တေးရေးညီသစ် ဘန်ကောက်မြို့တွင် ကွယ်လွန်

Thursday, February 16, 2012


တေးရေးနဲ့ စာရေးဆရာ ညီသစ် (ခ) ဝင်းမျိုးကျော် အသက် ၄၂ နှစ်ဟာ ဖေဖော်ဝါရီ ၁၅ ဗုဒ္ဓဟူးနေ့ မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကွယ်လွန်သွားပါတယ်။

ပန်းနာရင်ကျပ်ရောဂါနဲ့ အသက်ရှူရပ်ပြီး သေဆုံးသွားတာလို့ ဘန်ကောက်မြို့မှာရှိတဲ့ မာဘွန်ကရောင်း ဆေးရုံက ပြောပါတယ်။

ကိုညီသစ်ဟာ လေးဖြူ၊ ဝိုင်ဝိုင်း၊ ကြိုးကြာစတဲ့ နာမည်ကြီး အဆိုတော်တွေ သီဆိုခဲ့တဲ့ တေးသီချင်းတွေကို ရေးသားခဲ့သူဖြစ်ပြီး လေးဖြူ သီဆိုတဲ့ ပါဝါတေးစီရီးထဲက မျက်ရည်များ၏နောက်ကွယ်၊ အငြိုးအင်အား၊ အလွမ်းရဲ့ နတ်သမီး၊ လတစင်းကိုရူးသွပ်သူ၊ လပြည့်ည စတဲ့ သီချင်းတွေ၊ လူသိများပါတယ်။ ဝိုင်ဝိုင်းသီဆိုတဲ့ “ကြိုးမဲ့စွန်” စီးရီးထဲက ရေဆန်လမ်း၊ “လမင်းနဲ့ပင်လယ်” စီးရီးထဲက – နှလုံးသားရှာသူ – အချစ်မဲ့နိဂုံး စတဲ့သီချင်းတွေ လူသိများပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒမဲခံယူပွဲ ကာလ ကလည်း ကန့်ကွက်မဲတွေ ပေးကြဖို့ လှုံ့ဆော်ကြတဲ့ VOTE NO ဆိုတဲ့ သီချင်းကို ဖန်တီးဖြန့်ချိခဲ့ပါတယ်။

ဒါ့အပြင် ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ၊ အချစ်ဆိုတဲ့အရာ၊ ဇနီးတစ် ယောက် ချစ်ရာရောက်အောင်၊ ကမ္ဘာ့စကားပုံထဲက မိန်းမသား၊ ခင်ဗျားဒိန်ခဲကို ကျွန်တော်နေရာရွေ့ခဲ့တယ်နဲ့ စိတ်ဓာတ် ခွန်အားကို ပေးသော စာစုများ စတဲ့ ဘာသာပြန် စာအုပ် တော်များများကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ပြည်ပအခြေစိုက် မီဒီယာတွေဖြစ်တဲ့ ခေတ်ပြိုင်ဂျာနယ်နဲ့ ဒီဗွီဘီသတင်းဌာနတွေမှာ တာဝန်ထမ်းခဲ့ဖူးပါတယ်။

ညွှန်း -
ပီတာအောင် ·DVB http://burmese.dvb.no/archives/21239

6 comments :

  1. eytukan2011 said... :

    ဆရာညီသစ်ရဲ့သီချင်းတွေထဲမှာ အလွမ်းရဲ့နတ်သမီးကို အကြိုက်ဆုံးပါ။ ဆရာညီသစ် ကောင်းရာသုဂတိလားပါစေ။

  1. gwatgwat said... :

    မယုံနိုင်ဘူးကိုညီသစ်ရယ်
    ကျွန်မအတွက်တော့အစ်ကိုက စာပေ hero ပါ.....
    နှစ်တွေကြာလာလို့တွေးမိလိုက်ရင်လည်း ကြေကွဲမှုတွေပြည့်နေမှာပါ.....
    နောင်ဘ၀တွေဆိုတာရှိခဲ့ရင် အစ်ကိုချစ်ရတဲ့မိသားစုတွေနဲ့စုံစုံလင်လင်နေရပါစေ..
    ...အကိုရယ်..

  1. Anonymous said... :

    ထိပ်ဆုံးက ကော့မန့် ပေးသူရဲ့အကြိုက်နဲ့  ကျနော့်အကြိုက် တူပါတယ်။ ခင်မောင်တိုးရဲ့ အို သီချင်းပုံစံမျိုးလေးလို အတီးလေးနဲ့  စ ထားတာကိုကြိုက်ပြီး၊ သီချင်းတပုဒ်လုံးကို ကြိုက်သွားမိတာပါ။ Crying ကို မြန်မာမှုပြန်ပြုထားတဲ့၊ မျက်ရည်များ၏နောက်ကွယ်လည်း သိပ်ကောင်းပါတယ်။ ဒီသီချင်းမူရင်းဆိုသူရဲ့ တခြားသီချင်းတပုဒ်လည်း ဂန္ထ၀င်စိမ်း ဆိုပြီး၊ အောင်မြင်ခဲ့ဖူးပါတယ်။ တေးရေးတော့ မတူပါဘူး။ နုပျိုလန်းဆန်းပြီး အောင်မြင်မှုတွေနဲ့ အတူ ပြုံးပျော်နေရမယ့်အချိန်မှာ၊ တမလွန်ကို ထွက်ခွါသွားတဲ့ ကိုညီသစ် ကောင်းရာမွန်ရာ ဘုံဘ၀ကို ရောက်ပါစေလို့  ဆုတောင်းပေးပါတယ်။

  1. Anonymous said... :

    ဆရာညီသစ်.... ကောင်းရာသုဂတိဘုံသို့ လားပါစေ။

  1. Anonymous said... :

    မမြင်ဘူး မကြားဘူးလို့ ဘယ်သူမှန်းတော့မသိပေမဲ့ ကြားရတာ စိတ်မကောင်းပါ။ မိသားစုနဲ့ ထပ်တူဝမ်းနည်းမိပါတယ်။ ကောင်းရာသုဂတိ လားပါစေ။

  1. Anonymous said... :

    ဥိးညီသစ်... ကောင်းရာဘုံကိုေ၇ာက်ပါစေလို့ဆုတောင်းပါတယ်... ဥိးညီသစ်နာရေးကိုကြားလိုက်ရတာ တကယ်စိတ်မကောင်းဘူး... ငယ်ရွယ်ပြီး ကျော်ကြားတဲ့ စာရေးဆရာ သို့ သီချင်းရေးဆရာတစ်ယောက် ကွယ်လွန်သွားသည့်အတွက် ဦးညီသစ် အရမ်းချစ်ရတဲ့ မိသားစုအတွက်ထပ်တူဝမ်းနည်းပါတယ်.. နောက်ဘဝဆိုအတွက် ပြန်ဆုံခဲ့မယ်ဆိုရင် ဦးညီသစ်အရမ်းချစ်ရတဲံ့ မိသားစု သို့ သူငယ်ချင်း အသိမိတ်ဆွေများနှင့် ပြန်ဆုံပါစေလို့ ဆုတောင်းပါတယ်။။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved