သြဂုတ် ၁၇
၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအားလုံး အမိနိုင်ငံသို့ ပြန်လာခွင့်ပြုလိုက်ကြောင်း ဦးသိန်းစိန်က ယနေ့ မွန်းလွဲ ၂ နာရီအချိန် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။ (The Voice Weekly/Facebook)
တကယ်ဟုတ်မဟုတ် တယောက်ယောက်များ ၀င်မကြည့်ချင်ပေဘူးလား.....။ ဘယ့်နှယ်ကြောင့် မသိဘူး အိမ်လွမ်းစိတ်က ပေါ်လာတယ်..။