တရားခံ ဘယ်သူလဲ

Wednesday, July 27, 2011


စတီဗင် လောနဲ့ ရှစ်လုံး

လူမျိုးရေး ဘေးတီးမှုဆိုတာ လုပ်ကောင်းတဲ့ အရာမဟုတ်ပါ။

နော်ဝေမှာ မွတ်ဆလင် ဆန့်ကျင်ရေးသမား လက်ယာ အစွန်းရောက် နော်ဝေနိုင်ငံ ငယ်မွေးခြံပေါက် ဘရီဗစ်က သူ့နိုင်ငံသားတွေကို သူ အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ်။ အစိုးရက မွတ်ဆလင်တွေကို နိုင်ငံတွင်း သွင်းလာလို့ တဲ့။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးကတော့ လူမျိုးစုံ ယဉ်ကျေးမှုစုံ နိုင်ငံရေးကို လက်မခံနိုင်ရင် “ဂိုးတော့” လို့ ပြောပါတယ်။ သူတို့က ဒီမိုကရေစီနဲ့ ထင်သာမြင်သာသော တရားဥပဒေ ကွပ်ညှပ်တဲ့ တိုင်းပြည်။ အစွန်းရောက်တာက တမျိုး ...။

မြန်မာပြည် အစိုးရ ဆိုသူတွေကရော ... သူတို့ လက်တဆုပ်က တရုတ်နဲ့ ကြည်နေပါတယ်။ ပြည်သူအများစုကတော့ လူထု အကျိုးကို မရှေးရှု၊ ပေါက်ဖော် အကျိုး ရှေ့ရေးတင်မှုကြောင့် စိတ်ကွက်နေပါတယ်။

အစိုးရ ကိုယ်နှိုက်က လူမိုက်အားပေးကြောင့် ပြည်သူက ကိုယ်ခံအားကောင်းရတော့တာ အပြစ်လို့ ဆိုသာသလားဆိုတာ မေးခွန်းထုတ်ရမယ့် အချိန်ပါ။

ရှစ်လုံးခေါ် တင်အောင်မြင့်ဦးဟာ တရုတ်လက်ကို မြန်မာတည်းဟူသော သမီးကညာကို ဆက်နေတယ်လို့ ပြောသံတွေလည်း ညံနေပါပြီ။ သမ္မတ သိန်းစိန်ကိုယ်၌က ဇာတ်မတိုက်ဘဲ တက်ကရတဲ့ မင်းသားကြီးလို လိမ်ဖယ်ဖယ်နဲ့ပါပဲ။ မင်းသားကြီး စဖြစ်တာနဲ့ တရုတ်နဲ့ စာချုပ်ကိုးခုကို လက်မှတ်ထိုးပေးပါတယ်၊ ငွေပေး ... သယံဇာတယူ ပေါ့။

အစိုးရအမည်ခံသူ ကိုယ်တိုင်က မကောင်းတော့ ကိုယ့်ဖာသာ ကာကွယ်ကြမှာ သဘာဝပါပဲ။

နောက်ဆုံး တရုတ်က ဧရာဝတီမြစ်ကြီးကို ပါးပါးလှီးရေး မြန်မာအစိုးရဆိုတာတွေက ထိုးအပ်နေတာကို ပြောတဲ့သူတွေထဲမှာ ပြည်သူတွေက အများစုပါ။

နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ ရှိနေလို့ ... မဟာဗျူဟာ ဆက်ဆံရေး ... ဘာညာ ... ထားလိုက်ပါ။

မဟာဗျူဟာ ဆက်ဆံရေးလား ... ငါတဘို့ ကောင်းစားရေးလား မေးခွန်း ကောင်းကောင်း ထုတ်ရတော့မှာပါ ...

မြန်မာ အစိုးရဆိုသူ ဗိုလ်ချွတ်များ ... ဘာလဲ ... ဘယ်လဲ ...

နေဦး ... ဒါဖတ်ပြီးမှ ဆုံးဖြတ် ... ဒီ “ ထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ ” ဆိုတဲ့ ဆောင်းပါးကို အရင်ဖတ်ပါ။

11 comments :

  1. kolu said... :

    ဘယ်သူအစွမ်းအစရှိလဲ နောက်ငါးနှစ်ထပ်တတ်လုပ် ဘေးကနေပြီး ဂဏာန်းမလုပ်နဲ့ဘေးလွယ်အိတ် မလုပ်ပါနဲ့ နောက်ငါး နှစ်ကိုယ့်ဘာသာကိုယ်စွမ်းပါတယ်ထင်ရင် ပါတီထောင် လွတ်ထဲဝင်ပြိုင်ပြီးရင် မကြိုက်တဲ့ ဥပဒေကို ပြင်လို့ရတယ် မင်းတို့မှာအစွမ်းရှိမယ်ဆိုရင် .....နိုင်ငံခြားမှာနေပြီး ချီးစကားမပြောပါနဲ့

  1. Anonymous said... :

    တယောက်တော့ ထိပြီ ... စိတ်ဓာတ်စစ်ဆင်ေ၇းကလား ... ပြန်ကြားေ၇းကလား မသိ ... အနာပေါါ် ဒုတ်ကျ
    ချက်ချင်း အော်တယ်

  1. Anonymous said... :

    စကားကောင်း ပြောတာတောင် ချီးစကားထင်နေပုံထောက်တော့ ကြားနေကျ ဗိုလ်ရှုပ်တွေ စကားမှ အကောင်းထင်ပုံရတယ်။ သယ်ရင်း မင်း အယူတွေ ပြောင်းပြန်ဖြစ်နေတယ်။

  1. မောင်ကောင်း said... :

    သြော်.. အသားထဲကထွက်တဲ့လောက်လို့တောင်မသုံးသင့်တော့ပါဘူး၊ တိုင်းပြည်နဲ့လူမျိုးကို နေ့စဉ်နဲ့အမျှဒုက္ခပေးနေတဲ့၊ တိုင်းပြည်အုပ်ချုပ်ဖို့တိုးတက်ဖို့ကို (တံတားခင်း၊လမ်းဖေါက်၊ပန်းခြံထွင်) တာကလွဲလို့ဘာမှမတတ်တဲ့၊ ပြည်သူလူထုကဝမ်းပန်းတသာအားကိုးတကြီးနဲ့ တင်မြှောက်ရွေးချယ်ထားတာလဲမဟုတ်တဲ့ အာဏာရူးလူရမ်းကားတစုကို ဒေါက်ထောက်ပေးနေတဲ့ဒေါက်တိုင်လေးတွေကတော့ အနာပေါ်ဒုတ်မကျလဲ ဆတ်ဆတ်ထိခါ ဆတ်ဆတ်ထိနာ နေကြတာပါပဲ၊ သူတို့ ထောက်ပေးနေရတဲ့ လှည်းအိုကြီးတွေဆွေးမြေ့သွားတဲ့တနေ့ ဒေါက်တိုင်တွေလဲ ရာဇဝင်လူဆိုးတွေလို သမိုင်းမှင်နီတို့ခံရအုန်းမှာပါလေ

  1. Anonymous said... :

ှဘာလို့သမိုင်းကိုမှင်နီတို့မှာလဲ..အိုးမဲသုတ်ပါလား..ပိုမြင်သာတာပေါ့

  1. Anonymous said... :

    ပါပါကြီးပြောလိမ့်မယ်...

  1. Anonymous said... :

    အခုယူထားရင် နောင်ပြန်ပေးရမှာပဲ..အခုပေးထားရရင် နောင်ပြန်ရမှာပဲ..လူသန်းငါးဆယ်နဲ့ ဆိုင်တာ လူတစုက ခွဲယူချင်တိုင်း ခွဲယူလို့ ရတာမှ မဟုတ်တာ..အလှည့်ကျမနွဲ့စတမ်းပေါ့..သံသရာက..အရှည်ကြီးရှိပါတယ်..

  1. Muntaine said... :

    ဒါပဲလေ... တိုင်းပြည်ရဲ့သယံဇာတတွေ ပြည်သူတွေရဲ့ စည်းစိမ်တွေကို ဓားပြတိုက် ဂုတ်သွေးစုတ်ပြီး မသဒ္ဓါရေစာ မျိုဆို့နေကြတဲ့ သခင်ကြီးများရဲ့အရိုးအရင်းလေး စားရ အောင်လို့ ဟောင်ပေးနေရတဲ့ နောက်လိုက်ခွေးတွေက စားနေကျ အစာကိုပဲ ပါးစပ်က ပြောထွက်မှာပေါ့... ဒီလို ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ ခွဲခြား မသိကြတဲ့ နောက်လိုက်ခွေးတွေ များများ ရှိနေကြလို့လဲ ကျုပ်တို့ တိုင်းပြည်က မလွတ်လပ်ကြသေးပဲ သူ့ကျွန် ကိုယ်ကျွန် ပြန်ဖြစ်နေကြရတာပဲလေ...ဒီလို ဟောင်ဖို့ အတွက်လဲ လက်သတ်မွေးထားတာတွေက အများကြီးနော်.

  1. Norman said... :

    KO LU SHAME ON YOU!!!
    EVERYONE KNOW YOU GUYS WON THE ELECTION BY MEAN OF CHEATING.
    NOBODY THINK THAT YOU GUYS ARE QUALIFY TO TAKE THE POSITION!
    DON'T JUST BARK AROUND IF YOU THINK YOUR GUYS ARE QUALIFY, JUST WORK HARDER AND PROOF YOURSELF!!!

  1. Anonymous said... :

    Don't worry!! He don't know english.He's just military dog..:):)

  1. aung zin said... :

    kolu အခြေခံဥပဒေ လေကိုသေချာလေ့လာပါ။ မကြိုက်တဲ့ဥပဒေကို ပြင်ဖို့ လွှတ်တော်ကိုတင်သွင်း၇င် ပါလီမာန် အမတ် ရ၅ ၇ာခိုင်နူန်းထောက်ခံရမယ်တဲ့ (အဲဒီဥပဒေကို ကမ္ဘာကို ချပြ၇ဲလာ)။ ပြင်လို၇ဦး လိုအပ်ရင်တပ်မတော်က အာဏာသိမ်ပိုက်နိုင်သည်တဲ့..အခြေခံဥပဒေကို လက်တကမ်း လေ့လာနိုင်တဲ့ပြည်တွင်းကနေပြီးတော့ လူစကားတော့ပြောပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved