အမျိုးသမီး ၂ ယောက်ကို အမျိုးသား ၄ ယောက်က အပြင်းအထန် ပါးရိုက်နားရိုက် နေပုံ ရုပ်မြင်သံကြားကို ကြည့်ပြီး facebook မှာ အကြီးအကျယ် ငြင်းခုံစရာ ဖြစ်နေပါတယ်။
comments တွေအရ ဆိုရင် ဒီဖြစ်ရပ်ဟာ မလေးရှားမှာ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။
ရိုက်နှက်သူတွေဘက်က ကာကွယ် ပြောဆိုသူတွေ ရှိသလို
ရိုက်နှက်သူတွေကို ကန့်ကွက်တာတွေလည်း ရှိပါတယ်။
ရိုက်နှက်သူများဘက်မှ ထောက်ခံသူတဦး (၁)
မလေးရှားမှာ မြန်မာမိန်းခလေးတွေ(လူတိုင်းကိုမဆိုလိုပါ) နိုင်ငံသားပေါင်းစုံနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတာ အများကြီးပါ ကောင်းတဲ့မိန်းခလေးတွေလည်းရှိကြပါတယ်။ ခက်တာက သူတို့က အတည်အတံ ကြိုက်လို့တွဲနေတဲ့အဆင့် မဟုတ်တော့ပဲ ပြည့်တန်ဆာပုံစံ ဖြစ်လာကြတာပါ...ဘဲ။ စက်ရုံအတူတူလုပ်တဲ့မြန်မာယောင်္ကျားလေးတွေ ရှက်လို့တား ပြန်ရင်လည်း ငါ့ဟာနဲ့ ငါ<<<<<<<နင်တို့အပူပါလားဆိုတာ ကျွန်တော်သူငယ်ချင်း နားနဲ့ဆတ်ဆတ်ကြားခဲ့ဘူးပါတယ်။ ကျွန်တော်သူငယ်ချင်းက သူ့ကိုပြောတာမဟုတ်တော့ ဘာမှဝင်မပြောခဲ့ပါဘူး။ ကျွန်တော်တို့လူမျိုးအများစုကကိုယ့်အမျိုး ကိုထိရင် နာလည်းနာ၊ရှက်လည်းရှက်တတ်ပါတယ်။ အဲဒီအခါ ကျတော့ မြန်မာတွေက နီပေါ၊ဘင်္ဂလားတွေကို ၀ိုင်းရိုက်တော့ တာပါဘဲ။ အချုပ်ခန်းရောက်တဲ့ကောင်က ရောက်ပေါ့ဗျာ။ အဲနောက်နေ့ကျတော့ အဲအဲ့ဒီရွှေမတွေက အချုပ်ထဲရောက်တဲ့ သူတွေကိုမျက်နှာပြောင်တိုက်ပြီး မနက်တယောက်၊ ညတယောက် ဆိုပါတော့ဗျာ။ မြန်မာတွေအများစုရှိတဲ့ ရပ်ကွက်တည်းခိုခန်းကနေပေါ်တင်ကို ထွက်လာတတ်တာကိုး။ သူများဘယ်လိုတားလို့ရမလဲ .. ကိုယ့်ဟာ တွေက အလိုတူအလိုပါကိုးဗျ။ နောက်ဆုံးတော့ ... သူတို့နေတဲ့အ ဆောင်ထိ ပွဲသွားကြမ်းပီးလန့်သွားအောင်နဲ့ နောက်မလုပ်ရဲအောင် ခြောက်လှန့်ပေးရပါတယ်။ ဒါတောင်လူမုန်းခံပြီး လုပ်တတ်တဲ့သူ ရှိမှပါ။ အဲဒီလိုမလုပ်ရင်လည်း ဘယ်ကိုတိုင်ရမလဲဗျာ..? မိန်မပျက်တွေနဲ့ အတူတူအလုပ်လုပ်နေရတဲ့ မိန်းမကောင်းလေး တွေလည်း ရှက်ပေမဲ့ တားမရလို့ ဒီအတိုင်းကြည့်နေရပါတယ်။ ဗီဒီယိုထဲမှာလည်းပါပါတယ်..ကျွှန်မတို့တားတာ..တားလို့မရဘူးတဲ့။ ဒီနေရာမှာ နီပေါနဲ့ ဘင်္ဂလားတွေအကြောင်းပြောချင်ပါသေးတယ် သူတို့လူမျိုးတွေဟာ(လူတိုင်းလိုလို) ထမင်းစားရင် ငြုတ်သီးနဲ့ဆား ပါရင်ရပါပြီ .. ဒါပေမဲ့ ဟိုဟာကိုတော့ ကုန်ချင်သလောက်ကုန်ပစေ ဆိုပဲ... လစာလည်း တပြားမှမကျန်ရင် ဘာမှမဖြစ်ဘူး။ .... အဲဒီမှာ မကောင်းတဲ့ရွှေမတွေနဲ့တွေ့တော့တာပါဘဲ။ ခက်တာက သူတို့ချည်း ဘဲမှမဟုတ်တာ... ကျန်တဲ့မိန်းခလေးတွေက ရှက်လွန်းလို့ တဲ့... ++++++++ စောနက ကျနော်ရှယ်လိုက်တဲ့ ဗီဒီုယိုဖိုင်နဲ့ ပတ်သတ်တဲ့ကွန်မန့့် လေးပါ .. အမြင်ကြည်ကြည်နဲ့  ဆွေးနွေးနိုင်ကြပါစေ ..
ရိုက်နှက်ရသူများဘက်မှ ထောက်ခံသူတဦး (၂)
ယိုသူမရှက် မြင်သူရှက် ဆိုတာမျိုးပေါ့ဗျာ။ လူတိုင်းမှာ လုပ်ပိုင်ခွင့်ကိုယ်ဆီ ရှိကြပေမယ့် မိမိလုပ်ရပ်ကြောင့် မိမိပါတ်ဝန်းကျင် မိမိနိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အခါ မိမိ အတွက် ကိစ္စ မရှိဘူးလို့  ထင်ရပေမယ့် အဲ့ဒီလို လုပ်ရပ်တွေကြောင့် တပါးသူတွေမှာ ဆိုးကျိုးအဆက်တွေ ရရှိလာပါတယ်။ အထူးသဖြင့် ယောကျာင်္းလေးတွေ ပို၍ ရှက်တတ်ကြပါတယ်။ မိမိအမှားမကြူး လွန်ပါသော်လည်း တိုင်းတပါးသားများက ထိကပါး ရိကပါးမိမိနိုင်ငံ မိမိလူမျိုးအပေါ် ထိခိုက်စော် ကားလာပါက အသည်းခိုက်အောင်နာတတ်ပါသည်။ ထို မိန်းကလေးအား လူမဆန်စွာ ရိုက်နှက်၍ ထိုမိန်းကလေးတစ်ယောက်သာ အသားနာကြင်ယုံသာ ခံစားရပါသည် (ထိုနာကြင်မူ့ အပေါ် ကြောက် ရွံ့ စိတ်၊ ရှက်စိတ်ကြောင် ပြင်လျှင် ထိုမိန်းကလေး အတွက် ဖြေသာ၏)။ သို့ သော် ထိုမိန်းကလေး နေထိုင်ရာ ပါတ်ဝန်းကျင် မှ ယောကျာင်္းလေး များအဖို့  အမြဲအရှက်ရစရာ ဖြစ်နေပါ လိမ့်မည်။ စကားပုံ ရိုင်းရင်ခွင့်လွှတ်ပါ -"နှမ လင်နေ မောင်ဖင်ကျိန်း၏" ဆိုသည့် အတိုင်း ကျနော်တို့  တွေ အရှက်ရနေတာကို လည်း နားလည်စေချင်ပါတယ်။ ထို အရှက်ကို မသိ ကျေးကျွန်ပြု ၍ နေနိုင်သူများအဖို့ တော့သက်သာ၏။ မနေနိုင်သူများ အဖို့ တော့ ယခုကဲ့ သို့  ပေါက်ကွဲ ကုန်ချင်းဖြစ်ကြောင်း နားလည်ပေးစေလိုပါတယ်။
ကန့်ကွက်မှု (၁)
ရင်ဆို့ အောင်ခံစားရပါတယ်စေတနာနဲ့ ပြုပြင်ချင်ရင်တခြားနည်းလမ်းတွေရှိပါတယ်
ကန့်ကွက်မှု (၂)
ရိုက်ပြီးဆုံးမလို့ လိမ္မာသွားမတဲ့လား... အပြစ်ရှိခဲ့တယ်ဆိုရင်တောင် တရားဥပဒေရှိပါတယ် တရားလက်မဲ့လိုက်တာ ... (စကားမစပ်...ကလေးတွေကိုလည်းရိုက်နှက်ဆုံးမတဲ့မိဘတွေအခုထိရှိသေးတယ်)
ကန့်ကွက်မှု (၃)
သတ္တိသိပ်ကောင်းကြပါလားကွ ဆုံးမချင်တာကနည်းနည်း အနိုင်ကျင့်ချင်တာကများများ ဒါလားကွ ယောက်ျား ကြည့်ရတာ မလေးရှား ကမြန်မာမတွေလား ထိုင်း ကလား ပြည်ပရောက်နေတာတော့သေချာတယ် ပြည်ပမှာဒီကောင်တွေနဲ့ သိသူများ ဒီကောင်တွေဘယ်သူဆိုတာဖော်ထုတ်ပေးပါ သက်ဆိုင်ရာနိုင်ငံက ရဲအဖွဲ့ကိုတိုင်ကြားပါ ဒါရာဇဝတ်မှုတခုပါ မတရားတာကိုသိရက်နဲ့ ဖုံးကွယ်မထားပါနဲ့
ငါးခုံးမတကောင်ကြောင့်တလှေလုံးပုပ် ဆိုရိုးစကားအတိုင်းလိုဘဲ ကိုယ့်အမျိုးဂုဏ်ကိုမဖျက်ဆီးကြ
ပါနဲ့