ဗမာဘက်က ထိုင်းမြေပေါ်ရောက်နေတဲ့ ဗမာပြည်သားတွေအပေါ် အကာအကွယ်ပေးဖို့  အပြည့်အဝ တောင်းဆိုသင့်ပါတယ်။ ထိုင်းကုန်သည်ကြီးတွေအနေနဲ့ ဗမာပြည်သားတွေကို နိုင်ထက် စီးနင်းပြုနေတဲ့ လုပ်ငန်းရှင် အသေးစားလေးတွေကို ဖြစ်စေ၊ ထိုင်းရဲ နှင့် ထိုင်းလူဝန်မှု့ ကြီးကြပ်ရေး ဝန်ထမ်းတွေကိုဖြစ်စေ ဗမာပြည်သားတွေ အပေါ် လူကို လူလို မြင်ဖို့  ပြောသင့် ဆိုသင့် အရေးယူသင့်ပါတယ်။ ဗမာသံရုံး နှင့် နယ်စပ်ကော်မတီ က ထိုင်းမြေပေါ် ရောက်နေတဲ့ ကိုယ်နိုင်ငံသားတွေ အရေး အကာအကွယ် အပြည့်ပေးဖို့ လုပ်သင့်ပါတယ်။ ဦးသိန်းစိန်က စစ်မှန်တဲ့ အစိုးရ ဒီမိုကရေစီ အစိုးရအဖြစ် ရပ်တည်နေပြီး ဆိုရင် ဗမာပြည်သားကို အကာအကွယ်ပေးရပါမယ်။