ကြယ်တွေစုံတဲ့ည

Sunday, August 14, 2011

-

ထူးအိမ်သင်ဆိုခဲ့တဲ့ သီချင်းကောင်း တပုဒ်

ကြယ်တွေစုံတဲ့ည

ရေး - အယ်ဖြူ ၊ ကိုအောင်

ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးရယ် ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ် . . . ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့ သီချင်းတွေလည်း . . .ရင်တွေကွဲသွားအောင် ဆိုနေအုံးမယ် . . .

ကြယ်တွေစုံတဲ့ည အဝေးအိမ်ကို လွမ်းတယ် . . . . ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေ ခြားဆဲ . . .ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလည်း ကျော်လွန်သွားခဲ့ရင် . . .တို့ပြန်ဆုံအုံးမယ် . . . .

နာကျင်စွာတယောက်ထဲ တရေးနိုးတဲ့ ညတို့ မှောင်နေဆဲ . . . .အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတဲ့ အိပ်မက်ရှည်တွေနဲ့ . . .အမြဲတမ်းသတိရနေတယ် ရှင်းပြလို့ပေးပါကွယ် . . .ကြယ်ပွင့်လေးရယ် ငါ့ရဲ့အကြောင်းတွေ . . .

ကြယ်တွေစုံတဲ့ည ထပ်ကြုံရအုံးမယ် . . .ကြယ်တွေတကယ်စုံတဲ့ည လှနေမှာပေါ့ကွယ် . . .နေညိုညိုလမ်းလေးထက် နေ့စဉ် စောင့်နေမယ် မျှော်လင့်ခြင်းများရယ် . . .အိမ်ပြန်ချိန်များရယ် . . .

နေညိုညိုလမ်းလေးထက်နေ့စဉ်စောင့်နေမယ် မျှော်လင့်ခြင်း များရယ် . . .အိမ်ပြန်ချိန်များရယ် . . .

-

2 comments :

  1. kko said... :

    ထူးအိမ်သင်ရဲ့ သီချင်းကောင်းတွေ အများကြီးထဲက တစ်ပုဒ်ပါ။ ထူးအိမ်သင် ကွယ်လွန်ခဲ့တာ (၇)နှစ်ပြည့်ပြီဆိုပေမဲ့ သူ့အနုပညာကို အားလုံးက တမ်းတလွမ်းဆွတ်နေကြဆဲပါ။

  1. ကျနော့် ဖုန်းလာရင် အသံပေးထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ အမေနဲ့ ဝေးကွာရတဲ့သူတွေတိုင်း
    ဒီသီချင်းကို ကြိုက်နှစ်သက်မယ် ထင်တယ်

Post a Comment

Copyright © 2014 Irrawaddy Publishing Group. All Rights Reserved