ဒေါက်တာစင်သီယာမောင် မွေးနေ့

Tuesday, December 6, 2011

~





ဒီနေ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင် ဒီနေ့ ၅၂ နှစ်ပြည့်ပါပြီ။

သူ့မွေးနေ့ အထိမ်းအမှတ်ပွဲကို သူ့ကို ချစ်ခင်လေးစား ကြတဲ့သူတွေက ဒီနေ့ မဲဆောက်မှာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဒီပွဲမှာ ဒေါက်တာစင်သီယာမောင်ကို ချစ်ခင်လေးစားကြတဲ့ နိုင်ငံတကာက မိတ်ဆွေများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူမှုရေးဌာနနဲ့ မယ်တော်ဆေးခန်း တည်ရှိရာအရပ်က ဒေသခံ ထိုင်းလူမျိုးများ၊ မဲဆောက်မှာ အခြေစိုက်တဲ့ မြန်မာပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အလုပ်သမားရေးအဖွဲ့တွေနဲ့ အခြားမြန်မာ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက် အားပေးခဲ့ကြတာ တွေ့ရပါတယ်။

ဟက်ပီဘတ်ဒေး ဒေါက်တာစင်သီယာမောင်!!




























~

1 comments :

  1. Jack said... :

    Have a wonderful and prosperous for now and forever. May God Bless you Cynthia

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved