စကော်ပီယံ ပြန်လာပြီ

Friday, August 19, 2011

Linkစိုင်းဇွမ်ဆိုင်း

(ဒီအကြောင်းအရာကို ဤနေရာတွင်မြန်မာဘာသာဖြင့် သတင်းဖတ်ရန်၊ ဤနေရာတွင် အင်္ဂလိပ်ဘာသာဖြင် သတင်းဖတ်ရန်)

၁၉၉၀ နောက်ပိုင်း နဲ့ ၂၀၀၀ အစောပိုင်း နှစ်တွေမှာ ရန်ကုန်မြို့ရဲ့ ညကလပ်တွေနဲ့ လမ်းမတွေမှာ နာမည်ကြီးခဲ့တဲ့ Scorpion gang ရဲ့ အဖွဲ့ဝင် တချို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဆယ်နှစ် ကျော်ကြာ အကျဉ်းကျခံ ရာမှ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။

လွတ်မြောက်ခဲ့သူတွေထဲက အဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တွေက ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါအဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည် နေထိုင်နေပြီလို့ ဧရာဝတီကို ပြောဆိုပါတယ်။

Scorpion gang ဆိုတာကတော့ ရန်ကုန်မြို့က အစိုးရအရာရှိကြီးတွေ၊ အထက်တန်းလွှာ သူဌေးသူကြွယ်တွေနဲ့ မြို့ မျက်နှာဖုံးတွေရဲ့ သားသမီးတွေက ၁၉၉၀ နောက်ပိုင်းနှစ်တွေမှာ ဖွဲ့စည်းထားကြပြီးတော့ ၁၉၉၅ ခုနှစ်လောက်မှာ သူတို့ရဲ့ ဂိုဏ်းကို လူတော်တော်များများ သတိပြုလာကြပါတယ်။ သူတို့တွေကို အားကျတဲ့ လူငယ်တွေရှိနေသလို ဆိုးမိုက်နေတဲ့ လူ့ဘော်ကြော့လေးတွေလို့ ဝေဖန်ကြတဲ့ လူတွေလည်းရှိပါတယ်။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဥာဏ်ရည် ဥာဏ်သွေး၊ ကောင်းမွန်တဲ့ဆက်သွယ်မှု၊ ဂိုဏ်းအတွင်း စည်းလုံးညီညွတ်မှုတို့ အပြင် “လူကြီးသားသမီးတွေ” ဖြစ်နေတာကြောင့်လည်း မြန်မာပြည်ထုံးစံအတိုင်း သူတို့တွေကို ဘယ် ရဲ၊ ဘယ် အာဏာပိုင်ကမှ မထိရဲ၊ မပြုရဲခဲ့ကြပါဘူး။

၁၉၉၀ နောက်ပိုင်းနှစ်တွေဟာ မြန်မာပြည်မှာ အာဏာအရှိဆုံးက စစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေပါပဲ။ ရန်ကုန်မြို့ခံ တွေကတော့ Scorpion gang ဆိုတာက စစ်ထောက်လှမ်းရေးပြီးရင် ရန်ကုန်မြို့မှာ လူတွေက ကြောက်ရတဲ့ ဂိုဏ်းတခုအထိ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

ဘယ်လောက်အထိ ဖြစ်ခဲ့သလဲဆိုရင် ဂိုဏ်းဝင်တွေ ဆိုင်ကယ်စီးလာလို့ လမ်းဆုံတွေမှာ မီးပွိုင့်မိနေတယ်ဆိုရင်တောင် မော်တော်ပီကယ်တွေက မီးနီကနေ မီးစိမ်းပြောင်းပေးရတဲ့အထိ ဖြစ်ခဲ့ ပါတယ်။
မြန်မာနိုင်ငံရဲ့ ယာကူဇာဂိုဏ်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ Scorpion gang ဟာ ဂိုဏ်းအဖြစ်ဖွဲ့စည်းပြီး အစပိုင်းမှာတော့ ဆိုးမိုက်တာနဲ့ ပြစ်မှု အသေးအမွှားလေးတွေကိုပဲ ကျူးလွန်ခဲ့ကြပါတယ်။

သက်တမ်းကြာလာတာနဲ့အမျှ နောက်ပိုင်းမှာ ကားမှောင်ခိုကူးတာတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေနဲ့ ပြန်ပေးဆွဲတာတွေအထိတောင် ပြုလုပ်ခဲ့တဲ့အထိ အတင့်ရဲခဲ့ကြပါတယ်။
Scorpions တွေ နာမည် စ ပျက်တာကတော့ ၁၉၉၈ ခုနှစ်မှာဖြစ်ပါတယ်။

မူးယစ်ဆေးအထိုးလွန်ပြီး သေဆုံးသွားတဲ့ သားလိမ္မာ ဆိုသူရဲ့ အလောင်းကို Scorpions တွေက ကားနဲ့တင်ပြီး သူ့အိမ်ရှေ့မှာ သွားထားလိုက်ရာကနေ Scorpions တွေ နာမည် ပျက်ပါတော့တယ်။ ဂိုဏ်းဝင်တွေနဲ့လည်း ရင်းနှီးနေတဲ့ သားလိမ္မာကို ဂိုဏ်းဝင်တွေကပဲ သတ်ပစ်လိုက်တယ် လို့ သတင်းတွေထွက်ခဲ့လို့ နာမည်ပျက်ခဲ့ရတာပါ။
၂၀၀၁ မှာတော့ scorpions တွေ စ ပြီးပြဿနာတက်ပါပြီ။ ဂိုဏ်းဝင်တွေထဲက တယောက်က စစ်အစိုးရရဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ သမီးဖြစ်သူ နန္ဒာအေးနဲ့ ဇာတ်လမ်းတွေ ရှိခဲ့လို့ ပြဿနာတွေ စပြီးတက်ခဲ့တယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။

တရက်မှာတော့ ဂိုဏ်းဝင်တွေ ဆိုင်ကယ်စီး ပြိုင်ရင်းက ဒုချုပ်- မောင်အေးရဲ့ ယာဉ်တန်းကို ဘေးကပ်လျက်က ယှဉ်မောင်းပြီး လက်ညှိုးကွေးကာ သေနတ်နဲ့ ပစ်တဲ့ပုံစံ ပြုလုပ်သွားအပြီးမှာ သူတို့ရဲ့ ဂိုဏ်းကို ဖြိုခွင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးပါတော့တယ်။

ဂိုဏ်းဝင်အချို့ဟာ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ကြပေမယ့် ဂိုဏ်းခေါင်းဆောင်အပါအဝင် ၂၂ ဦးအဖမ်းခံခဲ့ကြရပြီး နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခံခဲ့ရပါတယ်။ scorpions တွေရဲ့ လုပ်ရပ်နောက်ဆက်တွဲ အဖြစ် ရန်ကုန်မြို့ခံတချို့ပါ အမှုတွဲခံခဲ့ရပြီး ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးခြင်းကို တရားဝင် ပိတ်ပင်ခဲ့ပါတယ်။

သူတို့ ဂိုဏ်းကို ဖြိုခွဲခဲ့ပြီး လ အနည်းငယ်အကြာမှာတော့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ ကျော်နေဝင်း၊ ဇွဲနေဝင်း၊ အေးနေဝင်း တို့အပြင် သားမက်ဖြစ်သူ အေးဇော်ဝင်းတို့ကို နိုင်ငံတော် ပုန်ကန်မှု အစရှိတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခဲ့ပြီးတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဦးနေဝင်းနဲ့ သမီးဖြစ်သူဟာ နေအိမ်အကျယ်ချုပ် ချုပ်ခံထားနေရပါတယ်။

ကျော်နေဝင်း၊ ဇွဲနေဝင်း တို့ဟာ scorpions တွေနဲ့ ရင်းနှီးနေခဲ့ပြီး ရန်ကုန်မြို့ခံတချို့ကတော့ သူတို့တွေဟာ ဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူးလို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

Scorpions တွေ ထောင်ထဲရောက်ပြီး လေးနှစ်အကြာ ၂၀၀၅ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က သတင်းတခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ scorpions တွေက နိုင်ငံရေး အကျဉ်းသားတချို့ကို ရိုက်နှက်မှုတွေ ရှိနေတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Scorpions ၁၅ ယောက် ပြန်လွတ်ချိန်မှာ ထောင်တွင်းမှာ ၅ ဦးကျန်ခဲ့ပြီး သူတို့တွေကတော့ မူးယစ်ဆေးဝါးမှုတွေနဲ့ ဆက်လက် အကျဉ်းကျခံနေရပါတယ်။ အဖမ်းခံရတဲ့ ၂၂ ယောက်ထဲက ကျန်တဲ့ ၂ ယောက်ကတော့ ထောင်တွင်းမှာပဲ သေဆုံးခဲ့ပါတယ်။

Scorpions တွေနာမည် ကြီးတဲ့အချိန်မှာ အလားတူဂိုဏ်းဖြစ်တဲ့ White Snake ဂိုဏ်းဆိုတာလည်း ပေါ်ထွက်ခဲ့ ပါသေးတယ်။

10 comments :

  1. ကင်းမြီးကောက်နှိမ်နှင်းရေး said... :

    စကော်ပီယံဂိုဏ်းဝင်တစ်ယောက်ရဲ့.မိသားစုကကောင်မလေးကဒီလိုပြောတယ်...
    DL Luအေး.. စကော်ပီယန် ဆိုတာ ဂိုဏ်းကိုမဟုတ်လို့ မင်းကိုပြောနေတာ သိဘီလား.. စကော်ပီယန်ဆိုတာ Travel Agent ဟဲ့.. မသိရင်မှတ်ထား.. လူယုတ်မာဂိုဏ်းလို့ဆိုရအောင်.. နင့် အမျိုးတွေဘယ်၂ယောက် ကို ဘာလုပ်လို့လည်း.. ဘာမှလည်းမသိပဲ လာပြောနေတယ်. နော်က မှတ်ထားလိုက်အုန်း.. သူတပါးကိုပြောချင်ရင်.. သေချာသိအောင်စုံစမ်းပြီးမှပြော.. မသိပဲမပြောနဲ့ အေး ဘာလို့ ဖမ်းလည်းသိချင်ရင်.. နင် Insein Jay ကိုသွား.. နင့်အဘ ကိုမေး..နောက် .. ၀င်း ၃ ၀င်းကိုပါဆက်မေး.. ဒီ့ထက်ပိုသိချင်ရင် သူတို့ကို မတရားလုပ်ချလိုက်တဲ့ .. MI က ငွေစိုး ဆိုတဲ့ သူကိုပါမေး.. နောက်.. ပိုသိချင်ရင်.. အခုလက်ရှိ နင် " မ " တဲ့ .. နင့်ရဲ့ အဘကြီးကိုမေး.. ဟုတ်ပြီနော်.. အရူး..

    ................
    အော်စကော်ပီယံဂိုဏ်းဆိုတာခရီးသွားအေ့ဂျင့်တဲံဗျာ.တိုင်းသိပြည်သိ.လူဆိုးဂိုဏ်းကို.ဟားဟား.

  1. ဆန်ကုန်မြေလေးတွေ ဘယ်သူ့ကိုမှဘာ မှကောင်းကျိုးမပေးတဲ့ အကောင်တွေကိုများ သတင်းလုပ်ရေးနေသေးတယ် Irrawaddy ရယ်.။

  1. Anonymous said... :

    မိုက်တယ်ဆိုတာ လွယ်လွန်းလို့ ..။
    နားစမ်းပါ ။

  1. Anonymous said... :

    ခေါင်းစဉ်တပ်ထားတာကိုက စကော်ပီယံပြန်လာပြီတဲ့
    ထောင်ထဲကနေထွက်ပြီး အေးဆေးနေပါတော့မယ်ဆိုတဲ့လူတောင် အဲဒီခေါင်းစဉ်ကြောက့် မြောက်ပြီး ဂိုင်းအသစ် ပြန်ထောင်ချင်စိတ် ပေါက်သွားနိုင်တယ့့်

  1. Anonymous said... :

    ဒီလူဟာ စကော်ပီယံဂိုဏ်းဝင်တယောက်ပါ။
    စကော်ပီယံဂိုဏ်းဝင်များအဖမ်းခံရချိန်မှာ ဘန်ကောက်ကို ရှောင်ပြေးနိုင်ခဲ့သူပါ။
    Model ပွင့်နဒီမောင်နဲ့ လက်ထပ်ထားသူဖြစ်ပါတယ်။
    http://www.facebook.com/nay.thet

  1. Anonymous said... :

    Irrawaddy, just a piece of info for u guys, some names that mentioned were in another world, meant that they already passed away. for their sake, shouldn't address their names and as some of them are already served, they are deserve to have a chance. moreover, they did things and for the first comment, i will say that pls be avoidance if you doesn't have a real information. thanks..

  1. Anonymous said... :

    နိုင်ငံတိုင်းမှာ အုပ် စုဖွဲ. အင်းအါးပြ အနိုင်ကျင်.တဲ.ဖြစ်ရပ်ရှိပါတယ်။ သက်တမ်းနုစဉ်မှာ ဆုံးမ ခြင်းမရှိဘဲ လွှတ်ပေးထါးပြီး သူတို.ကို ထိမှ ဆေါက်မြင်ကပ်တဲ.ပုဒ်မမျိုးစုံတပ် ပြီး ဖမ်းတေါ.တါဘဲ။ တရားဥပဒေ တိကျမှန်ကန်မှု မရှိဘဲ ဥပဒေရဲ.အပေါ်မှာ ငွေနဲ.အါဏာ လွှမ်းမိုးတဲ.အါဏာရှင်စံနစ်ဆိုးကြောင်.လူငယ်လေးတွေလမ်းမှား ကြတါပါ။ ဘ၀ကို မှန်အေါင်ကြည်.နိုင်တဲ.လူငယ်လေးတွေ လို အမြင်မျန် ၇ ကြပါစေ။လူဆိုးလို. မမြင်ဘဲ ပြောင်းလဲ တဲ.လူငယ် လေးတွေ ဖြစ်အေါင် လက်တွဲခေါ်ကြပါစေ။

  1. Min said... :

    ဟေဟေး တို့ကတော့ စကော်ပီယံလဲ သိဝူး အကော်ဒီယံကြီး သချင်းတွေပဲနားထောင်နေတယ်။အေးလို့ဆေးလို့ ဟဲဟဲ

  1. It's sad to read only one-sided view about Scorpions without knowing exactly what and when and why. If they were one of your relatives, you wouldn't comment or laugh about it. They had suffered in the Jail for more than a decade. Even if they did mistakes which deserved to serve, they pay back for it. Why can't you ( some ppl ) leave them alone ??? Where is consideration and sympathetic of our Myanmar ppl ???

  1. Anonymous said... :

    ငါကတော့ကြိုက်တယ်.......ဘာဖြစ်လဲမိုက်တာ.လွယ်တာကျလို့ သတ္တိရှိရင်မိုက်လေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved