ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် အကြား နွေးထွေးသော ဆက်ဆံရေးကို မတွေ့ရဘဲ နှစ်ဦးစလုံးရဲ့ မျက်နှာမှာ (ဓာတ်ပုံပါအတိုင်း) အများအားဖြင့် အနည်းငယ်တင်းမာနေပြီး ပြုံးရွင်သည့် အမူအယာများ မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် သတင်းထောက်များက ဆိုကြပါတယ်တဲ့။ သတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ ဖတ်ပါ။
၂၀၀၇ ကနေ အခုအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ၁၀ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။
ဒေါ်စု မျက်နှာ ကို ဖတ်ရသလောက်တော့ (ဓာတ်ပုံတွေ မှာဖော်ပြသလောက်ပေါ့လေ) တခုခု အဖုအထစ် တွေ့ ခဲ့ပုံလား ဘဲ။
ပူးတွဲ ကြေငြာချက် က လဲ အလွန်အမင်း သံတမန် ဆန်နေတယ်။
လာရောက်တွေ့ ဆုံခဲ့ပါသည် ---ဆိုတာလဲ သိပ်ဘ၀င်မကျဘူး ဗျ။
အလိမ်ခံရဖန်များလွန်းလို့  သံသယတွေများနေတာလားလို့ လဲ ကိုယ့်ဘာသာ ကိုယ် ဆန်းစစ်နေမိပါတယ်။
ကောင်းသောနိဒါန်း၏ အစ ဖြစ်ပါစေလို့ ဘဲ ဆုတောင်းနေမိကြောင်းပါ ခင်ဗျာ။