သတင်းစာများက ပြောတဲ့ မြန်မာပြည်

Friday, July 22, 2011

ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈

လူသားတွေရဲ့ မှတ်ဉာဏ်ထဲက သက္ကရာဇ် အဟောင်း နေစွဲ့ အဟောင်းတွေကို ပြန်လည် တူးဖော်ကြည့်မိရင် လွန်ခဲ့တဲ့ ၂၃ နှစ် အခုလို ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြည်မြို့က လူမျိုးရေးပဋိပက္ခတွေကို ထိန်းသိမ်းနိုင်ဖို့ မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းက သူရဲ့ ဇာတိမြို့ဖြစ်တဲ့ ပြည်မြို့ကို စစ်အုပ်ချုပ်ရေးလက်ထဲ စတင်အပ်ခဲ့တဲ့နေ့ ဖြစ်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။

ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈

ဇူလိုင် ၁၅ရက်နေ့ညက လက်ဖက်ရည်ဆိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ မီးသတ်ရဲဘော်တယောက်နဲ့ လူငယ် ၃ယောက် ရန်ပွဲကနေ စတင်ခဲ့တဲ့ အဓိကရုဏ်းတွေဟာ အဆုံးသတ်မှာတော့ အုပ်ချုပ်ရေးပိုင်းက မြို့နယ် ပါတီကောင်စီတွေရဲ့ အိမ်တွေနဲ့ ရဲစခန်းတွေကိုပါ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်၊ ဒါကြောင့် ဇူလိုင်လ ၂၁ရက်နေ့မှာတော့ တမြို့လုံး မီးဟုန်ဟုန်းတောက်ခဲ့ပါတယ်။


ဗိုလ်တထောင် သတင်းစာ၊ ၂၃-၇-၈၈

ဇူလိုင်လ ၂၂ရက်နေ့ ညပိုင်းမှာ အမှောင်ထုကို အကာအကွယ်ယူကာ ဗိုလ်မှူးကြီး အေးကျော် (ပြန်ကြားရေး ၀န်ကြီး ဟောင်း- ကွယ်လွန်) ဦးစီးပြီး တပ်မ ၆၆ က ပြည်မြို့ကို စတင်ဝင်ရောက် နေရာယူ ထိန်းသိမ်းခဲ့ပါတယ်။ အခုပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေတဲ့ သူရ ဦးရွှေမန်းက တပ်ရင်းမှူးအဖြစ် ပါဝင်ခဲ့ပါတယ်။

ဗိုလ်တထောင် သတင်းစာ၊ ၂၈-၇-၈၈

နောက်တနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ သမ္မတကြီး ဦးနေ၀င်းရဲ့ ဘ၀မှာ နောက်ဆုံးမိန့်ခွန်း ဖြစ်တဲ့ သမိုင်းဝင် “အိုကေ” ဟုပြောဆိုသည့် မိန့်ခွန်းကို ပြောကြားကာ သမ္မတအဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။

ရန်ပိုင်
(သတင်းစာ ဖြတ်ပိုင်းပုံများကို စောသက်လင်း ဘလော့ဂ် မှ ယူပါသည်။)

1 comments :

  1. thiha nyi said... :

    thanks. Irrawaddy

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved