မြစ်ဆုံပရောက်ဂျက်ကို BANCA ဘယ်လို လေ့လာခဲ့သလဲ ...

Monday, September 19, 2011

ဒေါက်တာ ထင်လှ (ခေါ်) ဦးတိုနီ

ဒါကတော့ Eleven Media Group မှာ ဖော်ပြထားတဲ့ သတင်းကနေ ကောက်နုတ်ထားတာပါ။ အဲဒီသတင်းမှာပဲ BANCA ဥက္ကဋ္ဌ ဒေါက်တာ ထင်လှက သူတို့အနေနဲ့ စာချုပ်အရ လေ့လာချက်ကို ထုတ်ပြောလို့မရဘူး၊ လျှပ်စစ်ဝန်ကြီးဌာနနဲ့ တရုတ် CPI တို့က လူထုကို ချပြသင့်တယ်လို့ အကြံပြုထားပါသေးတယ်။

အများအားဖြင့် BANCA အသင်းကို ငှက်ကြည့်အသင်းလို့ မြန်မာပြည်မှာ
Linkအသိများပါတယ်။ မြစ်ဆုံပရောဂျက်လို စီမံကိန်းကြီးကို လေ့လာသုံးသပ်နိုင်တဲ့ အနေအထားရှိမရှိကတော့ မသိရပါဘူး။ သူတို့ရဲ့ ဝက်ဘ်ဆိုဒ် (http://www.banca-env.org/) ကလည်း ဖွင့်မရပါဘူး။ ဒီမှာတော့ BANCA အဖွဲ့သားတွေစာရင်းကို တွေ့ရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲ စာတမ်းတွေကို မကြာခင် တင်ပေးပါမယ်။

“BANCA သည် မြစ်ကြီးနားအထက် ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုစီမံကိန်း ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှစ၍ ငါးလတိုင်တိုင် တရုတ် ပညာရှင်များနှင့်အတူ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရန် ဆွေးနွေးပွဲများကို ၂၀၀၈ခုနှစ်၊ ဇွန်လမှစတင်ပြုလုပ်ခဲ့ပြီး၊ ငါးလကြာမြင့်ကာ နိုဝင်ဘာလ၌ သဘောတူညီမှုရရှိခဲ့ကြောင်း၊ BANCA နှင့် တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့၏ သဘောတူညီချက်စာချုပ်ကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ရက်တွင် တရုတ်နိုင်ငံ၊ ကွမ်မင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

BANCA အဖွဲ့ဝင်များ အနေဖြင့် ကြိုတင် ပြင်ဆင်ချိန် နှစ်ပတ်ခန့်သာရရှိပြီး၊ လေ့လာရေး ဆောင်ရွက်ရန် မြစ်ကြီးနားသို့ ၂၀၀၉ခုနှစ်၊ ဇန်န၀ါရီ ၃ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ အချိန်တိုအတွင်း ရန်ကုန်မြို့၌ အဖွဲ့ဝင်များအား သင်တန်းပေးခြင်းနှင့် မြစ်ကြီးနားမြို့တွင် ရှေးဦးသူနာပြု သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အချိန်လုံလောက်မှုမရှိ၍ မှတ်တမ်းဟောင်းများအား စုဆောင်းချိန်မရရှိတော့ဘဲ ရည်ညွှန်းစာအုပ်များနှင့် ယာယီရွက်ဖျင်တဲများ၊ အိပ်ယာနှင့် ကွင်းဆင်းပစ္စည်းစုံများကိုသာ ၀ယ်ယူစုဆောင်းခဲ့ကြောင်း၊ ၀ယ်ယူခြင်းနှင့် စုဆောင်းခြင်းအားလုံးကို လေ့လာမှုများ အကောင်အထည်ဖော်နေစဉ် တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်”



5 comments :

  1. Moe Htet said... :

    မြစ်ကြောင်းမှာ ဆည်ဆောက်ရင် မြစ်သေသွားမယ် ပျောက်သွားမယ် ပေါ့ဗျာ တရုတ်မှာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ ပြောတာကတော့ စုံနေတာပဲ
    ကောင်းတာက ပြည်ပနေ အဖွဲ့တွေက ပိုလက်လှမ်းမီပါတယ် တရုတ်ဘယ်နားမှာ ဘာဆည်ဆောက်လို့ ဘာတွေဖြစ်တယ် ဆိုတာ အကြားနဲ့ရမ်းပြောနေ ကြတာထက်စာရင် တိတိကျကျလေး စာတမ်းလေးဘားလေး ပြုကြရင်ကောင်းမယ် အခြားဖြစ်နိုင်ခြေတွေကို လည်း နှုတ်ပြောထက်စာရင် အထောက်အထားခိုင်အောင် ရှာထားသင့်တယ် တိတိကျကျ မရှိတော့ အစိုးရဘက်က ပြန်ပြောရင် ဟုတ်သလိုလို နဲ့ တဖက်မှာ အားလျော့သွားရတယ် သူတို့က အချက်စုံတယ် တိကျတယ်လေ

  1. Anonymous said... :

    လိမ်တဲ့ ညာတဲ့ နေရာမှာ အချက်စုံတာ တိကျတာကို ပြောတာလားးးး

  1. Anonymous said... :

    ယမန်နေ့ကပဲ အိန္ဒိယ နီပေါနယ်စပ်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့လို့ အဲဒီဒေသက ဆည်ရဲ့နံရံတွေအက်ကွဲကာ ရေတွေစိမ့်ထွက်လာလို့ လူတွေဘေးလွတ်ရာကို အမြန်ထွက်ပြေးနေရတယ်ဆိုပါတယ်၊ အင်မတန်ကြီးမားလှတဲ့ မြစ်ဆုံဆည်ကြီး နောင်တစ်ချိန် အဲလို အဖြစ်ဆိုးမျိုးနဲ့ ကြုံလိုက်မှ.....

  1. aa said... :

    မိုးထက်ပြောတာကိုထောက်ခံတယ်ဗျို့
    လက်လှမ်းမှီသူတွေမြန်နိုင်သမျှမြန်မြန်လေးအ
    ထောက်အထားတွေတင်ပြပေးကြပါ။
    ကြာရင်သွေးအေးသွားနိုင်ပေမယ့်။
    လောဘတခုတည်းကြည့်တဲ့သူတွေကတော့
    ကြာလေမြန်လေဖြစ်သွားမယ်။

  1. Yadanarpone said... :

    Moe htet ပြောသလို အထောက်အထားလေးနဲ့ ရှင်းပြပြီး.. ပြော၇၇င် ပိုသဘာဝကျပါတယ်... ရှာဖွေပြီးတင်ပေးကြပါ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved