....
မြန်မာပြည်မှာတော့ အပြောင်းအလဲတွေ ဖြစ်နေပါပြီ။
ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းပြောင်း ခေါင်းပေါင်းစွပ်တယ်။ လွှတ်တော်တက်တယ်။
ဟော - အခု ဒီမိုကရေစီလက်ချာတောင် ရိုက်နေကြပါပြီ။ အကုန်သိ အကုန်တတ်တဲ့သူတွေ နိုင်ငံ့ခေါင်းဆောင်ဖြစ်တာ မထူးဆန်းဘူးလို့ ဆိုနိုင်တာပေါ့။
ဒီ ဖြတ်စ ၂ ခုက ဒီနေ့သတင်းစာမှာ ပါတဲ့ ဒီမိုနေ့အခမ်းအနား သတင်းထဲကပါ။
ဒီမိုကရေစီနေ့ ကျင်းပရတာ IPU က ပြောလို့ပါ တဲ့။
ဗိုလ်ရွှေမန်းက ဒီမိုနေ့အခမ်းအနားမှာ ရှင်းပြတာပါ။
လူအထင်ကြီးအောင် ဒီမိုနေ့အခမ်းအနား လုပ်ပြတယ် ထင်နေတာ။ အခုတော့ နိုင်ငံခြားက တောင်းဆိုလို့ လိုက်လုပ်တာ ဆိုပဲ။
နိုင်ငံခြားက ပြောသမျှထဲက ဆယ်ပုံတပုံလောက် လုပ်ပြရင်ကို အတော် ဟန်ကျနေပြီ။
ရွေးကောက်ပွဲ မျှတမှု မရှိဘူး ဆိုတဲ့ စွပ်စွဲချက်တွေအကြောင်းလည်း ပြောပါတယ်။
ဥပဒေနဲ့အညီ လုပ်ခဲ့တာပါ တဲ့။
....
လွန်ခဲ့တဲ့အနှစ်၂၀ကျော်လောက်က’’လူနဲ့လူ့ပတ်ဝန်းကျင်တို့ရဲ့အညမညသဘောတရား’’ တွေကိုအာပေါက်အောင်မိန့်ခွန်းချွေခဲ့တဲ့ ’’ဆိုရှယ်လစ်ဝါဒီ’’ စစ်ဗိုလ်တွေပါ… နောက်တော့ပိုပြီးစားလို့သောက်လို့ကောင်းတဲ့ဈေးကွက်စီးပွားရေးကိုရှာဖွေတွေ့ရှိသွားပြီး ’’ ဒို့တာဝန်အရေးသုံးပါး’’ ကိုဦးထိပ်ထားလို့ပြည်သူတွေကို ’’ဒီမိုကရေစီ’’ ဆိုတဲ့စကားလုံးပါးစပ်ကမထွက်ရဲလောက်အောင်ဖိနှိပ်ခဲ့တဲ့စစ်ဗိုလ်
တွေပါ….
အခုတော့ ’’ ဒီမိုကရေစီဘက်တော်သားတွေပါ’’ ဆိုပြီး’’ဒီမိုကရေစီနေ့’’ ကိုကျင်းပ
ပြနေပြန်ပြီ.. ယုံကြည်စရာတစက်မှမရှိတဲ့၊တော်တော်မျက်နှာပြောင်တိုက်နှိုင်တဲ့
အရှက်မဲ့တဲ့စစ်ဗိုလ်တွေပါ၊၊