ခေါင်းပေါင်းဖက်ရှင်

Tuesday, September 20, 2011

......




အမျိုးသားလွှတ်တော်ရဲ့ ခေါင်းပေါင်းစတိုင်

ဒီနေ့ သတင်းစာမှာပါတဲ့ အမျိုးသားလွှတ်တော်ရောက် နိုင်ငံရေးသမားများရဲ့ ခေါင်းပေါင်းဖက်ရှင်ကို အခုလို ၃ မျိုး တွေ့ရပါတယ်။

ခေါင်းပေါင်းစ နောက်ဘက်ပို့ထားသူ ဦးခင်မောင် (ခေါ်) ဦးအောင်ကျော်ဦး - ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃

ဘယ်ချထားသူ ဦးကျော်ကျော် - ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂

ညာချသူ ဦးဝင်းနောင် -
ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၅
အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ

ခေါင်းပေါင်းစကို ရှေ့ထုတ်ထားသူလည်း ရှိနိုင်တယ်။ သတင်းစာထဲတော့ မပါပါ။

စတိုင်မတူပေမယ့် တူတာတခုက ၃ ယောက်စလုံး ကြံ့ခိုင်ရေးပါတီက မိုးကျရွှေကိုယ်များ ဖြစ်ပါတယ်။



......

5 comments :

  1. Anonymous said... :

    နောက်ချထားတဲ့သူတော့မသိဘူး ရခိုင်ရိုးရာမှာတော့ ခေါင်းပေါင်းစွန်ကို ဘယ်ဘက်ကိုချကြတယ်ဗျ။

  1. Anonymous said... :

    ခေါင်းပေါင်းစကို ဘယ်ချ ထားခြင်းမှာ ရခိုင်ရိုးရာ အမျိုးသား ၀တ်စုံ ၀တ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ ဘယ်ချ ထားခြင်း ဖြစ်ပါသည်။
    နောက်ဖက် ရောက်နေတာက ဘယ်ချထားတာက ရွေ့နေတာပဲ ဖြစ်ပါမည်။

    ဧရာဝတီ သတင်းထောက် အနေဖြင့် စာရေးမည်ဆိုပါက ယဉ်ကျေးမှုဆိုင်ရာ နောက်ခံ အကြောင်းရပ်များကို ကြိုတင် လေ့လာ ထားသင့်ပါသည်။

    ကြံ့ဖွတ် ရခိုင်အမတ်များကလည်း မြန်မာဝတ်စုံကို မ၀တ်ဆင်ဘဲ ရခိုင်ယဉ်ကျေးမှု အတိုင်း (ဟန်ပြဖြစ်စေ) ရခိုင် ခေါင်းပေါင်းကို ဆင်ယင်ခြင်းတော့ ဘာပဲဖြစ်ဖြစ် ရခိုင်ယဉ်ကျေးမှုအတွက် (ဟန်ပြဖြစ်စေဦးတော့) "မဆိုးပေဘူး"ဟု ရိုးရာ ယဉ်ကျေးမှု ရှုထောင့်အရ ဆိုလိုက်ပါမည်။

    ---
    မဆလ ခေတ်တွင် ဇာဂနာက ပြက်လုံးတစ်ခု ထုတ်ခဲ့ဖူးသည်။
    ပြက်လုံးထဲတွင် ဇာဂနာက ခေါင်းပေါင်းစ ညာချထားသည်။ နောက်တစ်ယောက်က ဘယ်ချသည်။
    ဘယ်ချသောသူက သူ့ခေါင်းပေါင်းစ သာ မှန်သည်ဟု ပြောသည်။ ဇာဂနာက ညာချ တာ မှန်သည်ဟုပြောသည်။
    မယုံလျှင် လွှတ်တော်ထဲ သွားကြည့်ပါလား။ အကုန် ညာချ ချည်းပဲဟု ဇာဂနာက ပြောလိုက်သည်။
    မဆလ ခေတ်လွှတ်တော်ထဲတွင် အကုန် ညာချ/ ညာဝါး/ လိမ်ညာ နေကြသလို ဒီနေ့ခေတ် လွှတ်တော်တွင်လည်း ကြံ့ဖွတ်အမတ်များ ခေါင်းပေါင်းစ ညာချ ခြင်းနှင့်အတူ အားလုံး ညာချ/ညာဝါး နေကြသည်ကို သိနိုင်ပါသည်။

    ရခိုင် ကြံ့ဖွတ်အမတ်တွေကတော့ သူတို့ ညာမချပါဘူးလို့ သက်သေပြချင်လို့လားမသိ။ ဘယ်ချထားကြသည်။
    ညာမချရင်လည်း ခေါင်းပေါင်းစပဲ ညာမချ တာ ဖြစ်ပေလိမ့်မည်။ လုပ်ဆောင် ပြောဆိုမှုများကတော့ ညာချသည်ကို ငြင်းမရ။

    -
    သူတို့ ၀တ်ဆင်မှုကို ရခိုင်ယဉ်ကျေးမှု ရှုထောင့်က ကြည့်ရင်တော့- အင်း... မဆိုးပေဘူး။
    -
    နိုင်ငံရေး အရ ပြောရင်တော့ ကြံ့ဖွတ်တွေ ဘယ်ချချ၊ ညာချချ၊.... ဘာမှ မထူးပါဘူး။... အကုန် ညာချ/ ညာဝါး နေကြခြင်းသာ ဖြစ်ပေကြောင်း။

  1. Anonymous said... :

    သတင်းစာက ၇ည်၇ွယ်ချက် ၇ှိ၇ှိ လုပ်လိုက်ပုံ ၇တယ်နော်

  1. Anonymous said... :

    Little Flag on the head. :D :P

  1. Anonymous said... :

    cuဘယ်ချချ ညာချချ အပေါ်ထောင်ထောင် အခုဘယ်လိုပုံစံဖြစ်ဖြစ် အားလုံးချမှာဘဲလို.ပြထားတာ အရင်ကတခုဘဲချတာ အခုအကုန်ချတှာု

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved