ထောင်ထမင်း ထောင်ဟင်း
Monday, August 8, 2011
ထောင်တွင်း တနေရာ (ဓာတ်ပုံ - ဧရာဝတီ)
ဧရာဝတီရဲ့ သတင်းတပုဒ်မှာ “မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျွေးမွေးသော ထောင်ထမင်းထောင်ဟင်းမှာ လုံးတီးဆန်နှင့် ဆီ အနည်းငယ်မျှပင်မပါသော တာလပေါဟင်းမျှသာဖြစ်ပြီး တပတ်ကို အသား၂ နှပ် ကျွေးကြောင်း၊ အသားဟင်းမှာ များသောအားဖြင့် အမဲသားဟင်းဖြစ်ပြီး အမဲသား မစားသူများအား ကြက်ဥ ၁ လုံး ပေးသည်ဟုဆိုသော်လည်း အာဟာရ မပြည့်ဝမှုများနှင့် ကျန်းမာရေး ချွတ်ယွင်းသူများစွာ ရှိကြောင်း သိရသည်” လို့ ရေးသားဖော်ပြဖူးပါတယ်။
ထောင်ထမင်း ထောင်ဟင်းဆိုတာ ပြောလို့သာ ကြားကြားနေရ၊ မြင်ဖူးသူ ရှားမယ် ထင်ပါတယ်။ ထောင်ကျဖူးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ထမင်းဋီကာ ဖွင့်ကြတာ မကြာမကြာ ကြားဖူးပါတယ်။ မြန်မာပြည်က အကျဉ်းထောင်တွေမှာ ကျွေးတဲ့ ထောင်ထမင်း ထောင်ဟင်းကို မြင်ဖူးအောင် ဖော်ပြလိုက်ပါတယ်။ ရေမရောတဲ့ ထောင်ထမင်း ထောင်ဟင်း ပုံအစစ်ဖြစ်ပါကြောင်း။ (ဓာတ်ပုံ - ဧရာဝတီ)
ဒါကတော့ ထောင်ထမင်းပါ။ သေဒဏ်ချမှတ်ခံရပြီး ထောင်ထဲမှာ အနှစ် ၂၀ နီးပါး နေခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသား တဦးကတော့ ဒီပုံထဲက ဆန်က ဖြူပါသေးတယ်တဲ့၊ ဒါကလည်း ICRC ဝင်ပြီးမှ အဲသလောက် ဖြူတာပါတဲ့၊ အဲဒီထမင်းကို “ပျော့တူးမနပ်” ထမင်းလို့ ခေါ်ပါသတဲ့။
ဟောဒါက တာလဘောဟင်းပါ။ ခွေးနဲ့ ဝက်တောင် မစားတဲ့ တာလဘောဟင်းပါတဲ့။ ဒါပေမယ့် ထောင်ထဲမှာ ဟင်းရည်ပူပူ လိုချင်တော့ စားရတာပါပဲတဲ့။
16 comments :
  1. ကျနော့်ဘော်ဒါက ထမင်းစားခါနီး ရွေးကောက်ပွဲလုပ်မယ်ဟေ့
    လို့ အော်တယ်။ ပြီးရင်စိန်ပြေနပြေ စပါးလုံးရွေးတော့တာပဲ။
    စပါးလုံးကနိုင်းချင်းဆိုတော့
    ရွေးကောက်ပွဲမလုပ်ရင်လည်း စားဖို့ ကမလွယ်ဘူး။
    ဒီပုံထဲက စပါးလုံးမတွေ့ တော့ တိုးတက်လာတယ်လို့ 
    မှတ်ချက်ချရမယ်။
  1. မောင်ကောင်း said... :
    ကျနော့် ဘော်ဒါတဗွေကတော့ ရဲဘက်စခန်းမှာ တန်းစီးလုပ်တယ်၊ ထောင်မှူးက ထောင်သားတွေ စားစရိတ်အထက်ကို တင်တဲ့အခါမှာ စရင်းတင်ပုံလေးက အင်မတန်ရိုးရှင်းတယ်၊ တလစာ ကုန်ကျစရိတ်ကို အမြဲ(၃)နဲ့မြှောက်ပြီးမှ တင်ရသတဲ့ .. မြှောက်လို့ထွက်လာတဲ့အဖြေက ၁ ပုံက ထောင်သားအမှန်တကယ်စားစရိတ်၊ ကျန် ၂ ပုံကတော့ "အကစ" လို့ခေါ်တဲ့ အကုန်စားတဲ့ အကျဉ်းဦးစီးဝေခွဲစရိတ်ဆိုပါတယ်
  1. Anonymous said... :
    ဒီဓါတ်ပုံတွေက ထောင်ထဲက ဓါတ်ပုံအစစ်အမှန်တွေပါပဲ ... တာလပေါလို့ ခေါ်ကြတဲ့ ထောင်ထဲက ဟင်းရွက်ပြုတ်ရည် ပုံးလေးမြင်တော့ ပြန်သတိရမိတယ် ... ဟင်းရွက်ပြုတ် ဆိုပေမဲ့ အရွက်အကျန် အရိုးတွေ စွန့်ပစ်ရမဲ့၊ ဝက်စာအဖြစ်ကျွေးရမဲ့ အရွက်တွေပါ ဥပမာ ကန်ဇွန်းကြီးရွက် အရင့်တွေ၊ ဂေါ်ဖီပန်းပင်ရဲ့ အရွက်တွေ စသဖြင့် မည်သည့်အမျိုးအမည်မှန်းမသိတဲ့ အရွက်တွေပါ ... အကျဉ်းသားတွေကို ကျွေးတဲ့ထမင်း နဲ့ ပဲဟင်း တာလပေါဆိုတဲ့ အရွက်ပြုတ်၊ ရှားရှားပါးပါး အသားစားဆိုတဲ့ အမဲသားပြုတ်တို့ကို ခွေးချကျွေးရင်တောင် စားမှာမဟုတ်ဘူး ... ထောင်ထဲရောက်ဖူးသူတိုင်း သိကြပါတယ် ... လူကိုလူလို မမြင်တဲ့နေရာ ... မသေဘဲ အရှင်လတ်လတ် ငရဲပြည်ရောက်သလိုပေါ့ ....
  1. Anonymous said... :
    ထောင်ဘဲကွာ..ရှင်ဘုရင်လိုကျွေးရမှာလား..
    လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေကို..ကောင်းကောင်းကျွေးချင်
    ရင်မင်းအိမ်ကိုခေါ်သွားလိုက်လေ........
  1. ထောင်ဆိုတာတော့မှန်ပါတယ် အကျဉ်းထောင်လက်စွဲဥပဒေအရ ဆိုရင် လူတစ်ယောက်စာကောင်းကောင်းစားလို့လောက်ပါတယ် ကျနော့်သူငယ်ချင်းကသူ့အဖေထောင်ဝန်ထမ်းကို အဖေကော်ဖီသောက်ချင်တယ်လို့ပြောတော့သူ့အဖေက အဖေထောင်ထဲ့ပြန်လာရင်ယူလာခဲ့မယ်တဲ့ အကျဉ်းသားတွေအတွက်ပေးရမည့်ရိက္ခာကိုလဲသူတို့စား၏ အကျဉ်းသားအိမ်ကပို့တဲ့ အစာကိုလဲသူတို့စား၏
    ထောင်အကြောင်း ပိုသိချင်ရင် tartay88@gmail.com ကိုဆက်သွယ်ပါ။
  1. Anonymous said... :
    ထောင်ဘဲကွာ..ရှင်ဘုရင်လိုကျွေးရမှာလား..
    လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေကို..ကောင်းကောင်းကျွေးချင်
    ရင်မင်းအိမ်ကိုခေါ်သွားလိုက်လေ........
    အပေါ်က ရေးထားတဲ့ ကွန်မန့်ပေးတဲ့ကောင် တော်တော်လူစိတ်မရှိတဲ့ကောင်
    လူရယ်လို့များမွေးဖွားလာသေးတယ်
    ရုရှားက စစ်ခွေးဖြစ်နိုင်တယ် ဘယ်နှယ် အကျဉ်းသားအကုန်လုံးဟာ သူပြောသလိုမှ မဟုတ်တာ
    သူ့ပထွေးသန်းရွှေတို့ မတရားထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလဲ ရှိသေးတာပဲဟာ
    အေး ပေါ့ကွာ ငရဲမကြောက်တဲ့ကောင်တွေဆိုတော့ ဘယ် လူစိတ်ရှိမှာလဲ
  1. Anonymous said... :
    ထောင်ဘဲကွာ..ရှင်ဘုရင်လိုကျွေးရမှာလား..
    လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေကို..ကောင်းကောင်းကျွေးချင်
    ရင်မင်းအိမ်ကိုခေါ်သွားလိုက်လေ........
    အပေါ်က comment ရေးသူရေ
    အမြင်မှန်ဖို့လိုတယ်။ ထောင်ဆိုတာ ထောင်ကျတဲ့သူတွေကိုနှိပ်စက်ညှင်းပန်းဖို့မဟုတ်ဘူး။
    ကောင်းလာအောင်ပြုပြင်ပြောင်းလဲဖို့ပါ။ စိတ်ဓါတ်ကော အမူအကျင့်ပါပြောင်းလဲလာအောင် ပြုပြင်ရမှာပါ။ ဒဏ်ပေးစနစ်ဟာ မလိုအပ်ဘူး မဟုတ်။ လိုအပ်ပါတယ်။ သို့သော် တာဝန်ရှိသူတွေရဲ့ လွဲနေတဲ့အမြင်တွေကြောင့် ထောင်ကျလာရင် နှိပ်စက်ရမယ်ဆိုတာ ပုံသေဖြစ်နေတယ်။ စဉ်းစားကြစေချင်ပါတယ်။
  1. Anonymous said... :
    ထောင်ဘဲကွာ..ရှင်ဘုရင်လိုကျွေးရမှာလား..
    လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေကို..ကောင်းကောင်းကျွေးချင်
    ရင်မင်းအိမ်ကိုခေါ်သွားလိုက်လေ........
    လူကမွေးသော လူဆိုပါကဒီလိုကွန်မန့် ထွက်လာစရာမရှိပါ.. လူများအုပ်ချုပ်သောယဉ်ကျေးသောနိုင်ငံအားလုံးတွင် လူကိုမပြောနှင့် တိရစ္ဆန်ကိုပင်မည်သည့်အကြောင်း(မည်သည့်အကြောင်းပြချက်နှင့်မျှနှိပ်စက်ခွင့်) မရှိပါ..
  1. Anonymous said... :
    ဟေ့ကောင်( ရိုင်းရိုင်းဘဲခေါ်ဖို့ တန်တယ်)
    မင်းလူမဟုတ်ဘူးလား။ ထောင်ထဲမှာမင်းပြောတဲ့မင်းဆွေမျိုး လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာတဲ့သူတွေချည်းဘဲ
    မဟုတ်ဖူးကွ၊ မင်းတို့လို စစ်ခွေး တွေတောင် ထောင်ထဲရောက်ရင် ဒီလိုမျိုးကျွေးလို့မရဘူး။
    လူကိုလူလိုထားရတယ်ဆိုတာ ယဉ်ကျေးတဲ့လူတိုင်းသိတယ်။
  1. Anonymous said... :
    ထောင်ဘဲကွာ..ရှင်ဘုရင်လိုကျွေးရမှာလား..
    လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေကို..ကောင်းကောင်းကျွေးချင်
    ရင်မင်းအိမ်ကိုခေါ်သွားလိုက်လေ........
    အပေါ်က comment ရေးသူရေ
    မင်းကို မင်းအမေလင်က အဲလိုမျိုးမြင်တတ်အောင်သင်ပေးထားလား။
    ထောင်ဆိုတာအပြစ်ဒဏ်ပေးဘို့ထက် (အကြောင်းတိုက်ဆိုင်လို့)ပြစ်မှုကျုးလွန်မိတဲ့သူတွေကကို ဆုံးမပြီးနောက် နောင် ဘယ်ပြစ်မှုတွေကို မကျုးလွန်တော့အောင် ဆုံးမပေးရမဲ့နေရာ။
    မင်းအမေလင်က အမှားတွေသင်ပေး မင်းကလည်းအမှားအမှန် မခွဲခြားတတ်တော... ထမင်းတစ်လုပ်အတွက်နှင့် လူဖြစ်မရှုံးပါစေနှင့်။
    မင်းမိုက်မိုက်ရိုင်းရိုင်းရေးတာက မင်းမိဘကို သူများတွေပြောစရာ (မိမဆုံး၊ ဖမဆုံးမသားလို့) ဖြစ်လိမ့်မယ်။
  1. Anonymous said... :
    အကျဉ်းထောင်ဆိုတာ တကယ်တော့ စာရိတ္တပြုပြင်ထိမ်းသိမ်းရေး ကျောင်း ပါ။ အကျဉ်းထောင်ထဲရောက်လာတဲ့ သူတွေကို လူကောင်းသူကောင်းလေးတွေ ဖြစ်အောင် မိဘ က သားသမီးကို ဆုံးမ ပဲ့ပြင်သလို၊ ဆရာက တပည့်ကို ပဲ့ပြင်ဆုံးမသလို ပြုပြင်ထိမ်းကျောင်း ရမယ့်နေရာ။ ဒါပေမယ့် မြန်မာပြည်မှာတော့ ထောင်ဆိုတာ ဟာ ဖိနှိပ်ညှင်းပန်းနှိပ်စက်တဲ့ ယန္တရား တခုလို ကျင့်သုံးနေတာ ကိုယ့်နိုင်ငံရဲ့ ဂုဏ် သိက္ခာကျဆင်းအောင် လုပ်နေကြတာပါ။ အများအကျိုးအတွက် နိုင်ငံရေး အကျဉ်းသားတွေ ဒီလိုစားသောက်ရင်း အသက်ရှင်အောင်နေနိုင်တာ အံ့သြတယ်။
  1. ko said... :
    ဒီကောင်တနေ့ကျရင်သူကိုယ်တိုင်
    အဲသည်နေရာရောက်ရင်သိလိမ့်မှာပေါ့
    ဘယ်လိုခံစားရလဲဆိုတာကို
    အဲသည့်အချိန်ကျမှ
    ငါပြောမိတာမှားပါလားလို့သိလိမ့်မယ်
  1. Anonymous said... :
    ထောင်ဘဲကွာ..ရှင်ဘုရင်လိုကျွေးရမှာလား..
    လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေကို..ကောင်းကောင်းကျွေးချင်
    ရင်မင်းအိမ်ကိုခေါ်သွားလိုက်လေ........
    အပေါ်ကစာရေးတဲ့သူ နားမလည်တာလားမသိချင်ယောင်ဆောင်နေတာလား။အခုမတရားအစိုးရလက်ထပ်မှာသံဃာတော်များဥပမာမစိုးရိမ်ဆရာတော်ကြီးတို့ လိုသက်ကြီးဝါကြီး
    နဲ့ ပူဇော်မှူ ကိုအထူးခံယူတော်မှူုထိုက်သော
    ဆရာတော်ဘုရားကြီးတွေ တိပိဋကဆရာတော် ဦးသုမင်္ဂလာတို့ လိုသုတဗုဒ္ဓ လို့ ခေါ်ဆိုနိုင်တဲ့
    ဂုဏ်ပုဒ်အပြည့်နဲ့ ဆရာတော်တွေဟာ မင်းပြော
    သလို (လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေ)မဟုတ်ပါဘူး မင်းထောင်ကျနေရတဲ့
    အကြောင်းအရင်းကိုဗဟုသုတမရှိဘဲမင်းရဲ့ ပထွေးတွေ
    နားရိုက်သွင်းထားတဲ့စကားတွေနဲ့ မပြောပါနဲ့ ။မင်းအဲလိုစော်ကားမော်ကားပြောလိုက်ရင်မင်းလည်း
    မဆိုင်ဘဲနဲ့ ဝစီကံ မနောကံထိုက်ပြီး အပါယ်ငရဲ
    ရောက်လိမ့်မယ်၊၊မြန်မြန်ပြန်တောင်းပန်လိုက်ပါ၊၊ထောင်အကြောင်းထောင်ကျသူတွေအကြောင်းသိချင်
    ရင်ဘယ်လိုဘုန်းတော်ကြီးတွေထောင်ကျနေတာလဲ
    သိချင်ရင်အောက်ကလင့်ကိုယူပြီးဖတ်ကြည့်ပါ၊
    ကိုယ်မသိတဲ့အရာတခုကို ရမ်းသမ်းပြီးမပြောပါနဲ့ ၊၊
    မင်းဘ၀ လူညွှန့် တုံးပြီး လူဖြစ်ရကြိုးမနပ်ဘဲဖြစ်နေ
    မယ်။စကားကိုဆင်ခြင်ပြောပါ။စာကိုဆင်ခြင်ရေးပါ၊။
    http://www.hittai.org/article/all/24.htm
    http://www.scribd.com/full/21948241?access_key=key-21rxod0w4dnv66b91eym
  1. ထောင်ဘဲကွာ..ရှင်ဘုရင်လိုကျွေးရမှာလား..
    လူသတ်မှု..မုဒိန်းမှု..ခိုးမှု..နဲ့ရောက်လာ
    တဲ့ကောင်တွေကို..ကောင်းကောင်းကျွေးချင်
    ရင်မင်းအိမ်ကိုခေါ်သွားလိုက်လေ........ဆိုတဲ့  comment ရေးတဲ့ သူ
    လူဆိုရင်လူလို ရေးသင့် ပါတယ် .....ထောင်ထဲ မှာရောက်နေတဲ့  ရဟန်း ရှင် လူ တွေ ကို မစော်ကားသင့်ပါ ....
  1. Anonymous said... :
    ပြောမနေပါနဲ့တော့ဒီကောင်တွေကဒီလိုပဲ၊ပွဲဆူအောင်ဝင်ဖွပီးရင်မလာတော့ဘူး၊ပြိုင်ဆွေးနွေးနိုင်တဲ့ဥာဏ်ရည်မျိုးလည်းမရှိပါဘူး...
  1. Anonymous said... :
    အလကားကောင်တွေပါဗျာ၊၀င်ဖွပီးရင်ထွက်ပြေး၊ယှဉ်ပီးတော့လည်းအဆင့်အတန်းရှိရှိမဆွေးနွေးနိုင်ပါဘူး....ထားလိုက်ပါတော့
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved