လူထုကြားထဲက သူတို့ နှစ်ဦး

Monday, August 15, 2011

ဆယ်စုနှစ် နှစ်ခုကြာ ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အိမ်နီးချင်းက အမျိုးသမီးဝန်ကြီးချုပ် အသစ်စက်စက်တို့ရဲ့ လှုပ်ရှားမှုပုံတွေပါ။

ထိုင်းဝန်ကြီးချုပ် အသစ်စက်စက် ယင့်လပ် ရှင်နာဝပ်ကို မနေ့က ချင်းမိုင်မြို့ ဈေးတခုထဲမှာ မြင်ရပုံပါ (ဓာတ်ပုံ - EPA)။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မိုးများပြီး ရေကြီးတာကို လာရောက်ကြည့်ရှုစစ်ဆေးရင်း ဒေသခံတွေနဲ့ ရင်းနှီးမှု ယူတာ ဖြစ်ပါတယ်။ သူတို့ ထိုင်းပါတီတွေ မဲဆွယ်တုန်းက ဝန်ကြီးချုပ်လောင်းတွေ ဒေသခံလူထုထဲ ဆင်းပြီး အသားကင်တာ၊ လက်ဖက်ရည်ဖျော်တာတွေကို ပုံတွေ ဒီဘလော့ဂ်မှာ တင်ဖူးပါတယ်။

အောက်ကပုံကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့က ပဲခူးမြို့ ခရီးစဉ်အတွင်း စာကြည့်တိုက်ဖွင့်ပွဲမှာ မြင်ရပုံပါ (ဓာတ်ပုံ - AP)။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ပထမဆုံး နိုင်ငံရေး ခရီးစဉ်ဖြစ်ပြီး ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြသလို အာဏာပိုင်တွေဘက်ကလည်း အကူအညီပေးတယ်လို့ သိရပါတယ်။




5 comments :

  1. Anonymous said... :

    Irrawaddyေ၇

    ယှဉ်မပေးပါနဲ့
    နိုင်ငံအတွက်ပေးဆပ်နေတဲ့ အမေနဲ့ ထိုတယောက်နဲ့ မယှဉ်သင့်ပါဘူး

  1. ko thant said... :

    ဟုတ်ပါတယ်။ ယင်လပ်နဲ့အမေစု လုံးဝမနှိုင်းယှဉ်ကောင်းပါဘူး။ ယင်လတ်က နိုင်ငံရေးလောကထဲကို ၀င်လာတာ လပိုင်းပဲရှိသေးတယ်။ သူတော်တာကို အများကလက်ခံလို့ ၀န်ကြီးချုပ်ဖြစ်လာပေမယ့် သူက အများအတွက် ဘာလုပ်ပေးမလဲဆိုတာကို အခုအထိမသိရသေးပါဘူး။ အမေစုက အများအတွက် ပေးဆပ်လာတာ ဆယ်စုနှစ် ၂ ခုကျော်နေပြီး။ ယင်လတ်လို မိန်းမမျိုးနဲ့နှိုင်းယှဉ်မဖော်ပြသင့်ပါဘူး။

  1. nw said... :

    forget about Su Kyi. just a useless idol.

  1. Dr. Thaung Htike said... :

    To nw said.
    I am Dr. Thaung Htike.
    You dare not mention even your name.
    If you say to other you better show and prove how much you are useful.

  1. Anonymous said... :

    ဟုတ်တယ် တို့အမေစုနဲ့နှိုင်းယှဉ်စရာ ပုဂ္ဂိုလ် မပေါ်သေးဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved