ဘောပွဲပျက်မှု သတင်းစာထဲ မထည့်

Friday, July 29, 2011

အိုမန်အသင်း အရံလူတွေ ပရိသတ်တချို့ရဲ့ လက်နက်ငယ်ရန်က တိမ်းရှောင်နေရပုံ (ဓာတ်ပုံများ-ဧရာဝတီ)

မနေ့က ညနေပိုင်း သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယအကျော့ မြန်မာ-အိုမန် ပွဲစဉ် အရုပ်ဆိုးဆိုးနဲ့ ရပ်လိုက်ရတာကို သတင်းစာတွေထဲ မတွေ့ရပါ။
ပရိသတ်ဆီက အရာဝတ္ထုမျိုးစုံ ကွင်းထဲ ပျံဝဲလာတာကြောင့် ပထမပိုင်း မပြီးခင်မှာတင် ပွဲကို ရပ်လိုက်တာပါ။ ပျက်သွားပါတယ်။
သတင်းစာထဲ မပါတော့ မိုးလုံးပြည့်ဘာညာကွိကွ တံဆိပ် အတပ်ခံထားရတဲ့ ရေဒီယိုအသံလွှင့်ချက်တွေကို ပရိသတ်က စောင့်နားထောင်ကြမယ် ထင်ပါတယ်။
ဂျာနယ်တွေထဲ ပါမှာပဲ ဆိုပြီး ဂျာနယ်တွေကို အားကိုးကြပါလိမ့်မယ်။

အားပေးချက်တွေထဲမှာ ရေဗူးလည်း ပါပါတယ်။
ပွဲကြည့်စင်ပေါ်က တဟုန်ထိုးဝဲပျံလာတဲ့ ရေဗူး မှန်လိုက်ရင်တော့ မသက်သာပါ

ရေဗူးပျံများ ရောက်မလာမီပုံ

ဂိုးသွင်းပြီး အောင်ပွဲခံနေသူတဦး

ပင်နယ်တီ

ပွဲပျက်သဖြင့် ၂ ဂိုးသာ ပေးလိုက်ရသည့် မြန်မာအသင်း

27 comments :

  1. ဒီ post ကို ကြည့်ရတာ အခု လို ပွဲပျက်သွားတာကို မကောင်း သတင်းရေးဖို့ ရသွားလို့ တော်တော်ကြီး ပျော်နေတဲ့ပုံဘဲ...
    ဒီ comment ကိုလဲ တင်ပေးမှာ မဟုတ်ဘူး ဆိုတာလဲ ကြိုသိနေပါတယ်..... :D
    ဘာမှကို မပြောလိုတော့ပါဘူး....နှစ်ဘက်စလုံး အစုတ်ပလုတ်တွေကြီးဘဲ....

  1. Anonymous said... :

    yeah. now we see irrawaddy approved your comment and you are the worst of those a sote pa lote, you idiot.

  1. Anonymous said... :

    ကို ဟိန်းထက်ဇော် သတင်းသမားက သူအလုပ်သူလုပ်တယ်။ အရှိကို အရှိအတိုင်းပြောရတယ် ဆိုတာ နားလည်းအောင် လေ့လာထားပါ။ နှစ်ဘက်စလုံး အစုတ်ပလုတ်တွေ ဆိုရင် ပြတ်သားတဲ့ အမြင် မရှိသေးလို့ ဖြစ်မယ်။ အဆိုးအကောင်း ခွဲခြား လို့ မတက်သေးလို့ ဖြစ်မယ်။ ဘယ်ကြားမှာ နေမလို့ လဲ။ ကိုဟိန်းထက်ဇော် ကို ဝေလေလေ ပါကွာ အစုတ်ပလုတ် လောက်တောင် အသုံးမကျတဲ့ လူပါဆိုရင် ဝေဖန်ပြီးဆိုရင် ကျေနပ်လိုက်ပါ။ ကမ်းမမြင် လမ်းမမြင် ဟိုဘက်ကမ်းဆီ မရောက် ဒီဘက်ကမ်းလည်း မရောက်တဲ့ တေလေဂျပိုး အဆင့်လောက်သာ ရှိတဲ့ သူလို့  မြင်ပါတယ်။ ကိုယ့်ဘာသာ ကိုယ်သုံးသပ်ကြည့်ပါ။

  1. Hein Htet Zaw ငပေါလေး

    မင်းတို့အဖေတွေလက်အောက်က မြန်မာ့ဘောလုံးအဆင့်အတန်းကို နိုင်ငံတကာက မသိ သိအောင် ကြေငြာနေတာလား..... မိုးကြိုးပစ်တာကို ထန်းလက်နဲ့မကာနဲ့... ဖင်ကွဲတတ်တယ်။

    ပုံ

    သိန်းဂိန်

  1. than naing said... :

    သတင်းရေးရတာပျော်ရမှာလားကွာ...စဉ်းစားကွာ မိတ်ဆွေ...

  1. par par said... :

    ပွဲပျက်တာပဲကောင်းပါတယ်။မပျက်ရင်ဂိုး ဒါဇင်ကျော် သွားနိုင်တယ်။

  1. Anonymous said... :

    Hey Hein Htet Zaw, are you stupid? or are you a generation of Burmese military? If you are not. I can tell you are not enough (still young)to comment on the news. Because the news is already flew from several medias. Let me suggest you. You still have to study Journalism ethic. Success! boy!

  1. Ohh~ Sorry I am wrong, :D I just check right now. Thanks !

  1. Hein Htet Zaw ကိုပြောတဲ့ သူတွေ အရင်ပြန်စဉ်းစားကြည့်စမ်းပါ။ ဧရာဝတီကရေးထားတဲ့ အရေးအသားကို " ပွဲပျက်သဖြင့် ၂ ဂိုးသာ ပေးလိုက်ရသည့် မြန်မာအသင်း " တဲ့။ ကိုယ့်မြန်မာတွေကို ကိုယ်ကိုတိုင်မှ အထင်မကြီးရင် ဒီကမ္ဘာပေါ်မှာ ဘယ်သွားသွား မြန်မာလူမျိုး ခွေးကတိုးဝက်ဝင် ဘ၀ကတက်မှာမဟုတ်ဖူးး။ မင်းတို့ ကို ခုပြောနေတဲ့ ငါနဲ့ ဟိန်းထက်ဇော်ဆိုတာ တတိယနိုင်ငံရောက်ပြီး ဆူရှီလိပ်စားပြီး ကိုယ့်အမျိုးဂုဏ်ကိုယ်ဖျက်နေတဲ့ လူစားမျိုးတွေလဲ မဟုတ်ဖူး။ ယိုးဒယားနယ်စပ်မှာ သရက်သီးသနပ်ကိုင်ရင်းနဲ့ စစ်အစိုးရကို ထာဝရ အိပ်မက်ရှည်ကြီးနဲ့ တော်လှန်ပုန်ကန်နေကြတာမဟုတ်ဖူး။ စင်္ကာပူမှာ ကျောင်းတက်စာသင်ပြီး ကိုယ်တတ်တဲ့ ပညာအရည်အချင်းနဲ့ Donar ပေးတာမမျှော်ပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုးစစ်စစ်တွေကွ။ ဧရာဝတီကိုလဲ တခုတောင်းပန်ချင်တယ်။ သိမ်းကြုံးပြီးရမ်းတာမဟုတ်ပါဖူး။ ဒီကွန်မန့်ကို တင်ပေးပါလို့လဲ တောင်းဆိုချင်တယ်။ တခါတလေ အရေးသားတွေကို စာဖတ်ပရိတ်သတ်က ဝေဖန်ရင် လက်ခံပေးပါ။ ဧရာဝတီဆိုတာ ကျွန်တော်တို့ နိုင်ငံခြားမှာနေတဲ့ သူတွေ အမြဲဖတ်နေရတဲ့ ဆိုဒ်တခုပါ။ ဒီလောက်ပါပဲ..။ ကျေးဇူးတင်စွာဖြင့် ညဏ်လင်း...

  1. ကိုဟိန်းဇော်ထက်ကိုရော ကိုဥာဏ်လင်းကိုရော ပြောပြချင်ပါတယ်ဗျာ ကျွန်တော်လည်း IT ပညာကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မြန်မာစစ်စစ်တစ်ယောက်ပါ.. အမျိုးကိုချစ်တဲ့စိတ်လည်းရင်ထဲမှာအပြည့်ပါဗျာ.. ဘယ်သူတွေ ဘာတွေလုပ်လုပ် လူမျိုးခြားတွေ အားလုံးက ကဲ့ရဲ့လောက်အောင်... ကျွန်တော်တို့ မြန်မာပရိသတ်တွေရဲ့ ရုပ်ဆိုးမှုတွေကတော့ ပြောပြစရာမလိုအောင်ရှက်စရာကောင်းနေပါတယ်ဗျာ. သေချာအရင်းအမြစ်ကို စစ်ကြည့်ရင် ဒါဟာ လုံခြုံရေးမကောင်းလို့ လို့ပြောလို့ရပါတယ် ရေဘူးဆိုတာ ကွင်းထဲကို သယ်ခွင့်မရတဲ့ ပစ္စည်းပါ... အခုလိုအဲဒါတွေကို အ၀င်ဝက ဘယ်လုံခြုံရေးက ဘယ်လိုစစ်ပြီးပါလာတာပါလဲဗျာ.. ပြီးတော့ဗျာ.. သတင်းဆိုတာ သတင်းပဲ ဘယ်လိုမှဖုံးမရတဲ့ သတင်းမျိုးကို အမှောင်တော့ ချလို့မရပါဘူး.. ကျွန်တော်တို့ ပြောမိဆိုမိတယ်ဆိုတာကလဲ ဂရုဏာဒေါသောနဲ့ပြောတာပါ.။။ ကျန်တဲ့မြန်မာလူမျိုးတွေကိုလဲမေးကြည့်ပါ.... ဘယ်သူမှ ကိုယ့်အမျိုးကိုမချစ်တဲ့သူမရှိပါဘူး...ဗျာ... ကျွန်တော်ပြောတာကို နားလည်နိုင်ပါစေဗျာ..

  1. Anonymous said... :

    Nyan Lin Htay ..... စင်္ကာပူမှာ ကျောင်းတက် စာသင်ပြီး နေရုံ နဲ့ မြန်မာစစ်စစ် တွေ ဖြစ်သွားရောလား။ ပညာမသင်နိုင်တဲ့ နယ်စပ်က ကလေးတွေ ဗမာပြည်ထဲမှာ ပညာသင်နေတဲ့ ကလေးတွေကရော ဗမာမစစ်တော့ဘူးလား။ ပညာမသင်နိုင်တဲ့ ပညာမဲ့ ကလေးတွေရော။ နိုင်ငံခြားမှာ ဘာလို့ ပညာလာသင်ရတာလဲ နိုင်ငံခြားမှာ ဘာလို့  အလုပ်လာလုပ်ရတာလဲ ဆိုတာ မောင် Nyan Lin Htay ကောင်းကောင်း သိရဲ့လား။ ပညာသင်တိုင်း ပညာတက်တိုင်း လူကောင်းဖြစ်ရောဆိုရင် နအဖသားသမီးတွေ ပညာတက် တွေ စစ်ဗိုလ်သားသမီးပညာတက်တွေ အများကြီး ဝိသမ လောဘသား ချမ်းသာလို့ ပညာတက်တွေ အများကြီး ရှိပေမဲ့ အသိအလိမ္မာ မရှိ တိုင်ပြည်ကောင်းဖို့ စိတ်မရှိ တာကြောင့် အချီးနှီး အရာမရောက် အသုံးမဝင် ဖြစ်နေတယ် ဆိုတာ သိလား။ အတ္တသမား အတ္တ အကျိုးစီပွား သမားတွေက ဒိုနာ ကို ဆဲလိုက် NGO ကို ဆဲလိုက် တော်လှန်ရေး နိုင်ငံရေးသမားတွေကို ဆဲလိုက် သတင်းမီဒီယာ ကိုဆဲလိုက်နဲ့  ပညာတက် ဖြစ်ရုံနဲ့ လူမဖြစ်ဘူး ဗမာစစ်စစ်ဖြစ်ချင်ရင် အများကောင်းကျိုး တိုင်ပြည်ကောင်းကျိုး စဉ်းစား သီခံ တွေးတော လုပ်ဆောင် ကိုယ်ကျိုးစွန့်  အနစ်နာခံ ပါ။ ပညာတက်တယ် ပညာသင်ထားတယ် ဆိုရင် ပညာတက် စကားကို ပြောပါ မောင် ညဏ်လင်း။

  1. Anonymous said... :

    မြန်မာ့အားကစား ကမ္ဘာကို လွမ်းရမည် :D :D

  1. Anonymous said... :

    to Nyan Lin Htay!

    " If sushi men is low life, people who work @s-pore with cheap labour
    and no over time pay shouldn't proud themself."
    I'm not working for sushi bar but i don't like the way you think.

  1. Anonymous said... :

    ဘာကောင်တွေလဲကွာ...
    ဖတ်ပြီး ငြိမ်ငြိမ်မနေဘူး ...
    သူများမကောင်းကြောင်းပြောပြီး
    ကိုယ့်ကိုယ်ကိုယ်ကြေငြာနေတယ် ။

  1. Anonymous said... :

    "ပြည်ပအတိုက်အခံတွေဟာ ထောက်ပံ့ကြေးယူပြီး သူတို့ကောင်းစားရေးလုပ်နေကြတဲ့ လူတန်းစားဆိုတဲ့အမြင်ဟာ မျိုးဆက်သစ်တော်တော်များများရဲ့ ယုံကြည်ချက်ဖြစ်လာခဲ့တယ်။ ပြည်ပအတိုက်အခံတွေမပါဘဲ ပြည်တွင်းအတိုက်အခံတွေဟာ ရှေ့ဆက်လို့မရဘူး ဆိုတာကို ဘယ်သူကမှ ရေလည်အောင် မရှင်းပြနိုင်တဲ့အတွက် ဘလော့ဂ်ရေးနည်းသင်တန်းပေးခဲ့သူတွေရဲ့ အောင်မြင်မှုလို့ ဂုဏ်ပြုလိုက ဂုဏ်ပြုနိုင်ပါလိမ့်မယ်။ ဒီအမြင်ဟာလည်း မြန်မာ့နိုင်ငံရေးရဲ့ ရှေ့အလားအလာပေါ်မှာ အတော်လေး လှုပ်ခတ်လာမှာဖြစ်လို့ စောင့်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ "မင်းအိုချမ်းသာ

  1. Anonymous said... :

    စငကာပူမှာ ပေါ်လီတက်၊လခမဖြစ်စလောက်ရ၊i phone ကိုင်ရရင် သွေးနားထင်ရောက်နေတဲ့ ပေါ့ပျက်ပျက် လူတန်းစား တော်တော် များနေပြီ၊ ကျနော်လဲ စလုံးက ကျွန်ပါဘဲ၊
    ဒါပေမဲ့ အနစ်နာခံ ပေးဆပ်နေသူတွေရှိတာနားလည်တယ်၊ လေးစားတယ်

  1. ဘောလုံးပွဲသတငိးကတော်တော်ရှက်စရာကောင်းပါတယ်၊လုံးဝ(လုံးဝ)မဖြစ်သင့်တဲ့ကိစ္စပါ။ဘယ်သူ့ကြောင့်ဖြစ်ရတာဆိုပြီးအပြစ်ဖို့နေမည့်အစားကိုယ်စီအသိတရားလေးတွေရှိရင်အကောင်းဆုံးပါပဲ။
    (မြန်မာမနိုင်လို့ခဲနဲ့ထုတာမျိုးချစ်စိတ်ဓါတ်မဟုတ်ပါဘူး၊အဲဒါ မျိုးဖျက်စိတ်ဓါတ်တွေပါ၊မျိုးမစစ် စိတ်ဓါတ်တွေပါ။ )

  1. အောင်မျိုးမျိုး said... :

    တကယ်တော့ဗျာ..စစ်အစိုးရမှာလဲ ပေါက်တတ်ကရပြောစရာမီဒီယာရှိသလို. ဒီဘက်အတိုက်အခံမှာလဲ ပေါက်တတ်ကရလုပ်ခွင့်ရှိတာပဲလေ။ တကယ်တော့ ဘယ်သူဘာလုပ်တယ်ဆိုတာ လုပ်တဲ့သူရဲ့အဆင့်အတန်းပေါ်ပဲမူတည်ပါတယ်။ ကျွန်တော်တို့ကတော့ သတင်းမှန်သမျှကိုတော့ဖတ်မှာပဲလေ။ မလိုတာကျော်ဖတ်ပေါ့ဗျာ..နော်...ဧရာဝတီကို ၂/၃ ခါလောက် ကွန်မန့်တင်ဖူးတယ်။ ကျွန်တော်က အဆင့်မရှိလို့ မပါပါဘူး။ ဟိုတစ်ယောက်ကတော့နပ်တယ်။ ဒီကွန်မန့်လဲတင်ပေးမှာမဟုတ်ပါဘူးဆိုတာကြိုသိနေပါတယ်လဲထည့်လိုက်ရော...သူ့ကွန်မန့် ပါလာပါလေရောဗျို့။ တကယ်တော့..မြန်မာလူမျိုးဆိုတာ.................ဟဲဟဲ....
    ဒါပါပဲ။ ၀ိုင်းဆဲကြဦးမှာပါ။ သိတယ်..သိတယ်။

  1. Anonymous said... :

    တကယ်တော့ ဒါက အရင်းစစ်ရင် စစ်အစိုးရကြောင့်ဘဲ။
    စဉ်းစားကြည့်လေ စစ်အစိုးရအောက်မှာ ဘယ်သူတွေ ပညာ ကောင်းကောင်းသင်ရလဲ။ ပြည်သူလူထုတွေ ကို အောက်ကျနောက်ကျ ဖြစ်အောင် စနစ်တကျ သူတို့ လုပ်ခဲ့တာလေ။ နေ၀င်းတသက် 26 နှစ်၊ စောမောင်နဲ့ သန်းရွှေ တသက် 23 နှစ် နဲ့ အခုလာပြန်ပြီ သိန်းစိန် တသက် က ဘယ်လောက်ကြာအုန်းမလဲ မသိဘူး၊ အခု အဖြစ်က သက်သေဘဲ။ တိုင်းပြည်အရင်းအမြစ်တွေ ကို ခိုးလို့ ဘီလီယံနာ ဘယ်နှစ်ယောက် ရှိပါစေ၊ အဲ့ဒီ့ တိုင်းပြည်က မတိုးတက်ဘူး၊ ပြည်သူလူထု အောက်တန်း ကျ နေသရွေ့  အဲ့ဒီ့တိုင်းပြည်က အောက်တန်း ကျ နေမှာဘဲ၊ ပြည်သူလူထု အောက်တန်း ကျ အောင် စနစ်တကျ ဖျက်ဆီးခဲ့တဲ့၊ ဖျက်ဆီးနေတဲ့ စစ်အစိုးရမှာဘဲ တာဝန် အရှိဆုံး။ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရက ပြည်သူလူထု အတွက် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာမြှင့်တင် ပေးလဲ၊ အဲ့ဒီ့တော့ ပြည်သူလူထု က အခုလို အောက်တန်း ကျတော့ မြန်မာတစ်မျိုးလုံး အောက်တန်း ကျတော့တာပေါ့။ ပြည်သူလူထု ဘ၀တွေ မမြင့်မားမချင်း၊ တစ်ဦးတစ်ယောက်ရဲ့ ဘ၀တွေ သာယာလှပ နေပေမဲ့ နိုင်ငံတကာအလယ်မှာ အဲ့ဒီ့ တိုင်းပြည်မှာ ရှိတဲ့ လူမျိုးအားလုံး။ အကုန်လုံး အောက်တန်းကျနေမှာဘဲ။ ဒီအဖြစ်က သက်သေဘဲ။ သိထားဖို့ က ဘယ် ဘီလီယံ မှလည်း ချမ်းသာလို့ ဂုဏ် မရှိသွားဘူး ဆိုတာဘဲ။ အခု ချမ်းသာတဲ့ ဦးဇော်ဇော် ရော၊ အစိုးရ ရော၊ အဲ့ဒီ့ ဘောလုံးပွဲမှာ မပါတဲ့ သူတွေရော ဂုဏ် မရှိသွားဘူး၊ သိထားဖို့ က မြန်မာ ဆိုတာနဲ့ အကုန်လုံး ပါပြီးသားဘဲ။

  1. shwe said... :

    To NLH Don't proud of yourself too much. You think your standard is good enough???? Think of yourself as the lowest standard of Myanmar people. Even you study in Singapore, you have very low knowledge and vision than the other.Just keep studying to get more knowledge.

  1. Anonymous said... :

    ဟိန်းထက်ဇော်ကို ရှေ့နေလိုက်ပေးတဲ့ ဥာဏ်လင်းဌေး၊ အထင်မကြီးတာနဲ့ အမှန်ကို မြင်တတ်တာနဲ့ ကွာတယ်ဆိုတာ တွေးမိအောင် စင်္ကာပူမှာ မသင်ပေးဘူးလား။ မြန်မာနောက်တန်း အနေအထားနဲ့ အဲဒီနေ့က ဆက်ကန်ရင် ဂိုး ထပ်ပြီး ပေးရမှာ အမှန်ပဲ။ ရှေ့တန်း အချိတ်အဆက်မိရင် ချေပဂိုး ပြန်ရမယ်လို့ မျှော်လင့်လို့ ရပေမယ့် ဂိုး ထပ် မပေးရတော့ဘူးလို့ မျှော်လင့်လို့ မရဘူး၊ PS. ကာယကံရှင် ဟိန်းထက်ဇော်က သူမှားသွားတာကို ဆောရီးပြောသွားတယ်။ ဒါပေမယ့် ဥာဏ်လင်းဌေးဆိုပြီး တခါမှ ကွန်မန့် မလုပ်ရသေးတဲ့လူက ၀င်ပြီး ၂ယောက်လုံးက စင်္ကာပူကပါ။ ကိုယ်တတ်တဲ့ ပညာအရည်အချင်းနဲ့ Donar ပေးတာမမျှော်ပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဆိုပြီး အရည်အချင်းကို အပ်ကြောင်းထပ်အောင် ၀င်ပြီး ဘောင်ဘင်ခတ်တာတော့ အရုပ်ဆိုးလှတယ်။

  1. Anonymous said... :

    ဒီကွန့်မန့်တွေ ကြည့်ရတာလည်း တစ်ယောက်နဲ့ တစ်ယောက်ဝိုင်းဖဲ့မယ်ဆိုတာတွေကြီးပါပဲ။ မြန်မာဘောလုံးပွဲတုန်း ကလဲ မြန်မာတစ်ကယ် အရှက်ကွဲခဲ့ရပါတယ်။ ရှုံ့းရင် ရှုံးမဲ မဲမယ်ဆိုတဲ့ အကျင့်ကတော့ အရိုးစွဲနေပါတယ်။ ဒီဘောလုံးပွဲမှမဟုတ်ပါဘူး ဘယ်နေမှာမဆို လူစုစု တွေ့ရင် ၀ိုင်းကြည့်မယ် ။ တစ်ခုခုဆိုရင် ဆွမ်းကြီးဝိုင်းလောင်းမယ်။ အပြစ်ပြောတာမ ဟုတ်ပါဘူ။ အဲဒီစိတ်ဓာတ်လေးတွေ တစ် နေ့မှာ ပျောက်သွားရင် ကောင်းမှာပဲ လို့စိတ်ကူးမိလို့ေ၇းမိတာပါ။တစ်ချို့ရေးတာလဲတွေ့ပါတယ်။ အစိုးရမကောင်းလို့ ဒီလိုတွေဖြစ်နေတာ။ အစိုးရမကောင်းရင် လည်းအဲဒီအစိုးရကို ဒီလိုစိတ်ဓာတ်တွေနဲ့ တော့ဖြုတ်ဖို့ မလွယ် သေးပါဘူး။ အချင်းချင်း စည်းလုံးညီညွတ်ရမယ့်အစား။ အချင်းချင်း စည်းလုံးအောင်လုပ်ရမယ့်အစား ကိုယ်နဲ့ အမြင်းမတူတာတွေ့ရင် အုပ်စုဖွဲ့ဝိုင်း အပြစ်တင်မယ် ၀ိုင်းဖဲ့မယ်ဆိုတာကြီးပါပဲ။ အဲဒီလိုလုပ်တာဟာ အဲဒီလူကို ဟိုဘက်ပို တွန်းပို့ပေးသလိုပါပဲ။ နောက်ပြီး လေနဲ့ အစိုးကို ဖြုတ်နေမယ့်အစား တကယ် လက်တွေ့လုပ်နိုင်ပါစေ လူတော် လူကောင်း တွေ ကိုလည်း ဒီလုပ်ငန်းကြီးမှာ ပါဝင်လာအောင် ဆွဲဆောင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

  1. Anonymous said... :

    ဟုတ်ကဲ့။ ကျွန်တော်ကတော့ ကိုယ့်နေရာ ဘာမှန်းမသိဘဲ အားလုံးကို ခြုံပြီး ဆရာလုပ်တတ်တဲ့ လူတွေကိုတော့ အားမနာတမ်း ဝေဖန်ပါတယ်။ ပုံစံပြရရင် "လေနဲ့ အစိုးကို ဖြုတ်နေမယ့်အစား တကယ် လက်တွေ့လုပ်နိုင်ပါစေ လူတော် လူကောင်း တွေ ကိုလည်း ဒီလုပ်ငန်းကြီးမှာ ပါဝင်လာအောင် ဆွဲဆောင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်" ဆိုတာမျိုးပေါ့။ လေနဲ့ မဖြုတ်ဘဲ ဆန္ဒမဲနဲ့ ရှင်းဖို့ ကြိုးစားပြန်တော့ ကြိုတင်မဲနဲ့ တွေ့တယ်လေ။ ရရာလက်နက်ဆွဲပြီး လက်တွေ့ဆော်ရမလား။ ဆုပဲ မတောင်းပေးပါနဲ့လေ။ ခင်ဗျားလဲ မြန်မာပဲ။ ကိုယ်တိုင် ဘာမှ မလုပ်တော့ဘူးလား။ ကျေးဇူးပြုပြီး ပါဝင်ပေးပါခင်ဗျာ။ ဒါဟာ ခင်ဗျားပြောထားတဲ့ လူတော် လူကောင်းတွေကို ဒီလုပ်ငန်းကြီးမှာ ပါဝင်လာအောင် ဆွဲဆောင်နေတာပါ။

  1. Anonymous said... :

    ဟားဟား ။ကျွန်တော်လက်တွေ့လုပ်နေပါတယ်။ စကားသိပ်မပြောပါဘူး။ မနက်က ကြုံလို့ ၀င်ပြောသွားတာပါ။ဘာလုပ်နေလဲ လာမမေးပါနဲ့။ နိုင်ငံကောင်းအောင် အတတ်နိုင်ဆုံးလုပ် နေတယ်လို့ မှတ်ထားလိုက်ပါ။ ခင်ဗျားလဲ ပါဝင်နိုင်ပါစေဗျာ။

  1. Anonymous said... :

    ခင်ဗျားပြောတဲ့ ဆန္ဒမဲနဲ့ရှင်းရအောင် သူလုပ်တဲ့ပွဲ သူစိတ်ကြိုက်လုပ်မှာ ပေါ့ဗျာ။ ခင်ဗျာ အဲဒါကို သွားမျှော်လင့်နေရင် ရူးနေလို့ပါပဲ။ဘယ်လိုလုပ် ရမလဲ သိချင်ရင် တကယ် လက်တွေ့လုပ်နေတဲ့ လူအားလုံး စိတ်ဓာတ်တကယ်ရှိတဲ့ လူအားလုံးလုပ်တဲ့အခါ ခင်ဗျား ၀င်လုပ်ပေါ့ဗျာ။ ဒါပဲဗျာ။

  1. Anonymous said... :

    စိတ်ဓာတ်တကယ်ရှိလို့ လုပ်တယ်ဆိုတဲ့လူတွေက ဘာစိတ်ဓာတ်ရှိတယ် ဆိုတာတော့ သိဖို့လိုမယ်။ တော်ကြာ ရှိတဲ့စိတ်ဓာတ်က ဘောလုံးပွဲမှာ ဖိနပ်နဲ့ ပေါက်တာမျိုးဆိုရင် ဘယ်လို လုပ်မလဲ။ ဘာလုပ်နေသလဲ မမေးစေချင်ရင် မမေးပါဘူး။ သိပ်ခမ်းနားလို့ ပြောဖို့ အချိန်မကျသေးတာ ဖြစ်နိုင်တယ်။ ပြောပလောက်အောင် မလုပ်ထားလို့လဲ ဖြစ်နိုင်တယ်။ ကြုံလို့ ၀င်ပြောထားပြီး ကြုံလို့ ပြန်ချေပတာမျိုးတော့ လုပ်မယ်ဆိုတာ မှန်းလို့ ရပါတယ်။ ကြုံရင်လဲ ခေါင်းဆောင်ကောင်း ဖြစ်သွားဦးမှာပေါ့။ နောက်တယောက်အတွက်က တိုင်းပြည်မှာ ပြောင်းလဲဖို့ အခွင့်အရေး ရှားပါးတဲ့အချိန် မဲပေးပြီး ပြောင်းလဲဖို့ မျှော်လင့်မိလို့ ရူးတယ်ဆိုရင်တော့ ဘာမှန်းမသိ ညာမှန်းမသိ ကွန်မန့်တွေကို အဖက်လုပ်ပြီး ပြန်ပြောနေတာ သွက်သွက်လည်နေလို့ ဖြစ်မှာပေါ့။

  1. ဝတီ said... :

    စာရေးဆရာတဦး ပြောတာသိပ်မှန်တယ် တို့ဗမာတွေ ၂ ယောက်ရှိရင် ၃ ခြမ်းကွဲတယ် တဲ့ ။ မျှတတဲ့သဘောထား နှင့် တဦးပေါ်တဦး နားလည်နိုင်ကြပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved