ဒီမိုကရေစီနေ့ ဘာကြောင့် ကျင်းပ

Friday, September 16, 2011

....




ဗိုလ်ခင်အောင်မြင့်လက်ချာ

မြန်မာပြည်မှာတော့ အပြောင်းအလဲတွေ ဖြစ်နေပါပြီ။
ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းပြောင်း ခေါင်းပေါင်းစွပ်တယ်။ လွှတ်တော်တက်တယ်။
ဟော - အခု ဒီမိုကရေစီလက်ချာတောင် ရိုက်နေကြပါပြီ။ အကုန်သိ အ
ကုန်တတ်တဲ့သူတွေ နိုင်ငံ့ခေါင်းဆောင်ဖြစ်တာ မထူးဆန်းဘူးလို့ ဆိုနိုင်တာပေါ့။

ဒီ ဖြတ်စ ၂ ခုက ဒီနေ့သတင်းစာမှာ ပါတဲ့ ဒီမိုနေ့အခမ်းအနား သတင်းထဲကပါ။

ဗိုလ်ရွှေမန်းလက်ချာ

ဒီမိုကရေစီနေ့ ကျင်းပရတာ IPU က ပြောလို့ပါ တဲ့။
ဗိုလ်ရွှေမန်းက ဒီမိုနေ့အခမ်းအနားမှာ ရှင်းပြတာပါ။
လူအထင်ကြီးအောင်
ဒီမိုနေ့အခမ်းအနား လုပ်ပြတယ် ထင်နေတာ။ အခုတော့ နိုင်ငံခြားက တောင်းဆိုလို့ လိုက်လုပ်တာ ဆိုပဲ။

နိုင်ငံခြားက ပြောသမျှထဲက ဆယ်ပုံတပုံလောက် လုပ်ပြရင်ကို အတော် ဟန်ကျနေပြီ။

ရွေးကောက်ပွဲ မျှတမှု မရှိဘူး ဆိုတဲ့ စွပ်စွဲချက်တွေအကြောင်းလည်း ပြောပါတယ်။
ဥပဒေနဲ့အညီ လုပ်ခဲ့တာပါ တဲ့။






....

2 comments :

  1. Myint said... :

    လွန်ခဲ့တဲ့အနှစ်၂၀ကျော်လောက်က’’လူနဲ့လူ့ပတ်ဝန်းကျင်တို့ရဲ့အညမညသဘောတရား’’ တွေကိုအာပေါက်အောင်မိန့်ခွန်းချွေခဲ့တဲ့ ’’ဆိုရှယ်လစ်ဝါဒီ’’ စစ်ဗိုလ်တွေပါ… နောက်တော့ပိုပြီးစားလို့သောက်လို့ကောင်းတဲ့ဈေးကွက်စီးပွားရေးကိုရှာဖွေတွေ့ရှိသွားပြီး ’’ ဒို့တာဝန်အရေးသုံးပါး’’ ကိုဦးထိပ်ထားလို့ပြည်သူတွေကို ’’ဒီမိုကရေစီ’’ ဆိုတဲ့စကားလုံးပါးစပ်ကမထွက်ရဲလောက်အောင်ဖိနှိပ်ခဲ့တဲ့စစ်ဗိုလ်
    တွေပါ….
    အခုတော့ ’’ ဒီမိုကရေစီဘက်တော်သားတွေပါ’’ ဆိုပြီး’’ဒီမိုကရေစီနေ့’’ ကိုကျင်းပ
    ပြနေပြန်ပြီ.. ယုံကြည်စရာတစက်မှမရှိတဲ့၊တော်တော်မျက်နှာပြောင်တိုက်နှိုင်တဲ့
    အရှက်မဲ့တဲ့စစ်ဗိုလ်တွေပါ၊၊

  1. Anonymous said... :

    ဥပဒေနဲ့  အညီ ကြိုတင်မဲတွေနဲ့  နိုင်ခဲ့တာ
    မဲသူခိုး အစိုးရ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved