ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်

Friday, September 9, 2011

(ဓာတ်ပုံ - ဆရာတော် ဦးဥတ္တမဘလော့ဂ်)

ဆရာတော် ဦးတ္တမနေ့ အထိမ်းအမှတ်ဖြစ် မှတ်သားစရာစကားတွေကို ဖော်ပြလိုက်ပါတယ်။ အထိမ်းအမှတ်နေ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ ဆရာတော် ဦးဥတ္တမ အကြောင်း ဘလော့ဂ်ကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

၁။ “ရဲလျှင်ကြံ၊ ကြောက်လျှင်ပြန်၊
သူရသတ္တိနည်းလျှင် ပျက်စီးရမည်။
ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းကြပါစေ၊
သွေးမထွက်သောစစ်ပွဲကြီးကို ဆင်နွှဲကြ။
ကိုယ့်ရည်မှန်းချက် အောင်မြင်ချင်ရင် နောက်မတွန့်ကြနဲ့။
(ဆရာတော် ဦးဥတ္တမ)

၂။ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အစိုးရလုပ်တာ မကောင်းရင် မကောင်းဘူးလို့ ပြောခွင့်ကို ပြည်သူတွေမှာရှိတယ်။ ဒီဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးဘဲ။ ဒီအခွင့်အရေးဟာ ငါတို့မှာရှိတယ်။
(ဆရာတော် ဦးဥတ္တမ)

၃။ အစိုးရဟူသည် မည်မျှပင် ရက်စက်စေကာမူ ပြည်သူတို့၏ တလုံးတ၀တည်း ပေါင်းစည်းကြံစည်၍ လွတ်လပ်ရေး ရှာကြတော့မည်ဟူသော အဓိဌာန်ဖြင့် လုပ်ကြံခြင်းကို မခံမရပ်နိုင်ဖြစ်ကြရသည်။ လွတ်လပ်ရေးအောင်ဆုကို ရနိုင်ရန် အခြေခံသည် ဒါယိကာ ဒါယိကာမတို့၏ လက်တွင်း၌ ရှိပေသည်။ ဒူးပဆစ်တုပ် လက်စုံမိုးလျက် ရှိခိုးပန်ထွာ တောင်းဆိုရာသည်မဟုတ်။ ထိုသို့တောင်းဆိုခြင်းဖြင့်လည်း မရနိုင်ပေ။
(ဆရာတော် ဦးဥတ္တမ၊ ဒိုင်အာခီ သပိတ်ရား ၁၅-၁၆ ဇူလိုင်လ ၁၉၂၂ခုနှစ်)

၎။ နယ်ချဲ့ဘုရင်ခံချုပ်ကို မြန်မာပြည်က ထွက်သွားဟု ပထမဦးဆုံး ရဲရဲတောက် စိန်ခေါ်ပြောဆိုသူဟာ ဆရာတော် ဦးဥတ္တမပဲ ဖြစ်သည်။
(ဗိုလ်ချုပ်အောင်ဆန်း)

၅။ သင်္ကန်းဝါ၀ါ ၀တ်ဆင်ထားသူတို့သည် မည်သည့်အခါမျှ တရားဥပဒေကို ဖောက်ဖျက် ကျူးလွန်လိုသူများ မဟုတ်။
ဂျီစီဘီအေ (၂ သြဂုတ် ၁၉၂၂ခု)

၆။ ဆရာတော် ဦးဥတ္တမသည် မြန်မာတမျိုးသားလုံး၏ ကျေးဇူးရှင်ဟု၎င်း၊ ကိုလိုနီဆန့်ကျင်ရေး တပ်ဦး၏ အကြီးအမှူး စစ်သူကြီးဟု၎င်း၊ မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟု ၎င်း၊ မျိုးချစ်အာဇာနည် မြန်မာ့သားကောင်းသားမြတ် တဦးအဖြစ်ဖြင့်၎င်း ထည့်သွင်းအသိအမှတ်ပြု မော်ကွန်းရေးထိုးအပ်ပါသည်။
(သခင်လွင်)

၇။ မြန်မာ့အမျိုးသားရေး လှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည် သွင်းပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆရာတော် ဦးဥတ္တမပင်ဖြစ်သည်။
(ဒေါ်အောင်ဆန်းစုကြည်)

2 comments :

  1. ကေကေအို said... :

    အခုတော့ အစိုးရလုပ်တာ မကောင်းရင် မကောင်းဘူးလို့ ရေးလို့လဲမရ၊ ပြောလို့လဲမရ၊ ပုံကြီးချဲ့လို့လဲမရ၊ ပြန်လာပါပြောလို့ ပြန်လာတော့လဲမရ။

  1. Anonymous said... :

    အာရှနေ၀န်းအရှင်.သို့မဟုတ် မြန်မာလွတ်လပ်ရေးခရီး
    ကြမ်းကို အစဦးဆုံးလျှောက်လှမ်းခဲ့သည့် အာဇာနီ
    ကျေးဇူးတောင်ရှင်ဆရာတော်ဦးဥတ္တမ..
    မြန်မာတို့၏ အသွေးအသားထဲသို့ လွတ်လပ်ရေးဟူသော
    ဝေါဟာရနဲ့ သဘောတရားတွေကို ရိုက်သွင်းပေးခဲ့သူ..
    ဂရက်ဒေါက် မင်းမြန်မာပြည်ကထွက်သွားဟု..ဘုရင်ခံ
    ချုပ်ကို မောင်းထုတ်ခဲ့သူ...အသက်သွေးချွေးကို မြန်မာ့
    လွတ်လပ်ရေးအတွက်စွန့်ခဲ့သူ..
    မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း
    ခေတ်အဆက်ဆက် မြန်မာ အစိုးရ၏ ဥပေက္ခာပြုခြင်းကို
    ခံရသူ...မှော်ကွန်းရုပ်ထုကိုပင် မြေတူးစက်နဲ့ တွန်းလဲ မြေ
    မြုပ်မှုခံထားရသူ...
    လောကဒဏ်ကို အံတုပြီး အပြုးံတရားများဖြင့် ယနေ့ထိ
    မြန်မာပြည်သူအားလုံးပေါ် မေတ္တာတရားကြီးမားသူ..
    မြန်မာအားလုံး၏ ကျေးဇူးတော်ရှင် ဆရာတော်
    ဦးဥတ္တမ...ဦးညွန့်အလေးပြုပါသည်....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved