မြန်မာအစိုးရကို အသိအမှတ်မပြုသင့်

Saturday, November 26, 2011

~








Washington Post သတင်းစာ
အယ်ဒီတာအဖွဲ့အာဘော်

ကမ္ဘာ့ အဖိနှိပ်ဆုံး အာဏာရှင်အဖြစ် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာအစိုးရဟာ မကြာသေးမီက နိုင်ငံတကာ ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက မြန်မာကို အာဆီယံရဲ့ ၂၀၁၄ ဥက္ကဋ္ဌနေရာအတွက် သဘောတူခဲ့သလို အိုဘားမားကလည်း နိုင်ငံခြားရေးဝန်ကြီးကို မြန်မာပြည် တရားဝင် စေလွှတ်တော့မှာပါ။ အိုဘားမားရဲ့ သက်တမ်းအတွင်းစေလွှတ်ခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေထဲမှာ အဆင့်အမြင့်ဆုံးပါပဲ။

ဘာကြောင့်များ မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေက ဒီလောက်တောင် အသိအမှတ်ပြုခံနေရတာလဲ။ သူတို့ ဒီမိုကရေစီ ဖော်ဆောင်ပေးသေးတာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

ကုလ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်က ရှင်းနေတာပဲ - မြန်မာ့တပ်မတော်က တိုင်းရင်းသားလူနည်းစုတွေကို စစ်ဆင်ရေးတွေ ဆက်လုပ်နေ၊ အရပ်သားတွေကို ပစ်မှတ်ထားနေတုန်းပဲ၊ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ မတရားကျင့်နေတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ လူတွေ ကိုယ့်နေရပ်မှာ နေလို့မရအောင် စနစ်တကျ လုပ်နေတယ်။

ဒီအတောအတွင်းမှာ တရားလက်လွတ်ဖမ်းဆီးတယ်၊ လူတွေ ပျောက်သွားတယ်၊ မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရှိတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်၊ လူမဆန်တဲ့ ဖိနှိပ်မှု အပြစ်ပေးမှုတွေ စသဖြင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ စနစ်တကျချိုးဖောက်တာတွေ ဆက်ဖြစ်နေတယ်။

ဒါတွေအားလုံး လက်ရှိ ဖြစ်ပျက်နေတယ်ဆိုတာကိုတော့ ကျေးဇူးပြုပြီး မှတ်ထားပေးကြပါ။

နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကို ဆက်ထိန်းထားတယ်။ အဲဒီထဲမှာ မင်းကိုနိုင်၊ ဦးဂမ္ဘီရတို့ ပါပါတယ်။ ဦးဂမ္ဘီရဟာ ရက်ရက်စက်စက်၊ အစီအစဉ်ရှိရှိ နှိပ်စက်ခံရတာကြောင့် စိတ်ပိုင်းရော ရုပ်ပိုင်းပါ ယိုယွင်းနေတယ်လို့ မိသားစုနဲ့ တခြားအကျဉ်းသားတွေက ဆိုတယ်။

ပြီးခဲ့တဲ့လတွေတုန်းကတော့ အပြောင်းအလဲ အရိပ်အယောင်တွေ ပေါ်ပေါက်လာပါတယ်။ လူအများအပြား ကန့်ကွက်ကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့လိုက်တယ်၊ အင်တာနက် ထိန်းချုပ်မှုကို လျှော့ပေးတယ်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀ ၀န်းကျင်ကို လွှတ်တယ်၊ ရှေ့တပတ် ဟီလာရီကလင်တန် သွားတဲ့အခါ ထပ်ပြီး လွှတ်ပေးနိုင်ချေ ရှိသေးတယ်။ ဥပဒေစည်းကမ်းတွေ အပြောင်းအလဲ လုပ်ပေးတဲ့အတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းသားဟောင်းတွေ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့် ရနိုင်တယ်။

အိုဘားမားကတော့ အဲဒါတွေဟာ ပျောက်သွားလိုက် ပေါ်လာလိုက်ဖြစ်နေတဲ့ (မှိတ်တုပ်မှိတ်တုပ် ဖြစ်နေတဲ့) တိုးတက်မှုတွေလို့ ဆိုတယ်။ မြန်မာပြည်ကို နိုင်ငံခြားရေးဝန်ကြီး သွားတာဟာလည်း စစ်အုပ်စုထဲက ပြုပြင်ပြောင်းလဲရေးသမားတွေကို ၀မ်းမြောက်စေဖို့၊ သဘောထားတင်းမာသူတွေကို အားနည်းစေဖို့ ရည်ရွယ်တာပါ။ တကယ်တော့လည်း ပြင်ပကလူတွေဟာ စစ်အုပ်စုကို သဘောပေါက်နိုင်ဖို့က မလွယ်ပါဘူး။

အမေရိကန်အစိုးရ အစောကြီးကတည်းက အများကြီး လိုက်လျောနေတာဟာ စွန့်စားတာပါပဲ။ မြန်မာပြည်က “ပြုပြင်ပြောင်းလဲရေးသမား” သမ္မတဦးသိန်းစိန် မကြာသေးခင်ကပဲ ပြောပါတယ် -
မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိပါဘူး တဲ့။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြေညာပါတယ်၊ “အပြောင်းအလဲက အများကြီး မဖြစ်သေးတဲ့အတွက်” လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုတွေမှာ ၀င်မပါသေးနဲ့အုံး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုက်တာပါ။

ပြုပြင်ပြောင်းလဲရေးတွေ ထပ်လုပ်ပါ့မယ် ဆိုတဲ့ ကတိကို စစ်အုပ်စုက ဖျက်လာနိုင်တာမို့ စစ်အုပ်စုနဲ့ သွားတွေ့မယ့် ဟီလာရီကလင်တန်ဟာ ဒါတွေအားလုံးကို ထည့်တွက်ထားရမှာပါ။


http://www.washingtonpost.com/opinions/undeserved-validation-for-burma/2011/11/23/gIQABU8itN_story.html မှာ သောကြာနေ့ ရက်စွဲနဲ့ ဖော်ပြထားတဲ့
Undeserved validation for Burma ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်






~

11 comments :

  1. Anonymous said... :

    ပေါတောတောနဲ့ ၀င်ငွေမကောင်းတော့လို့လား လူထုကို အမှန်အကျိုးပြုမယ့် အကြောင်းအရာတွေ ရေးပေးပါ ။ တရားနတ်စောင့်ပါတယ် ဗျ ခင်များ တို့ဟာက သေသာသွားတယ် အမှန်တရားကို မသိတာလား မသိချင်တော့တာလား ဒေါ်လာတွေကပဲ ကွယ်ထားလို့လား ။။။။ လား ...လား....

  1. Anonymous said... :

    ဆောင်းပါးက အတော်ကို တောက်ပြောင်ပါတယ်။ ထင်သာမြင်သာ ဖြစ်တယ်။ မှန်လွန်းတော့ ထိရင် မခံနိုင်ဖြစ်တက်တာ မဆန်းပါဘူး။

  1. Anonymous said... :

    ရေးနေတာကတမျိုး တကယ်ဖြစ်နေတာကမျိုးတွေပါ။
    သမတဦးသိန်းစိန်က အိုဘားမှာနောက်မှာပြုံးပြုံးကြီးရပ်နေ
    တာမတွေ့ဘူးလား။

  1. neogunner09 said... :

    ဆောင်းပါမှာ ပါတဲ့အချက်တွေက လုံးဝ ငြင်းစရာမရှိဘူး။ လက်တွေ့  အခြေအနေကို ဖော်ပြနေတယ်။ နိုင်ငံတကာရဲ့ အမြင်၊ ရပ်တည်မှု ဘယ်လိုပဲရှိရှိ မြန်မာနိုင်ပြည်ရဲ့ လက်ရှိ အခြေအနေက ဆောင်းပါးမှာရေးထားတဲ့ အတိုင်း အတိအကျပဲ။
    သိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေးအမှန်တယ် လုပ်နေပါတယ်လို့ ပြောရလောက်အောင် ခိုင်မာတဲ့ အချက်အလက် မရှိသေးဘူး။ မကြာသေးမီက သိန်းစိန်ကိုယ်တိုင် ပြောသွားတာတွေက သူတို့ ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။

  1. neogunner09 said... :

    “ပေါတောတောနဲ့ ၀င်ငွေမကောင်းတော့လို့လား လူထုကို အမှန်အကျိုးပြုမယ့် အကြောင်းအရာတွေ ရေးပေးပါ ။ တရားနတ်စောင့်ပါတယ် ဗျ ခင်များ တို့ဟာက သေသာသွားတယ် အမှန်တရားကို မသိတာလား မသိချင်တော့တာလား” ဆိုတဲ့လူ....

    လူထုကို အမှန်အကျိုးပြုမယ့် အကြောင်းအရာဆိုတာဘာလဲ....
    အမှန်တရားဆိုတာဘာလဲ....
    ဒီဆောင်းပါးမှာ ဘယ်အချက်တွေမှားနေလဲ၊ ခင်ဗျားထောက်ပြပါဦး....

  1. .

    "မြန်မာစစ်တပ်က ဥပဒေမဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများ၏ ရုပ်ကလပ်များ (ဓါတ်ပုံများ)"

    ခေါင်းစဉ်ကို နှိပ်ပြီး တုန်လှုပ်ခြောက်ခြားဘွယ်ရာ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။

    (နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အနေနဲ့ ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ လင့် ကို ဖွင့်မကြည့်ပါရန် ကြိုတင် သတိပေးပါတယ်။)



    စစ်တပ်ရဲ့ လူမဆန်စွာ အသတ်ခံထားရတဲ့ ပြည်သူတွေရဲ့ ရုပ်ကလပ် ဓါတ်ပုံတွေကို နိုင်ငံတကာက စာဖတ်ပရိသတ် အများစုကတော့ ကြည့်ပြီးပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက ဝင်ကြည့်တဲ့ စာဖတ်ပရိသတ် အသစ် အများစုက မကြည့်ရသေးတဲ့အတွက် ပြည်တွင်းပရိသတ်အတွက် အဲဒီ ဓါတ်ပုံတွေကို ပို့စ်အဖြစ် တင်ထားတဲ့ လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။


    လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို စစ်အုပ်စု အာဏာတည်မြဲရေးအတွက် စစ်အုပ်စုခေါင်းဆောင် လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုးကြီးတွေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေကို ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

    မြန်မာစစ်တပ် ရဲ့ လုပ်ရပ်တွေဟာ လူစိတ်မရှိတဲ့ စစ်ခွေးစစ်စစ်တွေသာ လုပ်လေ့ရှိတဲ့ (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေ) ဖြစ်ပါတယ်။

    အဲဒီ ဓါတ်ပုံတွေထဲမှာ မြင်ရသလိုပဲ အရပ်သားအရေခြုံ သိန်းစိန် အစိုးရက စစ်ဆင်ရေး အကြေုာင်းပြပြီး အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဆက်လက် သတ်ဖြတ်နေဆဲပါ။

    သိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဆိုတာက အရမ်း နည်းပါသေးတယ်။ အသံကောင်း ဟစ်တာက များနေတာပါ။ လက်တွေ့မှာ ပါးစပ်က ဘုရား၊ ဘုရား၊ လက်က ကားယားကားယား လုပ်နေဆဲပါ။

    ဒါကြောင့် "မြန်မာအစိုးရကို အသိအမှတ်မပြုသင့်" လို့ Washington Post သတင်းစာ
    အယ်ဒီတာအာဘော် ရေးထားတာ အရမ်းကို သဘာဝကျပါတယ်။

  1. Anonymous said... :

    နိုင်ငံတကာကတော့အသိအမှတ်ပြုလို့ပဲသံရုံးတွေဖွင့်ခွင့်ပေး
    ထားတာပေါ့ငတုံးတွေရဲ့။အသိအမှတ်မပြုချင်တာဗကပ
    တွေပဲရှိတယ်။

  1. neogunner09 said... :

    Washington Post ကရေးထားတာ လုံးဝ မှန်တယ်။ တကယ့် အခြေအနေအမှန်က အဲဒီအတိုင်း အတိအကျပဲ။ ခေါင်းဖြူပြီး အစွယ်ကျိုးနေသူတွေသာ ယောင်ဝါးဝါးနဲ့  သိန်းစိန်အစိုးရကို ယုံနေတာ။ သိန်းစိန်ပြောသွားတာကတော့ လုံးဝရှင်းတယ်။ ဖွဲ့ စည်းပုံကိုပြောင်းနိုင်မယ်ထင်နေသူတွေ ဘာသံမှထွက်မလာပါလား။ နိုင်ငံရေး အကျဉ်းသားမရှိဘူးဆိုပါလား။ ကြုတ်ကြက်လိကြဦးနော်။

  1. neogunner09 said... :

    ဆောင်းပါမှာ ပါတဲ့အချက်တွေက လုံးဝ ငြင်းစရာမရှိဘူး။ လက်တွေ့  အခြေအနေကို ဖော်ပြနေတယ်။ နိုင်ငံတကာရဲ့ အမြင်၊ အာစီယံရဲ့ ရပ်တည်မှု ဘယ်လိုပဲရှိရှိ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေက ဆောင်းပါးမှာရေးထားတဲ့ အတိုင်း အတိအကျပဲ။
    သိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေး အမှန်တကယ် လုပ်နေပါတယ်လို့ ပြောရလောက်အောင် ခိုင်မာတဲ့ အချက်အလက် မရှိသေးဘူး။ မကြာသေးမီက သိန်းစိန်ကိုယ်တိုင် ပြောသွားတာတွေက သူတို့ ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။

  1. neogunner09 said... :

    Washington Post ကရေးထားတာ လုံးဝ မှန်တယ်။ တကယ့် အခြေအနေအမှန်က အဲဒီအတိုင်း အတိအကျပဲ။ ခေါင်းဖြူပြီး အစွယ်ကျိုးနေသူတွေသာ ယောင်ဝါးဝါးနဲ့  သိန်းစိန်အစိုးရကို ယုံနေတာ။ သိန်းစိန်ပြောသွားတာကတော့ လုံးဝရှင်းတယ်။ ဖွဲ့ စည်းပုံကိုပြောင်းနိုင်မယ်ထင်နေသူတွေ ဘာသံမှထွက်မလာပါလား။ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့  သမဒကြီးက ပြောနေတယ်နော်။ ကြုတ်ကြက်လိကြဦး။

  1. Anonymous said... :

    ဗကပတွေကိုရောဘယ်သူကအသိအမှတ်ပြုလဲ။
    တရုပ်ပြည်ကတောင်အသိအမှတ်မပြုလို့
    သောင်ပြင်မှာလွင့်နေရတာမဟုတ်လား။
    ဗကပတွေကဗိုလ်ချုပ်ဦးအောင်ဆန်းကိုတောင်လွတ်လပ်
    ရေးအတုကြီးယူပေးတယ်ဆိုပြီတောခိုတိုက်ကြတဲ့သူတွေပဲ။
    သမိုင်သင်ခန်းစာကို ဖိုးသံချောင်းတို့ယူသင့်ပါပြီ။
    စေ့စပ်ဆွေးနွေးရေးဆိုတာကွန်မြူနစ်ကျမ်းတွေမှာမရှိဘူးဆိုရင်တော့ မောင်ရင်တို့ကျမ်းအသစ်ပြန်ရေးသင့်ပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved