အဖိုးကြီး ၀မ်ကျားပေါင်
Thursday, December 15, 2011
~
တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်
ဝမ်ကျားပေါင် ၀န်ကြီးချုပ်ရာထူး ရလာတာ ၈ နှစ် ကျော်ပါပြီ။
အရင်ဝန်ကြီးချုပ်တွေနဲ့ မတူတာက သူ့ကို လူမြင်ကွင်းမှာ မကြာခဏ တွေ့ရတာပါပဲ။ ဘေးဒုက္ခ ကျရောက်တဲ့ဒေသတွေသွားပြီး လူတွေကို နှစ်သိမ့်အားပေးတာ၊ ကျေးလက်ဒေသခံတွေနဲ့ တ၀ိုင်းထဲ စားသောက်တာမျိုးတွေ ရုပ်သံမှာ တွေ့ရတတ်တယ်လို့ ဆိုတယ်။ ဒါကြောင့် တရုတ်တွေက သူ့ကို အဖိုးကြီးဝမ် ဆိုပြီး ချစ်စနိုးခေါ်ကြတယ်လို့ New York Times က နှစ်ဆန်းပိုင်းမှာ ရေးထားပါတယ်။
အင်တာနက်မှာ သူ့အကြောင်း ရှာကြည့်တော့ ၀မ်ကျားပေါင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဟူယောင်ဘန်း (Hu Yaobang)၊ ကျောက်ကျိယန် (Zhao Ziyang) တို့နဲ့ နီးစပ်ခဲ့တဲ့သူလို့ ရေးထားကြပါတယ်။ အဲဒီ ၂ ဦးဟာ ပါတီထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေပါ တဲ့။
တီယန်မင်းရင်ပြင်က တရုတ် ရှစ်လေးလုံး လှုပ်ရှားမှုမှာ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယန် စကားပြောနေတုန်း သူ့ဘေးမှာ ရှိနေတာ ဝမ်ကျားပေါင် ဖြစ်ပါတယ်။
သူ့ဆရာတွေနဲ့ တူတဲ့အချက်က ဝမ်ကျားပေါင်ဟာ ပြုပြင်ပြောင်းလဲရေး လိုလားသူ ဖြစ်တယ် ဆိုတာပါပဲ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ရမယ် ဆိုတာကို လူသိရှင်ကြား တကြိမ်မက ပြောခဲ့သူပါ။ ဒါပေမယ့် ဝေဖန်သူတွေကတော့ သူဟာ မြင်သာထင်သာရှိတဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်မပြနိုင်သေးဘူးလို့ သုံးသပ်နေကြပါတယ်။
အခု အသက် ၆၉ နှစ် ရှိပြီဖြစ်တဲ့ ၀မ်ကျားပေါင်က မြန်မာပြည်ကို ဒုတိယအကြိမ် လာဖို့ ပြင်နေပြီလို့ သိရပါတယ်။
သူ လာရင်တော့ နေပြည်တော်က ပြုပြင်ပြောင်းလဲရေး "လုပ်ပြတတ်သူ" သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဖွယ် ရှိပါတယ်။
~
3 comments :
  1. Anonymous said... :
    အညှီရှိရာ လာတဲ့ ယင်ကောင် ပြန်ရင် လောက်တွေပဲ
    ထားခဲ့လိမ့်မယ်
  1. Anonymous said... :
    အရာရာကို အနုတ်သဘောကြည့်နေတာ စာ မတတ်တဲ့ သူမှန်းသိသာတယ်
  1. than paw said... :
    လုံးဆန်ကျင်ကန်ကွက်ကြ။ကိုယ်ကျိုးမျော်ဝါဒနင့်ဘယ်သူ
    သေသေငတေမာရင်ပြီးရောဆိုတဲ့ဒီကွန်မြူနစ်ခေါင်းဆောင်
    ရာဇ၀တ်ကောင်ကိုကန်ကွက်ကြမြန်ပြည်သားတို့
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved