-
![Pic_192764](http://www.thairath.co.th/media/content/2011/08/09/192764/hr1667/630.jpg)
သန်းထိုက်ဦး-
မနေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင် ရေပိုင်နက် အတွင်း တွေ့ရတဲ့ မြန်မာနိုင်ငံသား ၅၅ ဦးကို ထိုင်းအာဏာပိုင်တို့က ဖမ်းလိုက်တယ်လို့ Thairath အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။
တရားဝင်ခရီးသွားလာတဲ့စာရွက်စာတမ်းတွေ မရှိတဲ့အတွက် ဖမ်းတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်ဖို့အသွား ကော့သောင်းမြို့ကနေ တဖက်ကမ်း ရနောင်မြို့ကို ကူးနေတုန်း အဖမ်းခံရတာပါ။
![](http://www.thairath.co.th/media/content/2011/08/09/192764/l20/o2/420/252.jpg)
ဒီလို အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်တို့က စစ်ဆေးမေးမြန်းပြီး လူဝင်မှု ကြီးကြပ်ရေး(လ၀က) ကို ပို့လေ့ရှိပါတယ်။
လ၀က စခန်းမှာ ယာယီ ထိန်းသိမ်းပြီး မူရင်း နိုင်ငံကို ပြန်ပို့လေ့ရှိပါတယ်။
.
I'm really sad for our Burmese people!!!Because of the STUPID GOVERNMENT..God bless u all