.
ဒုက္ခဆိုတာ ဘာပါလိမ့်လို့ မေးလာသူ ရှိရင်တော့ အဲဒီလူကို ဆိုမာလီယာ ပို့လိုက်ပါ။
ဆိုမာလီယာ ဆိုတာ ခေတ်သစ်ပင်လယ်ဓားပြတွေ ထွက်ပေါ်နေတဲ့ နိုင်ငံဖြစ်လို့ သင်္ဘောပြန်ပေးဆွဲငွေတွေကြောင့် ဟန်ကျပန်ကျဖြစ်နေတဲ့နိုင်ငံ လို့ ထင်ရင် မှားပါတယ်။
ပင်လယ်ဓားပြတွေထက် အပုံကြီးဆိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ဘာသာရေးအစွန်းရောက် လက်နက်ကိုင်အဖွဲ့လည်း ပါပါတယ်။
မိုးခေါင်ရေရှားဒဏ်ကိုလည်း အကြီးအကျယ် ခံနေရလို့ မြို့တော်ကို နေ့စဉ် ဒုက္ခသည် ရာထောင်ချီ ရောက်နေတယ်၊ ဒါဟာ မြန်မာသတင်း မဟုတ်ပေမယ့် ဧရာဝတီ ပရိသတ် သိသင့်တဲ့အတွက် ဘလော့မှာ တင်ဖို့ သတင်းထောက်ဘကောင်းက အကြံပြုပါတယ်။
ဘီဘီစီဝက်ဆိုက် နိုင်ငံများအကြောင်းစာမျက်နှာမှာ ရေးထားချက်အရ ဆိုရင် ဆိုမာလီရဲ့ ဇန်န၀ါရီလ လွှတ်တော်အစည်းအဝေးကိုတောင် မြို့တော် မိုဂါဒစ်ရှူးမှာ မလုပ်ဖြစ်ဘူး၊ အိမ်နီးချင်း ဂျီဘောက်တီ နိုင်ငံမှာ သွားလုပ်ရတဲ့နိုင်ငံပါ။
နိုင်ငံတကာအဖွဲ့တွေက ဒုက္ခသည်တွေကို ကူညီဖို့ ကြိုးပမ်းပေမယ့် အယ်လ်ရှာဘက် လက်နက်ကိုင်အဖွဲ့က ခွင့်ပြုမှ ကူညီခွင့် ရမှာပါ။
ဒီအဖွဲ့ကလည်း တန်ခိုးထက်ပါတယ်။ မိုဂါဒစ်ရှူးကလွဲလို့ နေရာအတော်များများကို ထိန်းချုပ်ထားတဲ့အဖွဲ့ပါ။
ဆိုမာလီယာ အပါအ၀င် ကင်ညာ၊ အီသီယိုပီးယား၊ ဂျီဘောက်တီ စတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မိုးခေါင်ရေရှားနေလို့ အကူအညီ အကြီးအကျယ် လိုအပ်နေသူပေါင်း
၁၂ ဒဿမ ၄ သန်း ရှိတယ်လို့ ကုလသမဂ္ဂက ပြောကြားကြောင်း Reuters သတင်းတပုဒ်မှာ ဒီနေ့ ရေးထားပါတယ်။
နယူးယောက်တိုင်းမ် သတင်းစာ အင်တာနက် စာမျက်နှာမှာ ဒီရက်ပိုင်းအတွင်း တွေ့ရတဲ့ ပုံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဒုက္ခ အကြီးအကျယ်ရောက်နေတဲ့ ဒီနိုင်ငံ၊ ဒီလူတွေကို ၀မ်းရောဂါ၊ အူယောင်ငန်းဖျားရောဂါတို့ကလည်း ဒုက္ခပေးနေပါတယ်။ (ဓာတ်ပုံ -Tyler Hicks/The New York Times)

ကလေးက ၀က်သက်ရောဂါနဲ့ ဆေးရုံမှာ ဆုံးသွားတာပါ။
ဆေးရုံက တခြားလူနာတွေကိုတော့ ကယ်နိုင်ကောင်းပါရဲ့ လို့ သူက ဆိုပါတယ်။
တခြားလူနာတွေ ဆိုတာက အဲဒီဆေးရုံမှာပဲ ရှိနေတဲ့ သူ့ရဲ့ အရိုးပေါ်အရေတင် ကလေး၂ယောက်ကို ဆိုလိုတာပါ။ (ဓာတ်ပုံ -Tyler Hicks/The New York Times)

(ဓာတ်ပုံ -Tyler Hicks/The New York Times)

ဘာမှ မရှိတဲ့ အစိုးရဆီမှာ အကူအညီသွားတောင်း၊ ဒါမှမဟုတ် ရှာဘတ်အဖွဲ့ ထိန်းချုပ်တဲ့နေရာမှာပဲ ဆက်နေ။
ရှာဘတ်တွေကတော့ သူတို့နယ်မြေထဲ အနောက်တိုင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို အ၀င်မခံပါ။
(ဓာတ်ပုံ -Tyler Hicks/The New York Times)



ကူညီကယ်ဆယ်ရေးဝန်ထမ်းများရဲ့ အဆိုအရ နေ့တိုင်းနေ့တိုင်း ကလေးသေဆုံးမှုက ဒါဇင်နဲ့ချီရှိတယ်လို့ ဆိုတယ်။ ကလေးတွေကို မြေပုံအမှတ်အသားမရှိ မြှုပ်ကြရတယ် တဲ့။
(ဓာတ်ပုံ -Tyler Hicks/The New York Times)
Thanks for the post!