ထူးထူးဟန်ရဲ့ ဗျူဟာသစ်

Thursday, October 13, 2011


ထူးထူးဟန်နဲ့ စောမူးဆာ (ဓာတ်ပုံ - AAP) 
-----

သြစတြေးလျနိုင်ငံရောက် မြန်မာဒုက္ခသည်တယောက်ဖြစ်တဲ့ ထူးထူးဟန်တယောက် မြန်မာ့အရေးအတွက် သူ့ရဲ့ နည်းဗျူဟာသစ်တခု ဖွင့်ချလိုက်ပြန်ပါပြီ။

ထူးထူးဟန်ရယ်၊ စောမူးဆာရယ် ဘရစ်စဘိန်းမှာနေတဲ့ နောက်ထပ် ၅ ယောက်ရယ်ပါတဲ့အဖွဲ့ဟာ ဖမ်းဆီးခံရမှာကို မမှုပဲ ဒီနှစ် မကုန်ခင်မှာ မြန်မာပြည်ကိုပြန်ကြမယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေကို လိုက်တွေ့မယ်။ ပြီးရင် သမတ သိန်းစိန်နဲ့ သွားတွေ့မယ်၊ သူ့ကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ ဘရစ်စဘိန်းဒေသဆိုင်ရာ သတင်းစာ၊ Courier Mail ကို ပြောလိုက်ပါတယ်။

“ကျနော့်အတွက်တော့ ဒါဟာ အင်မတန် အန္တရာယ်များပါတယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲ သွားကိုသွားမှ ဖြစ်မယ်လို့ ခံစားနေရပါတယ်။ ကျနော်တို့ ပြည်သူတွေ ဒုက္ခအများကြီးရောက်နေကြတယ်။ ကျနော်သွားတဲ့အခါ ကျနော်ပြောစရာ လုပ်စရာတွေ အများကြီးရှိတယ်။ မြန်မာပြည်ကနေ ဒုက္ခသည်တွေ အများကြီး ထွက်လာနေတာကို တားဆီးချင်တယ်။ ကျနော်တို့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီသာရရင်တော့ ဒီလို ဒုက္ခသည်တွေ ရှိတော့မှာ မဟုတ်ဘူး”လို့ ထူးထူးဟန်က Courier Mail ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်ထဲက အားလုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဆီကို လက်နက်ချပြီး ကိုယ့်ရဲ့ ပြည်သူလူထုကို ကာကွယ်ပေးရမယ် စသဖြင့် စသဖြင့် ပြောထားတာတွေကိုဟောဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ထူးထူးဟန် ဆိုပြီး စ နာမည်ကြီးလာရတဲ့ အကြောင်းရင်းကတော့ ဒီမှာ ပါ။
ထူးထူးဟန် နဲ့ ဆက်စပ်နဲ့ နောက်ဖတ်စရာတခုကတော့ ဒီမှာ ပါ။
စောမူးဆာ အကြောင်း ရေးထားတာကတော့ ဒီမှာ ပါ။

7 comments :

  1. a said... :

    ဧရာဝတီဘလောဂ် တာဝန်ရှိသူများခင်ဗျာ ဘာကြောင်းများ ထူးထူးဟန်းဆိုတဲ့ အရူးအပေါ်တစ်ယောက် အကြောင်းကို တင်ပေးနေတာလည်း ထူးထူးဟန်းဆီကနေ့ စပွန်ဆာရနေလိုလား အဆင့်တန်းကိုမရှိဘူး သတင်းပဲ ဖတ်ချင်းတာ အခုကလို အရူးအပေါ်တစ်ယောက်ကို ချီးမွမ်းနေတာ ဧရာဝတီ အဖွဲ့သားတွေကိုယ်တိုင်း ထူထူဟန်းနောက်လိုက်တွေလားမသိဘူး

  1. Sai said... :

    ကျွန်တော့်အမြင်ကိုပြော၇၇င်သတင်းဆိုတာအပြင်ကအကြောင်းအကျိုးများကိုအမှန်အတိုင်းတင်ပြတာဟာသတင်းပါဘဲ၊၊ ကျွန်တော်ကဧ၇ာဝတီနဲ. ဘာမှမဆိုင်ပါ၊၊ ထူးထူးဟန် ရူးတယ်ဆိုလဲမတော်လို. လမ်းမှာတွေ. ခဲ. ရင်ရှောင်လို. ၇တာပေါ. မတော်လို. ငါ. ညီတာထောင်ထဲေ၇ာက်ခဲ. ၇င်သတင်းဆိုတာဖတ်၇ဖို. မလွယ်ဘူးလေ၊၊

  1. Anonymous said... :

    အားလုံး စဉ်းစားနိုင်အောင် လွမ်းဝေရဲ့ ကွန်မင့်ကို ထပ်တင်ပေးလိုက်ပါတယ်။
    မပြောချင်ပေမယ့် ပြောရတော့မယ် ဒီကေါင်မဟုတ်တာတွေ လုပ်နေတာနဲ. အာဏာရှင်တွေ အရေးက မှိန်သွားအုံးမှာမိ� ��.လို.
    written by လွမ်းဝေ, July 22, 2011
    ကိုအောင်ဇော်နဲ. ဧရာဝတီ အဖွဲ.သားများရော စာဖတ်ကြတဲ့သူတွေရော ဒီထူးထူးဟန်ရဲ. ကိစ္စကြီးကို ဟုတ်သလား မဟုတ်သလားေ၀၀ါးနေမှာ စိုးလို.ရေးလိုက်တာပါ။ ကျနော်က ထူးထူးဟန် (၀ါတီး) ဆိုတာကို သူမိသားစု တစ်စုလုံးပါ သိတဲ့သူပါ။ ထူးထူးဟန်ဆိုတာ ဘာထောက်လှမ်းရေးမှ မဟုတ်ဘူး။ ၁၉၆၇ ကလဲမွေးတာမဟုတ်ဘူး။ တောင်ဥက္ကလာပ ၁၀ ရပ်ကွက် ဇေယျလမ်းမှာနေတယ်။ စစ်တက္ကသိုလ် နာမည်ဆိုတာတော့ ကြားဖူးပါလိမ့်မယ် ရောက်ဖို. တက်ဖို.ဆိုတာကတော့ အိပ်မက်တောင်မက်ခဲ့ဖူးမှာ မဟုတ်ဘူး။ ပညာအရည်အချင်းက ၆ တန်းလား ၇ တန်းလား မသိဘူး ဒါထက်မမြင့်ဘူး။ ၁၉၈၈ မှာ အသက်က ၁၅ နှစ်လောက်ပဲရှိသေးတယ်။ ဟိုယောင်ယောင် ဒီယောင်ယေါင်လုပ်တာတော့ ၀ါသနာပါတယ်။ နာမည်ကြီးချင်တယ်။ သူမိသားစုအကြောင်း အကုန်သိတယ်။ သူ.အကိုက ဆန်နီဟန်(တီးတော့) မြန်မာပြည်မှာတုံးက RIT မှာ တက်ခဲ့တယ်။ ၈၈ တုန်းက တောခိုခဲ့တယ်။ ဘုရားသုံးဆူဖက်ကို ရောက်လာဖူးတယ် ကြားတယ်။ ဆန်နီဟန်ကို ကိုနေမျိုး (ABSDF) ရဲဘော်ဟောင်းကြီး သိပါတယ်၊ တလ ၂ လလောက်ပဲ ရှိမယ် သိပ်မကြာဘူး ပျောက်သွားတယ်။ မြန်မာပြည်ပြန်သွားပြီး နောက်တော့ ဘန်ကေါက်ပြန်တက်လာပြီး UNHCR ဒုက္ခသည်အနေနဲ. အမေရိကားကို ရောက်လာပြီး အခု Buffalo, New York ဖက်မှာ ရှိတယ်လို.တော့ ကြားမိတယ်။ သူ.ညီက ထက်ထက်ဟန်(ပဲပြုတ်) အခု Australia မှာပဲနေနေပါတယ်။ ထူးထူးဟန်က ၈၈ မှာတောခိုခဲ့သေးတယ် သေ့ဘောဘိုးစခန်းကို ရောက်တယ်။ ၂ ပတ်လောက်နေတော့ ငှက်ပျောအူ မစားနိုင်တော့ ပြန်လစ်သွားတယ်။
    မြန်မာပြည်မှာ အကသ အဖွဲ.၀င်အနေနဲ. ဟိုစာဝေ ဒီစာဖြန်.လုပ်ပြီး ထောင်ကျခဲ့တယ်တော့ ကြားမိတယ်။ နောက်တော့ထွက်လာပြီး ဘန်ကေါက်မှာ ဒုက္ခသည်လျှောက်ပြီး သံရုံးနိုင်ငံရေး (သံရုံးရှေ.မှာ သွားအော်တာကို ပြောတာပါ) လုပ်တယ် ခေတ်ပြိုင်ဖေါက်သည်ကြီးပေါ့။ ထူးထူးဟန်ပုံက ၈၈ တုန်းက Time magazine မှာနဲ.တူတယ် လူအုပ်လိုက်ကြီးဆန္ဒပြနေတဲ့ ပုံကိုရိုက်ထားတာ သူ.မျက်နှာက ထင်ထင်ရှားရှားကြီး ပါသွားတယ်။ ဒါကြောင့်ပြောတာထင်တယ် သူ.ကိုသူပြောတာကိုး (ကျနော်က အရမ်းနာမည်ကြီးတယ်ဆိုတာ)။
    ပြောချင်တာကတော့ ထူးထူးဟန်ဟာ ဘာထောက်လှမ်းရေးမှ မလုပ်ခဲ့ မဖြစ်ခဲ့ဘူး။ ဖြစ်ဖို.လဲ အရည်အချင်းမရှိခဲ့ပါဘူး။ ကိုယ်ကျိုးအတွက် သတင်းရောင်းစားတဲ့ သူတော့ ဖြစ်ကေါင်းဖြစ်ခဲ့မယ်။ အခုကိစ္စကလဲ သူကိုယ်သူနာမည်ကြီးအောင် လုပ်တာသက်သက်ပါ။ သူတို.ကို ဟိုငယ်ငယ်လေးထဲက မျက်စေ့ရှေ.အောက်မှာ ကြီးလာတာကို တွေ.လာခဲ့တာပါ။ စစ်တက္ကသိုလ်တက်ခဲ့တယ်တို. ဆိုတာ လုံးဝမဖြစ်ခဲ့ပါဘူး။ ရပ်ကွက်ထဲ ဟေးလားဝါးလားနဲ. မူးယစ်ဆေးဝါးလေးသုံး အုပ်စုဖွဲ.ပြီး ပြသနာရှာ ရန်ဖြစ်တာကိုတော့ တွေ.ခဲ့ပါတယ်။
    ကိုအောင်ဇော်နဲ. အဖွဲ.သားများရောစာဖတ်သူတွေရော ကျုနော် comment ကိုဖတ်ပြီးရင် သူ.ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို သိပါလိမ့်မယ်။ ထူးထူးဟန်တကယ်လုပ်ခဲ့တာပဲ ဆိုပြီးယုံကြည်နေသူများလဲ အမှန်သိနိုင်အောင်ပါ။ အခုသူလုပ်တဲ့ အလိမ်အညာက ပေါ်သွားရင် အာဏာရှင်တွေ တကယ်လုပ်နေတာတွေက မှေးမှိန်သွားပြီး နိုင်ငံတကကာက မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေကို အထင်သေးအမြင်သေး ဖြစ်သွားဖို.က သေချာနေပါတယ်။ အဲဒီတော့ အမှန်တရားပေါ်အောင် သတင်းသမားတွေကိုရော စာဖတ်သူတွေကိုပါ ဘယ်သူက ဘာလဲဆိုတာ သေချာသိအောင်လို. ရေးလိုက်တာပါ။

  1. Anonymous said... :

    ကျေးဇူးပြုပြီး အဲဒီစိတ်မနှံတဲ့လူသတင်းထည့်မဲ့အစား
    တခြားဗဟုသုတရမဲ့သတင်းထည့်ပေးပါခင်ဗျား။

  1. Unknown said... :

    Please don't post him again.We don't want to read the crazy guy,(waste of our time)

  1. Anonymous said... :

    အပေါ်က ကိုလွမ်းဝေရေးတယ်ဆိုတဲ့ comment က အမှန်ပါပဲ။ ကျွန်တော်လည်း သူတို့ရပ်ကွက်ထဲကပါ။ သူနဲ့သိတဲ့သူတွေကတော့ အရူးအပေါလို့ သတ်မှတ်ထားကြတာပါပဲ။ သူ့အကြောင်းကတော့ သိပ်ရေးကြီးခွင်ကျယ် ရေးလောက်စရာ မရှိဘူးထင်တာပဲ။ ဒီထက်တန်ဖိုးရှိမယ့် သတင်းမျိုးလေးတွေတင်ရင် ပိုကောင်းမယ်ထင်ပါတယ်။

  1. Anonymous said... :

    သတင်းဆိုတာကလဲ ပါတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ထူးခြားတဲ့ ဖြစ်စဉ်တွေအကြောင်း ဖေါ်ပြတဲ့အရာကိုး .... ဒါလဲ သတင်းတခုပါပဲ ... အကျိုးရှိမှု မရှိမှုကတော့ စာဖတ်သူတွေနဲ့ ဆိုင်ပါတယ် ... ကိုယ့်အတွက် အကျိုးမရှိ အသုံးမဝင်ဘူးထင်ရင် အချိန်ကုန်ခံ ဖတ်မနေတာဘဲ ကောင်းပါတယ် .... ဒီသတင်းကတော့ နိုင်ငံရေးနဲ့ ပါတ်သက်မှု အနည်းအကျဉ်းရှိနေတယ် .... အချို့အရာတွေ ခုတုံးလုပ်ထားတယ် လိမ်ညာထားတယ် ... ဒါတွေ ဟုတ်မဟုတ် ... မှန်မမှန် ကာယကံရှင်ကသိသလို ကာယကံရှင်တွေကို သိနေတဲ့သူတွေကလည်း သိမှာပါ ခုပဲ တယောက်က သူဘယ်သူပါဆိုပြီး တခြားသူတွေကို အသိပေးနေပါပြီ .... လိမ်တယ်ဆိုရင်လည်း အဲဒီလိမ်လည်မှုကို သိထားသင့်ပါတယ် .... တချိန် ကိုယ်နဲ့ပါ ဒီလိမ်လည်မှုက လာရောက်ပတ်သက် ဆက်နွယ် မကြုံကြိုက်ဘူးလို့ ပြောမှမရတာ .... Australia မှာ တမြို့ထဲနေတဲ့သူတွေက ဒီလူတွေဟာ ပေါကြောင်ကြောင် နာမည်ကြီးအောင် ပေါက်ကရလုပ်သူတွေဖြစ်ကြောင်း ပြန်ပြောကြတာလဲ ကြားပါတယ် ... သူတို့ ပြောပုံ ဆိုပုံ လုပ်ပုံတွေကလည်း တကယ် ပေါတောတောနဲ့ ပေါက်ကရတွေမှန်း အသေးစိတ်မသိပေမဲ့ ခန့်မှန်းမိပါတယ် ... ဒါပေမဲ့ မသိနားမလည်တဲ့သူတွေ လိမ်လည်လှည့်ဖြားဖြင်း မခံရအောင်တော့ သိထား .... ဖေါ်ထုတ်နိုင်ဖို့ လိုပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved