ဧရာဝတီရဲ့ သတင်းတပုဒ်မှာ “မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျွေးမွေးသော ထောင်ထမင်းထောင်ဟင်းမှာ လုံးတီးဆန်နှင့် ဆီ အနည်းငယ်မျှပင်မပါသော တာလပေါဟင်းမျှသာဖြစ်ပြီး တပတ်ကို အသား၂ နှပ် ကျွေးကြောင်း၊ အသားဟင်းမှာ များသောအားဖြင့် အမဲသားဟင်းဖြစ်ပြီး အမဲသား မစားသူများအား ကြက်ဥ ၁ လုံး ပေးသည်ဟုဆိုသော်လည်း အာဟာရ မပြည့်ဝမှုများနှင့် ကျန်းမာရေး ချွတ်ယွင်းသူများစွာ ရှိကြောင်း သိရသည်” လို့ ရေးသားဖော်ပြဖူးပါတယ်။
ထောင်ထမင်း ထောင်ဟင်းဆိုတာ ပြောလို့သာ ကြားကြားနေရ၊ မြင်ဖူးသူ ရှားမယ် ထင်ပါတယ်။ ထောင်ကျဖူးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ထမင်းဋီကာ ဖွင့်ကြတာ မကြာမကြာ ကြားဖူးပါတယ်။ မြန်မာပြည်က အကျဉ်းထောင်တွေမှာ ကျွေးတဲ့ ထောင်ထမင်း ထောင်ဟင်းကို မြင်ဖူးအောင် ဖော်ပြလိုက်ပါတယ်။ ရေမရောတဲ့ ထောင်ထမင်း ထောင်ဟင်း ပုံအစစ်ဖြစ်ပါကြောင်း။ (ဓာတ်ပုံ - ဧရာဝတီ)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXvrOUfMWF6bxPUP9MBKzl5qKJgbotxaIr0SZqdUpgteGlBhrxYUEVnNEMzQOBUFrgL4dXlR8fI2voH8l0nG-mx4IaS03wwoc0RKN8ZY3aKRK9vIXX_7Hn15FUMGou3xrqMELeKSSBF7Y/s400/PIC_00242.jpg)
ဒါကတော့ ထောင်ထမင်းပါ။ သေဒဏ်ချမှတ်ခံရပြီး ထောင်ထဲမှာ အနှစ် ၂၀ နီးပါး နေခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသား တဦးကတော့ ဒီပုံထဲက ဆန်က ဖြူပါသေးတယ်တဲ့၊ ဒါကလည်း ICRC ဝင်ပြီးမှ အဲသလောက် ဖြူတာပါတဲ့၊ အဲဒီထမင်းကို “ပျော့တူးမနပ်” ထမင်းလို့ ခေါ်ပါသတဲ့။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTEDYcitRgUeoCN_sG9_SFX_qvWLuRasjHBuUhylXTZxtfzSxIzuDGnhkARWGcPxpT4lx2fY6n0p7ruhlc24v2SWGJZZcdjzrFJmcr1iyr74-FwyGBCzepEmCCpVtFdJ_uJdsh1VnrTm0/s400/PIC_00292.jpg)
ကျနော့်ဘော်ဒါက ထမင်းစားခါနီး ရွေးကောက်ပွဲလုပ်မယ်ဟေ့
လို့ အော်တယ်။ ပြီးရင်စိန်ပြေနပြေ စပါးလုံးရွေးတော့တာပဲ။
စပါးလုံးကနိုင်းချင်းဆိုတော့
ရွေးကောက်ပွဲမလုပ်ရင်လည်း စားဖို့ ကမလွယ်ဘူး။
ဒီပုံထဲက စပါးလုံးမတွေ့ တော့ တိုးတက်လာတယ်လို့ 
မှတ်ချက်ချရမယ်။