ဂျာမနီကို ကန့်ကွက်ပြီ

Tuesday, August 9, 2011

.




မနေ့က လန်ဒန်မြို့ ဂျာမနီသံရုံးရှေ့ ဆန္ဒပြနေသော မြန်မာ့အရေးလှုပ်ရှားသူများ (ဓာတ်ပုံများ - Demotix Images)

ကုလသမဂ္ဂရဲ့ မြန်မာပြည်စစ်ရာဇ၀တ်မှု စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ကို ဥရောပသမဂ္ဂက ထောက်ခံမယ့် အစီအစဉ် ရှိပါတယ်။
ဒီအစီအစဉ်ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ဂျာမနီက ကဏ္ဋကောစလုပ်နေတဲ့အတွက် ဂျာမနီသံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြနေကြတာပါ။

ဆန္ဒပြသူတချို့ကို "၁၉၈၈ လူထုအုံကြွမှုမှာ ကျဆုံးသွားတဲ့ သူရဲကောင်းများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်" ပန်းခွေတွေနဲ့ တွေ့ရပါတယ်။


12 comments :

  1. Anonymous said... :

    စစ်ရာဇ၀တ်မှုအတွက်တရားစွဲချင်တယ်ဆိုရင် အမေရိကန်နဲ့ နေတိုး(မင်းသားမဟုတ်) တို့ကို အရင်ဆုံး စွဲဆိုရမလိုဖြစ်နေပြီ။ အာဖဂန်နဲ့ အီရတ်မှာ ပြည်သူတွေသေလိုက်ကြတာကိုတော့ မသိချင်ယောင်ဆောင်နေကြတယ်ပေါ့။ ပါကစတန်မှာအိမ်ရှင်ကိုတောင် အသိမပေးဘဲ စစ်ဆင်ရေးလုပ်သွားတဲ့ အမေရိကန်ကို စစ်ရာဇ၀တ်မှုနဲ့ မစွဲဆိုတော့ဘူးလား။ ယူဂိုဆလပ်မှာ တရုတ်သံရုံးကိုဗုံးကြဲပြီး ဆောရီးလို့ပဲ ပြောတဲ့အမေရိကန်ကို စစ်ရာဇ၀တ်မှုနဲ့အရေးမယူတော့ဘူးလား။ ကျွန်တော်တို့ လူငယ်တွေက မြန်မာအစိုးရကို
    မကြိုက်ပါဘူး။ ဒါပေမယ့် အစိုးရကိုမကြိုက်တာနဲ့ဘဲ ကျွန်တော်တို့ အမိမြန်မာပြည်ကို အင်အားချိနည့်သွားအောင်တော့ မလုပ်ကြပါနဲ့။ လူတွေနားမလည်ကြတဲ့အချက်က ကျွန်တော်တို့မြန်မာပြည်အုပ်ချုပ်ရေးမှာ တပ်မတော် မပါဘဲ လုံးဝ(လုံးဝ)လုပ်လို့မရဘူးဆိုတာပဲ။ ဆိုလိုတာက မည်သည့်အစိုးရတက်တက် အုပ်ချုပ်ရေးမှာ မြန်မာ့တပ်မတော်ဟာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေရမှာဖြစ်ပါတယ်။
    ပထမ၊ဒုတိယ၊တတိယ မြန်မာနိုင်ငံတော်တွေကို တည်ထောင်ခဲ့တာ စစ်ဘုရင်တွေကဘဲ တည်ထောင်ခဲ့တာပါ။ ဒါကိုမေ့ထားလို့မရပါဘူး။
    ကျွန်တော်ကစစ်တပ်ရဲ့အမျိုးလည်းမဟုတ်၊ အလုပ်တွဲလုပ်နေတဲ့သူလည်းမဟုတ်ပါဘူး။
    ပြည်ခိုင်ဖြိုးလည်းမဟုတ်ပါဘူး။ အမိမြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်တွင်းထဲက ခေတ်ပညာတတ်သာမန် ဗမာလူငယ်တစ်ယောက်ပါ။

  1. Anonymous said... :

    အစိုးရကိုမကြိုက်တာနဲ့ဘဲ ကျွန်တော်တို့ အမိမြန်မာပြည်ကို အင်အားချိနည့်သွားအောင်တော့ မလုပ်ကြပါနဲ့။ လူတွေနားမလည်ကြတဲ့အချက်က ကျွန်တော်တို့မြန်မာပြည်အုပ်ချုပ်ရေးမှာ တပ်မတော် မပါဘဲ လုံးဝ(လုံးဝ)လုပ်လို့မရဘူးဆိုတာပဲ။ ဆိုလိုတာက မည်သည့်အစိုးရတက်တက် အုပ်ချုပ်ရေးမှာ မြန်မာ့တပ်မတော်ဟာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေရမှာဖြစ်ပါတယ်။
    ( I really agree this Anonymous's comment)

  1. Anonymous said... :

    ကျနော်လဲ သဘောတူတယ်။ စစ်တပ်က နိုင်ငံမှာ အရေးကြီးနေရတဲ့ နေရာမှာ နေကို နေရမယ်။ မပါလို့မဖြစ်ဘူး။ ဒါပေမယ့် သမာသမတ်ရှိတဲ့၊ လူကြီးလူကောင်းဆန်တဲ့ စစ်တပ် ဖြစ်ဖို့ ကြိုးစားရမယ်။ အစိုးရကောင်း အုပ်ချုပ်တာကို ၀ိုင်းပြီး ကူညီသော စစ်တပ် ဖြစ်ရပါမယ်။ ဒါပေမယ့် အစ်ကိုပြောသလို စစ်ဘုရင်တွေကဘဲ မြန်မာနိုင်ငံအဆက်ဆက်ကို တည်ထောင်ခဲ့ကြတယ်ဆိုတဲ သောက်တလွဲ အတွေးအခေါ် တွေ ဆယ်တန်းအောင်ခါစ ချာတိတ်တွေခေါင်းထဲရောက်သွားရင် စစ်တပ်ကို အစွန်းတစ်ဖက်ခေါ်သွားနိုင်ပါတယ်။ အဲဒီခေတ်အခါက စစ်တိုက်တဲ့ ခေတ်မို့လို့၊ ဘုရင်ခေတ်မို့လို့ သူတို့ တည်ထောင်တယ် ဖြစ်တာပါ။ ဒါ ကျနော့်အမြင်ပါ။ ဘာဘဲဖြစ်ဖြစ် နိုင်ငံကို အကုန် ကယ်မှ။ ကူမှ ရမှာပါ။ ဦးသိန်းစိန် တစ်ယောက်တည်းမရဘူး၊ ဒေါ်စုတစ်ယောက်တည်းမရပါဘူး။

  1. Anonymous said... :

    အပေါ်ကဆရာနှစ်ယောက်က ဟာသအတော်ပြောတာပဲ။ မြန်မာနိုင်ငံကို စစ်ဘုရင်တွေတည်ဆောက်ခဲ့တာ ဟုတ်စ။ အမှန်က မြန်မာပြည်ဟာ အင်္ဂလိပ် လက်အောက်မှာ အတိုးတက်ခဲ့ဆုံးဗျ။ ဒီဆရာတွေ တွေးပုံအရဆို မြန်မာပြည်တိုးတက်ချင်ရင် အင်္ဂလိပ် မပါပဲ လုံးဝ (လုံးဝ) မရဘူး ဆိုရမလိုဖြစ်နေပြီ။ ဟားဟား

  1. Anonymous said... :

    ကျွန်တော် မရှင်းလို့မေးပါရစေဗျာ။မြန်မာပြည်အုပ်ချုပ်ရေးမှာ တပ်မတော် မပါဘဲလုံးဝ(လုံးဝ)လုပ်လို့မရဘူးဆိုတော့..အခုအုပ်ချုပ်ရေးမှာ ဝင်လုပ်နေတာနှစ်ပေါင်း(၄၀)ကျော်ရှိပါပြီ။အဲဒီအတွင်း
    ဘယ်လောက်တိုးတက်လာပြီးလဲ။ဆုပ်ယုပ်မှုတွေအတွက် ဘယ်သူတွေကို လက်ညှိုးထိုးရမလဲ။ကိုယ်လုပ်ခဲ့တာ အကောင်း၊အဆိုးအတွက်ရောတာဝန်ယူရဲတဲ့ တပ်မတော်လား။ အခု တပ်မတော်မပါဘဲလုပ်ကြပါစေပေါ့ဗျာ။အများကြီးစဉ်းစားဖို့ မလိုတဲ့ အဖြေတွေပါ။

  1. Anonymous said... :

    ကျွန်တော်လည်းကြိုက်တယ်။ တစ်ချို့က ၈၈ အရေးအခင်းလောက်ပဲသိကြတာပါ။ မြန်မာပြည်ရဲ့ရှည်းလျားလှတဲ့သမိုင်းကြောင်းကိုမေ့နေကြတယ်။ရှေးမြန်မာဘုရင်တွေအဆက်ဆက် တိုင်းရင်းသားတွေကမြန်မာဘုရင်တွေကို သစာရှိခဲ့ကြတာပါ။ မင်းတို့အထင်ကြီးတဲ့အင်္ဂလိပ်က သပ်လျှိုခဲ့လို့ အခုထိတိုင်းရင်းသားတွေနဲ့စစ်ဖြစ်နေရတာ။ မင်းတို့အင်္ဂလိပ်လုပ်ခဲ့လို့ မြန်မာပြည်မှာ ချင်း၊ကချင်၊ကရင်၊ကယားတွေ ဘာသာခြားတွေဖြစ်ကုန်တာ မင်းမေ့နေပြီလား။ မျိုးမစစ်ကောင်တွေရ။

  1. Anonymous said... :

    စစ်ဟူသည်မှာ စစ်နိုင်သောသူသာအမှန် ဖြစ်ပါသည်။သမိုင်း ကိုပြန်ကြည့်ပါ။ကျွန်တော်လည်း အစိုးရကိုမကြိုက်ပါ။သိုသော်ပြည်ပစစ်ဝင်ပါက အစိုးရဘက်မှဝင်ပါရမည်သာ..ပြည်ပစစ်ခေါ်သူများကိုပိုပြီး မကြိုက်ပါ။ဂျပန်ခောတ်သမိုင်းကိုပြန်ကြည့်ပါ။

  1. Anonymous said... :

    I don't want to blame those people who said our country was more developed in British colony, probably because they have never been in British colony and they don't know what colonial life is. I also thought the same way when I was in Myanmar, but when I left Myanmar and live in a western country, I can imagine lives of Burmese people under British colony. We don't get equal opportunities, and face with so many discriminations, racisms, abuses nevertheless whatever they are saying human rights, democracy and so on. So please don't say our country will be more developed if under British or American. I am sure that we can create better country than we were under British colony if our people are united.

  1. Anonymous said... :

    စစ်တပ်အုပ်ချုပ်ပြီးဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ဘယ်နိုင်ငံတွေဆိုတာပြောပြပါ၊ ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်သာသာအဆင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်ဟာဆိုတာပြောပြပါ။ မြန်မာပြည်ကို အီသီယိုးပီးယား လို ကုန်းကောက်စရာမရှိအောင် မွဲပြာကျသွားမှ အာဏာကို လက်လွှတ်ပေးမယ် ထင်တယ်။ မလေးရှားလိုနိုင်ငံငယ်လေးကတောင် လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၂ဝ)အတွင်း ဖွံဖြိုးတိုးတက်လာအောင် စွမ်းနိုင်သေးတာပဲ၊ ပညာတတ်ပြီး၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ နိုင်ငံခေါင်းဆောင် ရှိလာရင် တို့နိုင်ငံဟာ အချိန်တိုလေးအတွင်းမှာ ကမ္ဘာကိုဝင်ဆံ့လာမှာပါ၊ ရင်ဘောင်တန်းလာနိုင်မှာပါ၊ ကမ္ဘာကကောင်းသောအမြင်နဲ့အသိအမှတ်ပြုလာမှာပါ။

  1. Anonymous said... :

    နေဝင်းလက်ထက်ကတည်းက လက်နက်မဲ့လူတွေကို အကြိမ်ကြိမ်ပစ်သတ်ခဲ့တဲ့ စစ်တပ်၊ နောက်ထပ်လဲ ပစ်အုံးမယ့်စစ်တပ်။ အဲဒီစစ်တပ်ကိုမှ ကာကွယ်ချင်နေတာအံ့သြတယ်။
    အုပ်ချုပ်ရေးမှာ စစ်တပ်ကပါကိုပါမှဖြစ်မယ်ဆိုတာ စစ်တပ်ထဲကလာတဲ့အသံ၊ စစ်ခွေးတွေအသံပဲ။ တခြားဘယ်သူမှဒီလိုမပြောဘူး။
    ဘာလို့လဲဆိုတော့ စစ်ခွေးမဟုတ်လို့။ ဦးနှောက်နဲ့လူတွေမို့လို့၊
    စစ်တပ်ဆိုတာ ပြည်သူတွေကိုကာကွယ်ရမယ့်တာဝန်ကိုထမ်းတဲ့ပြည်သူ့ဝန်ထမ်းများသာလျင်ဖြစ်ရမယ်။ပြည်သူ့ကိုအုပ်ချုပ်မယ့်သူမဟုတ်ရဘူး။ ဒါကိုရှင်းပြနေရတယ်ဆိုတာကိုက တော်တော်ညံ့ရာကျနေပြီ ကိုခေတ်ပညာတတ်ကြီးရေ။

  1. Anonymous said... :

    စစ်တပ်က နိုင်ငံရဲ အစိတ်အပိုင်းပါ။ ကျန်တဲ့ ဌါနတွေလည်း အားလုံး ကိုယ့်အခန်းနှင့် ကိုယ် အရေးပါတာကြည့်ပါပဲ။ စစ်တပ်ဆိုတာ ကိုယ့်အမျိုး ကာကွယ်ဘို့ ပါ။ တရုတ်ကာကွယ်ဘို့  မဟုပ်ပါဘူး။

  1. higioka said... :

    စစ်တပ်ဟာ နိုင်ငံ ကာကွယ်ရေး အတွက်ပဲ ဖြစ်သင့်တယ်။ နိုင်ငံ အုပ်ချုပ်ရေး အတွက်မ ဖြစ်သင့်ဘူး။ အမိမြေ ကိုချစ်ရင် အရင်ဆုံး စစ်တပ်က မဟုတ်တဲ့ အရပ်သား အစိုးရ ကို အာဏာပေး လိုက်လေ။ Uniform ချွတ်ပြီးတော့ အရပ်သား အစိုးရ တော့မလုပ် ပါနဲ့။ ဥပမာ ---- မင်းဒို့ တမျိုးလုံး ကိုသတ်သွား သူက ဘုန်းကြီးကျောင်း မှာကိုရင် ဝတ်ပြီး မင်းကိုသတ် ဖို့ကြိုးစား နေရင်မင်း ကထိုင်ကြည့် နေမှာလား။ ဒီလိုပဲ အမေရိကန် ကကော ပါကစ်စတန် မှာဇိမ်ကျ နေတဲ့ ဘင်လာဒင် ကို လာသတ်ပါ အုံးလို့ ပြောပြီးထိုင် ကြည့်နေရ မှာလား။့ အိမ်ရှင် ကလက်ခံထား လို့နေနေ တာကို ---- သွားပြီးတော့ ခင်ဗျားဒို့ဧည့်သည် ဘင်လာဒင် ကိုလာဖမ်းချင် လို့ခွင့်ပြုပါ လို့အရင် ခွင့်တောင်းရ မှာလား။ ခေတ်ပညာ တတ်ကြီး စဉ်းစားကြည့် ပါ။ မြန်မာ့အလင်း ပဲဖတ်ပြီး ပြည်သူ့သား ကောင်းမဖြစ် ချင်ပါနဲ့ဗျာ ။ စစ်ဘုရင် ခေတ်ကကုန်သွား တာကြာလို့ အခု ဒီမိုကရေ စီတောင် ပြောင်းသွားတာ ခင်ဗျား အမိမြေထဲ မှာနေပြီး မသိတာ လား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved