လူမျိုးရေး ဘေးတီးမှုဆိုတာ လုပ်ကောင်းတဲ့ အရာမဟုတ်ပါ။
နော်ဝေမှာ မွတ်ဆလင် ဆန့်ကျင်ရေးသမား လက်ယာ အစွန်းရောက် နော်ဝေနိုင်ငံ ငယ်မွေးခြံပေါက် ဘရီဗစ်က သူ့နိုင်ငံသားတွေကို သူ အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ်။ အစိုးရက မွတ်ဆလင်တွေကို နိုင်ငံတွင်း သွင်းလာလို့ တဲ့။
နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးကတော့ လူမျိုးစုံ ယဉ်ကျေးမှုစုံ နိုင်ငံရေးကို လက်မခံနိုင်ရင် “ဂိုးတော့” လို့ ပြောပါတယ်။ သူတို့က ဒီမိုကရေစီနဲ့ ထင်သာမြင်သာသော တရားဥပဒေ ကွပ်ညှပ်တဲ့ တိုင်းပြည်။ အစွန်းရောက်တာက တမျိုး ...။
မြန်မာပြည် အစိုးရ ဆိုသူတွေကရော ... သူတို့ လက်တဆုပ်က တရုတ်နဲ့ ကြည်နေပါတယ်။ ပြည်သူအများစုကတော့ လူထု အကျိုးကို မရှေးရှု၊ ပေါက်ဖော် အကျိုး ရှေ့ရေးတင်မှုကြောင့် စိတ်ကွက်နေပါတယ်။
အစိုးရ ကိုယ်နှိုက်က လူမိုက်အားပေးကြောင့် ပြည်သူက ကိုယ်ခံအားကောင်းရတော့တာ အပြစ်လို့ ဆိုသာသလားဆိုတာ မေးခွန်းထုတ်ရမယ့် အချိန်ပါ။
ရှစ်လုံးခေါ် တင်အောင်မြင့်ဦးဟာ တရုတ်လက်ကို မြန်မာတည်းဟူသော သမီးကညာကို ဆက်နေတယ်လို့ ပြောသံတွေလည်း ညံနေပါပြီ။ သမ္မတ သိန်းစိန်ကိုယ်၌က ဇာတ်မတိုက်ဘဲ တက်ကရတဲ့ မင်းသားကြီးလို လိမ်ဖယ်ဖယ်နဲ့ပါပဲ။ မင်းသားကြီး စဖြစ်တာနဲ့ တရုတ်နဲ့ စာချုပ်ကိုးခုကို လက်မှတ်ထိုးပေးပါတယ်၊ ငွေပေး ... သယံဇာတယူ ပေါ့။
အစိုးရအမည်ခံသူ ကိုယ်တိုင်က မကောင်းတော့ ကိုယ့်ဖာသာ ကာကွယ်ကြမှာ သဘာဝပါပဲ။
နောက်ဆုံး တရုတ်က ဧရာဝတီမြစ်ကြီးကို ပါးပါးလှီးရေး မြန်မာအစိုးရဆိုတာတွေက ထိုးအပ်နေတာကို ပြောတဲ့သူတွေထဲမှာ ပြည်သူတွေက အများစုပါ။
နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ ရှိနေလို့ ... မဟာဗျူဟာ ဆက်ဆံရေး ... ဘာညာ ... ထားလိုက်ပါ။
မဟာဗျူဟာ ဆက်ဆံရေးလား ... ငါတဘို့ ကောင်းစားရေးလား မေးခွန်း ကောင်းကောင်း ထုတ်ရတော့မှာပါ ...
မြန်မာ အစိုးရဆိုသူ ဗိုလ်ချွတ်များ ... ဘာလဲ ... ဘယ်လဲ ...
နေဦး ... ဒါဖတ်ပြီးမှ ဆုံးဖြတ် ... ဒီ “ ထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ ” ဆိုတဲ့ ဆောင်းပါးကို အရင်ဖတ်ပါ။
ဘယ်သူအစွမ်းအစရှိလဲ နောက်ငါးနှစ်ထပ်တတ်လုပ် ဘေးကနေပြီး ဂဏာန်းမလုပ်နဲ့ဘေးလွယ်အိတ် မလုပ်ပါနဲ့ နောက်ငါး နှစ်ကိုယ့်ဘာသာကိုယ်စွမ်းပါတယ်ထင်ရင် ပါတီထောင် လွတ်ထဲဝင်ပြိုင်ပြီးရင် မကြိုက်တဲ့ ဥပဒေကို ပြင်လို့ရတယ် မင်းတို့မှာအစွမ်းရှိမယ်ဆိုရင် .....နိုင်ငံခြားမှာနေပြီး ချီးစကားမပြောပါနဲ့