မနေ့က ညနေပိုင်း သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယအကျော့ မြန်မာ-အိုမန် ပွဲစဉ် အရုပ်ဆိုးဆိုးနဲ့ ရပ်လိုက်ရတာကို သတင်းစာတွေထဲ မတွေ့ရပါ။
ပရိသတ်ဆီက အရာဝတ္ထုမျိုးစုံ ကွင်းထဲ ပျံဝဲလာတာကြောင့် ပထမပိုင်း မပြီးခင်မှာတင် ပွဲကို ရပ်လိုက်တာပါ။ ပျက်သွားပါတယ်။
သတင်းစာထဲ မပါတော့ မိုးလုံးပြည့်ဘာညာကွိကွ တံဆိပ် အတပ်ခံထားရတဲ့ ရေဒီယိုအသံလွှင့်ချက်တွေကို ပရိသတ်က စောင့်နားထောင်ကြမယ် ထင်ပါတယ်။
ဂျာနယ်တွေထဲ ပါမှာပဲ ဆိုပြီး ဂျာနယ်တွေကို အားကိုးကြပါလိမ့်မယ်။
ဒီ post ကို ကြည့်ရတာ အခု လို ပွဲပျက်သွားတာကို မကောင်း သတင်းရေးဖို့ ရသွားလို့ တော်တော်ကြီး ပျော်နေတဲ့ပုံဘဲ...
ဒီ comment ကိုလဲ တင်ပေးမှာ မဟုတ်ဘူး ဆိုတာလဲ ကြိုသိနေပါတယ်..... :D
ဘာမှကို မပြောလိုတော့ပါဘူး....နှစ်ဘက်စလုံး အစုတ်ပလုတ်တွေကြီးဘဲ....