တနင်္သာရီတိုင်း ဆန်အရေး ကြိုးပမ်းနေတဲ့ ဦးခင်ဇော်

Thursday, September 22, 2011

ဆန်တင်သွင်းမှုကို တဦးတည်း လက်ဝါးကြီး အုပ်ခွင့်ပေးတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန)


“တနင်္သာရီတိုင်းသို့ ဆန်တင်ပို့မှုကို တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော်က မန္တလေးမြို့အခြေစိုက် ဦးလှမျိုး၏ အောင်မြင်သူ ကုမ္ပဏီအား တဦးတည်း တင်သွင်းခွင့် ပေးလိုက်ပြီးနောက် ဒေသတွင်း ဆန်ဈေးများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။”

ဒါက တနင်္သာရီတိုင်းမှာ ဝန်ကြီးချုပ် ဦးခင်ဇော်က ဆန်တင်သွင်းမှုကို တဖက်စောင်းနင်း စီမံနေတဲ့အကြောင်း ဧရာဝတီသတင်းက မနေ့က ဖော်ပြခဲ့တာပါ။




ဒီနေ့ သတင်းစာမှာ “ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ” ဦးခင်ဇော်က တက်တယ်လို့ ရေးထားတာ တွေ့ပါတယ်။ ဆန်စပါးထပ်မံပိုလျှံရေး ဆောင်ရွက်ကြရန်နဲ့ ဟိုဟာစိုက်သင့်ကြောင်း ဒါစိုက်သင့်ကြောင်းတွေ တောင်သူလယ်သမားတွေကို လက်ချာရိုက်သွားတာ ဖတ်ရပါတယ်။

တနင်္သာရီတိုင်းမှာ သူ့ရဲ့ လုပ်ဆောင်မှုကြောင့် ဆန်ဈေးတွေ ထိုးတက်နေတာနဲ့ အခု သူရိုက်တဲ့လက်ချာ စပ်ဟပ်မှု ရှိမရှိ သတင်းဖတ်၍သာ ဆုံးဖြတ်ကြပါ။

သူက ဆန်တင်မက သစ်လိုင်စင်တွေကိုလည်း မညီမမျှ ချပေးတာ၊ ဝန်ကြီးအိမ်ယာဆောက်ဖို့ ဆိုပြီး နေရာတွေဖယ်ခိုင်း၊ မြေတွေ သိမ်းယူတာတွေလည်း ဒေသခံတွေ အပြောအရ ကြားနေရပါတယ်။








2 comments :

  1. aa said... :

    ရုပ်ကိုသေချာကြည့်ပါလား၊တော်တော်မာပုံရတယ်။

  1. Anonymous said... :

    ဒီဘဲကြီး ရောက်ရာ အရပ်ခွင်ဖန်နေတာပါ။
    ဘာတစ်ခုမှ တိုးတက်ရာ တိုးတက်ကြောင်း မလုပ်ဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved