2011 10:18 PM ဆိုသူ၏ ကော်မန့် ကို အကြိုက်နှစ်သက်ဆုံး ဖြစသ်ည်။

    တခြားသူများ၏ ဆွေးနွေးချက်များလည်း ကောင်းကြသည်။ အား၇စ၇ာ ကောင်းသည်။ အစွန်းေ၇ာက် ပြောဆိုချက်များကလည်း လူတချို့ ၏ အမြင်ကို ထင်ဟပ်နေသည်။

    စာဖတ်သူများ လို၇င်း တို၇ှင်း ဆွေးနွေးသင့်ပါသည်။

  1. Anonymous said... :

    ဘုရင့်နောင်မင်းနန်းတော်ခေါင်မိုးရွေအတိဆိုတာ နဲနဲ ပိုသွားပြီးထင်တယ် ဘာလို့လဲဆိုတော့ မန္တလေးရွေနန်းတော် ခေါင်မိုးကြီးတောင် ဓနိမိုးထရံကာပဲဖြစ်နေတာ ဓါတ်ပုံနှင့်တကွ သက်သေရှိတယ်။ မြန်မာ ရှေးစာရေးဆရာတွေက ပိုပိုပြီး ရေးလွန်းလို့ သမိုင်းမှန်တွေ ပျောက်ကုန်ပြီး။

  1. Socretes said... :

    ဘုရားနဲ့ ပတ်သက်ပြီး ဒေါသအာယာတတွေထား အမုန်းပွားဇတ်လမ်းများဆက်ကြည့်မိခြင်း
    ၁)ရွှေတိဂုံသည် ဗမာ တည်သည်မဟုတ်။ မွန်လက်ရာဖြစ်၏။ သို့ အတွက်ကြောင့်...မဖြစ်ဖြစ်အောင် သိင်္ဂုတ္တရတောင်ကုန်းတစ်ခုလုံးကို တူးဖြို၍..... မွန်ပြည်နယ်အတွင်းသို့ ပို့ ကြည့်လျှင်
    ၂)ကျိုက်ထီးရိုးရာဇ၀င်တွင်လည်း ကရင်တစ်စုမှနွယ်ကြိုးဖြင့်ချည်၍ ဘုရားအားအောက်သို့ ဆွဲချရန် ကြိုးပမ်းခဲ့သည်ဟုဆိုလေရာ အရိုင်းအစိုင်းကရင်များဟု ခေတ်သစ် ခရူးဆိတ်စစ်ပွဲဆင်နွဲလိုက်သော်....
    ၃) မွေတော်ကက္ကူများသည် ဗမာလက်ရာများဖြစ်၍
    ရှမ်းတို့ နှင့်မတန်ဟူ၍ ဘုရားတွေတပြုံလုံး ကောက်လှိုင်းသိမ်းသကဲ့သို့ 
    မြန်မာပြည်မမှာ ပြန်လည်ရွှေ့ ထားချထားလျှင်...
    ၄) မိုးကောင်းမိုးညင်းဒေသ ကချင်ပြည်နယ်အတွင်းရှိသော တန်ခိုးကြီး ဘုရားများအား ခရစ်ယန်တို့ ရန်မှဝေးစိမ့်သောငှာ ကုန်စိမ်းသည်ကုန်ချသကဲ့သို့  ဗမာပြည်မအတွင်းသို့ ပို့ ဆောင်ထားလျှင်....
    ၅)ဗမာပြည်မအတွင်းရှိသာ မုနိလေးဆူအား ရခိုင်ပိုင်ဖြစ်သဖြင့် ဖဲဝိုင်းအလျော်အစားလုပ်သကဲ့သို့ 
    ဗမာတို့ မှ ရခိုင်တို့ အား ပြန်ပေး၍ ရခိုင်တို့ မှ လည်း ၎င်းတို့ ရယူထားသည့်ဗမာပိုင်ပစ္စည်းများအား ပြန်ပေးစေခြင်း၊ ရခိုင်သံယာများ ဗမာပြည်မတွင်စာဝါလိုက်ရာတွင် အနောက်နိုင်ငံတက္ကသိုလ်များ
    ကျောင်းလခတောင်းသကဲ့သို့ ဗမာတွေမှ လည်း ကျောင်းလခနှင့်နေထိုင်စားရိတ်
    ကောက်ခံခြင်းများပြုလုပ်လျှင်....

  1. မင်းသိုက် said... :

    ကျနော် စာရေးရင် အဖြတ်အတောက်နဲ့  သေသေသပ်သပ်ရေးပါတယ်။ ဒါပေမယ့် ဧရာသတီက မတင်ပေးဘူး။ ကျနော်စဉ်းစားတယ်။ စာရှည်သွားလို့ လားပေါ့။ ဒါပေမယ့် တခြားစာတွေကျတော့ သူက
    ဘယ်လောက်ရှည်ရှင် တင်ချင်ရင် တင်ပေးပြန်ရော။ တခါတလေလည်း စိတ်ကုန်မိပါတယ်။

    မင်းသိုက်

  1. Anonymous said... :

    ကျနော်တို့ ဗုဒ္ဓဘာသာတွေ ကိလေသာအညစ်အကျေးတို့ကို အောင်မြင်တဲ့ ၊ သစ္စာလေးပါးကို ဟောပြောသင်ကြားပေးတဲ့ မြတ်ဗုဒ္ဓကို ကိုးကွယ်တာလား၊ ရုပ်ပွားတော်ကို ကိုးကွယ်ကြတာလား ဆိုတာ သံသဖြစ်စရာပါပဲ။ တကယ်ပဲ မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်ကိုသာကိုးကွယ်တာဆိုရင် မြတ်ဗုဒ္ဓစံပါယ်ရာနေရာကို ပြဿနာဖြစ်စရာ မရှိပါဘူး။ နောက် ဒီမိုကရေစီအရ ကိုယ့်အခွင့်အရေးကို ကို တောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် ကောင်းသောအကြောင်းဖြစ်ဖို့ တောင်းဆိုတာလား၊ ဆိုးသော အကြောင်းဖြစ်ဖို့ တောင်းဆိုတာလား ဆိုတာတော့ စဉ်းစားသင့်ပါတယ်။ မဟာမုနိမြတ်စွာဘုရားကို ရခိုင်ကနေပင့်ဆောင်လာတာ နှစ်ပရိစေဒ အလွန်ကြာမြင့်နေပါပြီ။ မန္တလေးကနေ ရခိုင်ကို ပင့်ဆောင်ရင်း ရုပ်ပွားတော်ပျက်ဆီးခြင်းဖြစ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာကတည်းက ရွှေသင်္ဃန်းများကပ်လှူခဲ့တဲ့ အတွက် တစ်နေရာက တစ်နေရာရွှေဖို့ အလွန်ခက်ခဲတဲ့လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ မဟာမုနိရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းဟာ ရုပ်ပွားတော်ကို ပျက်ဆီးစေခြင်းဆိုတဲ့ အဆိုးကသာပိုများနိုင်ပါတယ်။ မြန်မာပြည်တွင်းနေထိုင်ကြတဲ့ တိုင်းရင်သားတွေဖြစ်တဲ့ ရခိုင်၊ဗမာ နဲ့ အခြားတိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရဖို့သာ ပိုအရေးကြီးတာပါ။ ဒါမှသာ ရခိုင်ပြည်နယ်ကြီးလည်းတိုးတက်လာမှာပါ။ အဓိကကြတဲ့ တိုင်းရင်းသား တိုင်း အခွင့်အရေးတူညီမှုရရှိရေး၊ မိမိပြည်နယ်ဒေသ တိုးတက်ရေးကို သာ အရင်စဉ်းစားသင့်ပါတယ်။ အစိုးရအကြိုက်ဖြစ်စေမယ် သွေးကွဲစေနိုင်တယ် ၊ အဆိုးသာပိုများတဲ့ ကိစ္စတွေ ခေတ္တမေ့ထားကြရအောင်ပါ။ အရေးကြီးတဲ့ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ ၊တိုင်းရင်းသားတိုင်း အခွင့်အရေးတူညီစွာရရှိဖို့၊ ကိုယ့်ပြည်နေဒေသကို ပြည်သူလူထုက ဒီမိုကရေစီနဲ့ အညီတင်မြှောက်တဲ့ အစိုးရကသာ အုပ်ချုပ်ခွင့်ရရှိဖို့ကို အရင်လုပ်ပါလို့ တိုက်တွန်းပါရစေ။

  1. Anonymous said... :

    ဗုဒ္ဓဘုရားရှင်က ဟောကြားထားခဲ့တာရှိပါတယ် စိတ် တစ်ခုထဲကိုပါ
    ဘယ်ဘာသာ ဘယ်လူမျိုးပဲဖြစ်ဖြစ် မိမိ ယုံကြည်သက်ဝင်မိတဲ့စိတ်နဲ့ ကိုးကွယ်ကြတာပါပဲ၊ ဒီလိုပဲ ဗုဒ္ဓဘုရားရှင်ကို သက်ဝင်ယုံကြည် ကိုးကွယ်တယ်ဆိုတာလဲ စိတ်ကပဲဖြစ်ပေါ်လာတာလေ မန္တလေးက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ရုပ်ပွားတော်ဟာလည်း ဗုဒ္ဓဘာသာအားလုံးပူဇော်ကိုးကွယ်နိုင်သလို ရခိုင်က ဗုဒ္ဓရုပ်ပွားဆင်းတုတော်ဟာလည်း ဗုဒ္ဓဘာသာလူသားအားလုံး ပူဇော်ကိုးကွယ်နိုင်တာပါပဲ၊ ဒီ ဘုရားရုပ်ပွါးတော်မှ ငါတို့ ရုပ်ပွားတော်ဆိုပြီး ငါဆိုတဲ့ အတ္တစွဲတွေ ပျောက်ကင်းအောင် ကြိုးစားဖို့လိုပါတယ်။ မြန်မာနိုင်ငံထဲမှာနေပြီး ဗုဒ္ဓဘာသာလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားမှု့ မဖြစ်စေချင်တဲ့ဆန္ဒနဲ့ ရေးလိုက်တာပါ၊ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်တွေကို ပရိဘောကစေတီအဖြစ် တည်ထားကိုးကွယ်ခဲ့တာတွေဟာ မရေမတွက်နိုင်အောင်ပါပဲ ရှေးမြန်မာဘုရင် အစဉ်အဆက်ကတည်းကပါ၊ တချို့ဆင်းတုတော်တွေ စေတီတွေလဲ သဘာဝဘေးအန္တရာယ်နဲ့ ပျောက်ကွယ်သွားခဲ့ကြတာပါပဲ၊ ကြေးဆင်းတုတော်တွေဆိုရင် ကိုလိုနီနယ်ချဲ့တွေရဲ့လက်နက်တွေအဖြစ်လည်း ဖြစ်သွားခဲ့ဘူးပါတယ်၊ အဓိက ပြောချင်တာက ဗုဒ္ဓဘုရားရှင်ရဲ့ တရားဒေသနာတွေကို စိတ်ထဲမှာကိန်းအောင်း သက်ဝင်ယုံကြည်မှုပဲ ၊ ဗုဒ္ဓဘာသာလူမျိုးအချင်းချင်း ဒါငါတို့ရုပ်ပွားဆင်းတုတော်ဆိုပြီး အငြင်းပွားနေမှာလဲ၊ အခုချိန်မှာ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိနေရင် ချီးမွှန်းမခံရပဲ ဗုဒ္ဓဘာသာဆိုတာ ကဲ့ရဲ့ခံနေရှာမှာ မရှက်ဘူးလား ကို့လူတို့ရေ၊ ဗုဒ္ဓဘာသာကို အစစ်အမှန်သက်ဝင်ယုံကြည်ကိုးကွယ်တဲ့သူတွေဆိုရင် သိပါလိမ့်မည်။ လူသား အားလုံး နုလုံးစိတ်ဝမ်းအေးချမ်းကြပါစေ …
    လူသား

  1. Anonymous said... :

    the roof of the palace of Bayintnaung was made of pure gold was recorded, anyone interested in the history can look for the book with citing from italian traveler who visited the palace during Bayintnaung's rule of Hansawedy. What happened in the history is just a history, colonial rule, monarchy rule, they did what their system allowed them to do. some ugly some beautiful all we have to do is to take a good lesson and avoid the mistake of the past in our generation. so long as everyone in this little country talking about separate identity or nationality, (perhaps handful of dogooder and quizlings or narrowed vision inciters)our land will never see the peace and prosperity for all citizen.

  1. Anonymous said... :

    မှတ်ချက်တွေက မှတ်ချက်တွေ မဟုတ်တော့ဘဲ တိုက်ခိုက်မှုတွေ ဖြစ်လာတယ်လို့ သတိပြုမိပါတယ်။
    ရခိုင်လူမျိုးတွေက ရုပ်ပွားတော်ကို ပြန်ပင့်ချင်တယ်ဆိုတဲ့ အတွေးစကားဟာ လောလောဆယ်မှာ မဖြစ်နိုင်ဘူး ဆိုတာ သိပေမယ့် ဗမာလို့ခံယူထားသူတွေက အတွေးနဲ့တောင် မခံမရပ်နိုင် ဖြစ်နေတာတွေ (သမိုင်းကရှိခဲ့တဲ့ မဟာမြတ်မုနိကို ယခုချိန်မှာ အစိုးရကပေးလည်း ပြောင်းရွှေ့လည်း အဲဒီမန္တလေးဒေသက ပြည်သူတွေက လက်ခံမှာမဟုတ်ပါဘူး။… မန္တလေးသားတွေလည်း လက်လွတ်စပယ်ထားတာ မရိုမသေ လုပ်နေတာမှ မဟုတ်တာဘဲ)ကို တွေ့လာရပါတယ်။ ပြီးတော့ ရွှေတွေကများလို့ ပျက်စီးမှာစိုးလို့ စတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ၊ ရွှေတိဂုံနဲ့ မွန်၊ ကရင်နဲ့ ကျိုက်ထီးရိုး စတဲ့ ပြဿနာအသစ်တွေ အစဖော်လာတာမျိုးတွေ၊ ပတ်စ်ပို့ ၇ အုပ်၊ ဗီဇာ အစောင် ၂၀ ဆိုတဲ့ မစူးမစမ်းပေးတဲ့ ဥပမာမျိုးတွေ (အခု မြန်မာနိုင်ငံသားတွေဟာ တခြားနိုင်ငံတွေ သွားရင် ဘယ်နှစ်နိုင်ငံ သွားရင် ပတ်စပို့ ဘယ်နှစ်အုပ် လုပ်ရမယ်လို့များ ပြဋ္ဌာန်း ခံထားရလို့ပါလဲ။) အခု လက်ရှိအတိုင်းပဲ ထားပြီး ရှေ့ဆက် တစ်ဦးကိုတစ်ဦး လေးစားချစ်ခင်မှုနဲ့ စည်းလုံး ညီညွတ်စွာ နေထိုင်သွားကြမယ်ဆိုတဲ့ ရွှေပြည်အေး တရားမျိုးတွေဟာ ဗမာလူမျိုးကြီးဝါဒရဲ့ ကိုယ်ပွားတွေ လိုပါပဲ။
    အနှစ် ၂၀၀ ကျော်ကျော် (၁၁၄၆-၁၃၇၃)ဆိုတာဟာ နှစ်ပရိစ္ဆေဒ ဆိုရင် နှစ်ပေါင်းထောင်ချီ ကိုးကွယ်ခဲ့ သူတွေအဖို့ ဘယ်လို နှိုင်းစာမလဲ။ (မဟာသက္ကရာဇ် ၁၂၃ ခု မြတ်စွာဘုရား ရခိုင်ကိုကြွပြီး စန္ဒာသူရိယ မင်းကြီး လျှောက်ထားတောင်းပန်မှုကြောင့် ဤရုပ်ပွားတော်မြတ်ကြီး သွန်းလောင်းပူဇော်ခဲ့သည်ဟု ရခိုင်ရာဇ၀င်များက ဆိုသည်။ ထိုအချက်သည် ယုံကြည်မှုအရ ပိုလွန်သည်ဟု ဆိုက ဆိုနိုင်သော်လည်း အေဒီ ၄ ရာစုကပင် ဝေသာလီသည် သမိုင်းအချက်အလက်များနှင့်တကွ အခိုင်အမာ ရှိခဲ့ကြောင်း သုတေသီများက တညီတညွတ်တည်း ဆိုခဲ့သည်။ ယင်းထက်စောသော ခေတ်အခါကပင် ဤရုပ်ပွားတော် ရှိခဲ့သည်ဟု သုံးသပ်နိုင်သည့်အတွက် နှစ်ပေါင်း ၅၀၀ ထက် မနည်း ရခိုင်ပြည်တွင် သီတင်သုံးခဲ့သည်မှာ အသေအချာပင်။)

    သို့ရာတွင် ယခု ပြောနေသည်မှာ ပြန်ပင့်မပင့် ကိစ္စထက် သတင်းဖော်ပြချက်ကို မှတ်ချက်ပေးခြင်းသာ။ စည်းလုံးညီညွတ်ရေးကို ပျက်ပြားလို၍လည်း မဟုတ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တောင်းဆိုလို၍လည်း မဟုတ်။ စာနာဖို့ ငါ့စကားနွားရ မလုပ်ဖို့ကို မှတ်ချက်ပြုခြင်းသာ။

  1. ဆရာချစ် said... :

    ဟိုကိစ္စ ဆိုရင်လဲ " တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်လို့မပြောကြနဲ့ " ၊ ဒီကိစ္စဆိုရင်လဲ " အတိတ်ကိုပြန်မလွမ်းကြနဲ့ " ၊ နောက်ကိစ္စ ဆိုပြန်ရင်လဲ " ခင်ဗျားတို့က ခွဲခြားခွဲခြားနဲ့ ဘာလဲ ပြည်ထောင်စုစိတ်ဓါတ် မရှိကြဘူးလား " ။ ကဲ တိုင်းရင်းသားအပေါင်းတို့ရေ ၊ ပါးစပ်ကိုပိတ် တော်ရာမှာသာ သွားအိပ်ကြပေတော့ ။

  1. Anonymous said... :

    သမိုင်းမှာ ဗမာတွေလဲ ဒီဘုရားကို အလကားယူသွားတာ မဟုတ်ပါ။ စစ်တိုက်ပြီးမှ ရတာပါ။ ရင်းရတာတွေရှိပါတယ်။ ပြန်လိုချင်ရင် တိုက်ပြီးပြန်ယူပေါ့။ ဘာလို့ အလကားလိုချင်ရတာလဲ။

  1. Anonymous said... :

    အဲပါ အလကားမယူပါဘူး တိုက်ပြိးမှ ယူမှာပါ စိတ်ချ

  1. Anonymous said... :

    ဒီကိစ္စမှာ ဘုရင့်နောင်အင်ပါယာကို ရခိုင်အင်ပါယာဘုရင် မင်းရာဇာကြီး တိုက်ခိုက်သိမ်းပိုက်တာ၊ ဗမာနန်းခေါင်းမိုးရွှေအတိဆိုတာ၊ လက်ရှိမန္တားလေးသားတွေက ဂရုစိုက်တာ စတဲ့ထိုထိုကိစ္စတွေနဲ့ ဘာမှမဆိုင်ဘူး။ ဘုရင့်နောင်ပိုင်တဲ့ပစ္စည်းတွေကို ဘိုးတော်တိုက်ပြီးပြန်ယူသွားပြီးဘဲ။ အဲဒီပစ္စည်းတွေဆိုတာလေ့ မူလဗမာပိုင်ပစ္စည်းတွေမဟုတ်ဘူး။ ရခိုင်ဘုရင်မင်းရာဇာကြီးက ယိုးဒယားကိုတိုက်ပြီး ရလာတဲ့ပစ္စည်းတွေပါ။ ဘာဘဲပြောပြော အဲဒီပစ္စည်းတွေကို ဗမာတွေရလိုက်ပြီးဘဲ။ တော်ပေါ့။ မဟာမြတ်မုနိနဲ့ဘာမှမဆိုင်တာ။ မဟာမြတ်မုနိကို မန္တလေးမှာထားတာဟာ ရခိုင်ပြည်သူတွေရဲ့ နှလုံးသားကို မန္တလေးမှာ အကျဉ်းချထားတာနဲ့အတူတူဘဲ။ အောက်ကတစ်ယောက်ကပြောနေတယ်။ ဒီပစ္စည်းကို တိုက်လို့ယူခဲ့တာတဲ့။ ပြန်လိုချင်ရင်တိုက်ယူပါတဲ့။ ကောင်းပါပြီဗျ။

  1. Anonymous said... :

    စစ်ကြေငြာနေပီဟေ့....တိုက်ယူတဲ.....

  1. Anonymous said... :

    တိုက်ယူတဲ........ ???????

  1. Anonymous said... :

    ဘုရားကစ္စဆိုပေမယ့် ဒီအတိုင်း လွယ်လွယ်ကူကူ ပြန်လည် ပင့်ဆောင်လို့ မရဘူးဆိုတာ နားလည်ပြီးသားပါ။ မပူပါနဲ့၊ တိုက်ယူရမှာ အသေအချာပါ။

  1. This comment has been removed by the author.
  1. Anonymous said... :

    ပါးရိုက်ခဲ့တဲ့လူက အရိုက်ခံရသူကို ဆော်ရီးဗျာ--အတိတ်ကဟာတွေ အတိတ်မှာ ဘဲ ထားလိုက်ပါတော့ ဒေါသဆိုတာ-မာနအာဃ တတွေဟာမီးလိုပူလောင်စပါတယ်ဗျာ မေ့ပစ်လိုက်ပါ - ကျွန်တော်တို့ကတော့ ဒီလို အမှတ်မထား တတ်ပါဘူး လို့ တရားပြ ရတာလွယ်ပေမယ့် ပါးရိုက်ခံထားရသူ ဘက်ကတော့ ဒီလောက်သဘောထားကြီးဖို့ဆိုတာ မလွယ်ပါဘူးဆိုတာကတော့ နားလည်နိုင်ပါတယ်။
    ဒီတော့ အပေါ်စီးရထားတဲ့ လူတွေက ပိုပြီးသဘောထားကြီးကြဖို့တော့လိုပါတယ်။ ဘာဘဲဖြစ်ဖြစ် သူ့အမြင်ကိုယ့်အမြင် ဖတ်ရ တာကောင်းပါတယ်ယဉ်ယဉ်ကျေးကျေး
    လေးတော့ ဖြစ်စေချင်ပါတယ်။

  1. Anonymous said... :

    (၁)မဟာမြတ်မုနိဘုရားသမိုင်းနဲ့ရွှေတိဂုံ/ကျိုက္ကထီးရိုး သမိုင်းတွေဟာလုံးဝကွဲပြားခြားနားတဲ့ ဖြစ်စဉ်တွေဖြစ် ပါတယ်။
    (၂) မဟာမြတ်မုနိဘုရားကို ဗမာတွေ ဒီလောက် တန်ဖိုး ထားတတ်ရင် သားရင်းသမီရင်းတွေဖြစ်တဲ့ ရခိုင်ပြည်သူ လူထုက ဘုရာကြီးကို ဘယ်လောက် တန်ဖိုး ထားကြမယ်ဆိုတာ နာလည်လက်ခံ သင့်ပါတယ်။
    (၃)မဟာမြတ်မုနိမှာ ယခုကပ်ထားတဲ့ရွှေတွေဟာ ရခိုင်ပြည်သူလူထုအတွက် ဆိုရင် ရခိုင်ပြည်က ဘုရားကြီးကို ပင့်ဆောင်သွားတုံးက ဘုရားဆင်ထုတော်မှာကပ်ပါသွားတဲ့ မြေမှုန့်လောက်မှ တန်ဖိုးမရှိပါဘူး။ဘုရားကိုလိုချင်တာပါ ရွှေမဟုတ်ပါ-
    (၄)ပိုင်ရှင်က ငါ့ပစ္စည်း ပြန်ပေးလို့ပြန်တောင်းတာ ကို မတရားဘူး အဓိပ္ပါယ်မရှိဘူး ဆိုတဲ့လူတွေက သူတို့ကဘဲတရားမျှတသယောင် ပြောနေတာရှက်ဖွယ်ကောင်း လှပါတယ်။
    (၅)ပြန်တိုက်.ယူပါ ဆိုတဲ့လူအတွက်ကတော့--ဒီလိုဗမာတွေကြောင့်ယနေ့ပြည်တွင်းစစ်မီး
    တောက်လောင်နေရတယ်ဆိုတာ ပြောချင်ပါတယ်။ခင်ဗျားက နအဖ စစ်ဗိုလ်တစ်ယောက်များလား။
    (၆)တစ်ခုမေးခွင့်ပြုပါ--ကျွန်တော်တို့ ယခုတာင်းဆိုနေကြတဲ့ ဒီမိုကရေစီဆိုတာ နအဖထက်ဆိုးတဲ့ ဒီမိုကရေစီများ ဖြစ်နေကြပါသလား။

  1. Anonymous said... :

    irrawaddy should not share only this post out of the many. If you want to create a debate, a more balanced idea or the two different opinions should be posted to open the floor for opinions and discussion. This kind of subjective post risks the reputation of the news agency, and depicts the image or stand of the agency itself.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved