တွေ့ရကြုံရ မေးလ်လောကမှ ရှတတလေးများ

Friday, February 17, 2012

ကျနော်ကိုယ်ပိုင်သုံးဖို့၊ သူငယ်ချင်းများနှင့် ဆက်သွယ်ဖို့ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက ဖွင့်ထားခဲ့သော E-mail account တစ်ခုကြောင့် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

ဖြစ်ရပေမပေါ့ ... ဖွင့်လိုက်သော E-mail account လိပ်စာကား မိန်းကလေး နာမည်နှင့် ဆင်တူနေသည်။ ပါဠိစာ စကား နားလည်သူများအဖို့ E-mail account အဓိပ္ပာယ်ကို သိနားလည်သော်လည်း ယခုခေတ် ချာတိတ်များမှာ နားလည်ပုံ မရပေ။ E-mail address ကလည်း လှအဉ္ဇလီတင့် နာမည်နှင့် ခပ်ဆင်ဆင် ဖြစ်နေသည်။ ထိုနာမည်ကြောင့် ကျနော် ဒုက္ခရောက်ပုံကား ...

E-mail account တစ်ခုက ကိုယ့်ဆီကို add လုပ်လာ၍ သူငယ်ချင်း အမှတ်နှင့် accept လုပ်လိုက်သည်။ မကြာလိုက်ပါ ...

“မမ အသက်ဘယ်လောက် ရှိပြီလဲဟင် ...”

ဟိုက် ... သွားပြီ ... ငါ့ကို မိန်းကလေး ထင်နေပြီဟ။ အသေအချာ ရှင်းပြသော်လည်း မယုံ။ ယောက်ကျားလေး ဖြစ်ကြောင်း ရှင်းပြသော်လည်း မရ။

“မမဘဲကြီး ဒီဇိုင်းကလည်း မမိုက်၊ ရုပ်ကလည်း ဆိုးသေး ...”

ဖလား ဖလား ... ယောက်ျားလေး ဖြစ်ကြောင်း ကိုယ့်ပုံကိုယ် တင်ထားတာ ဒီဟာလေးကျမှ အဖဲ့ခံရပါလား။ ဒေါသက အလိပ်လိုက် တက်လာသည်။ ပြီးတော့ ... လူကို တရားခံစစ် စစ်နေသေးသည်။

“မမက အပျိုလားဟင်၊ ဘယ်မှာ နေတာတုန်း၊ မိသားစု ဘယ်နှစ်ယောက်၊ ဘာလူမျိုး၊ ဘာ ... ဘာသာ”

အားလားလား ... မေးတာမှ စုံနေရော ... သည်းမခံနိုင်တော့ ... နောက်ဆုံးတော့ block လုပ်ရန်မှ တပါး အခြားမရှိတော့၊ ကဲ ... ဘိုင့်ဘိုင်နော် ... block လိုက်သည်။

တစ်ယောက်လည်း မက နှစ်ယောက်လည်း မက ကြာလာတော့ ကိုယ့် E-mail address ကို ကိုယ်ကိုယ်တိုင်ပင် စိတ်ညစ်လာသည်။ ငါ ... ဒီမေးလ်နာမည် ယူမိတာ မှားသွားပြီ။ မတတ်နိုင်ပါ။ သုံးလာခဲ့သည်မှာလည်း နှစ်ပေါင်း များစွာဆိုတော့ ဖျက်ပစ်ရမှာလည်း နှမြောမိသည်။ ထို့ကြောင့်ပင် အနှောင့်အယှက်ကြားမှပင် သည်းခံကာ သုံးနေရဆဲပင်။ ယခုထိ “မမ၊ ညီမ” နှင့် သံသရာ လည်နေဆဲ။ block နေဆဲ။

5 comments :

  1. Shanghtin said... :

    i have the same problem too so annoying ! just don't get it these people know little about internet..

  1. Anonymous said... :

    It is not because of people having limited knowledge about the Internet. It is because some guys are always looking for girls to woo. So, the author becomes a victim when they look for some.

  1. Anonymous said... :

    ဟား. . . ဟား ဟား . . .
    ဖြစ်ရလေဗျာ ခင်ဗျား Accountက ပွင့်လင်းမြင်သာ မှမဖြစ်တာကိုးဗျ
    ကျွန်တော် Accountဆို ဖိုးရွှေတုတ်လို့ ပေးမိတာ
    လာလိုက်တဲ့ အပျိုကြီးတွေ Add လုပ်ချင်လို့တဲ့ အင်တာနက်ထဲ ပတ်ပြေးနေရလို့ မောလိုက်တာဗျာ
    နောက်ဆုံး Invisible ကိုလုပ်ယူရတယ်
    ဟဲ ..ဟဲ.ဟဲ . . (ကြွားတာမဟုတ်ဘူးနော်)

  1. Anonymous said... :

    ဟုတ်ပဗျာ ကျွန်တော်လည်း အဲဒီလိုပဲ။ ကိုယ်ပုံတင်ထားတာတောင် ဘဲပုံလားလို့မေးသေးတယ်။ မင်းအမေလင်ပုံလို့ပြောလိုက်တော့မှ လစ်သွားတော့တယ်။ :-D

  1. Anonymous said... :

    Anonymous says:
    February 17, 2012 11:08 PM Reply

    ဟား. . . ဟား ဟား . . .
    ဖြစ်ရလေဗျာ ခင်ဗျား Accountက ပွင့်လင်းမြင်သာ မှမဖြစ်တာကိုးဗျ
    ကျွန်တော် Accountဆို ဖိုးရွှေတုတ်လို့ ပေးမိတာ
    လာလိုက်တဲ့ အပျိုကြီးတွေ Add လုပ်ချင်လို့တဲ့ အင်တာနက်ထဲ ပတ်ပြေးနေရလို့ မောလိုက်တာဗျာ
    နောက်ဆုံး Invisible ကိုလုပ်ယူရတယ်
    ဟဲ ..ဟဲ.ဟဲ . . (ကြွားတာမဟုတ်ဘူးနော်)


    ကိုယ့်ဆရာကြည့်လဲကြွားအုံး..တော်ကြာအပျိုကြီးအ
    ယောင်ဆောင် အခြောက်တွေဖြစ်နေအုံးမယ်..
    အပျိုကြီးတွေက အဲဒါတွေကိုကြောက်လို့အပျိုကြီးလုပ်
    ကြတာ..အခြောက်တွေကကြိုက်တယ်လေ..
    ဖြစ်ချင်းဖြစ် အခြောက်ပဲဖြစ်မယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved