ဗန်းမော်ဆရာတော်ရဲ့ ထုတ်ပြန်ချက်
Sunday, February 19, 2012
အမေရိကန်ခရီးစဉ်တွင် တွေ့ရသော ဗန်းမော်ဆရာတော် - ဓာတ်ပုံ - http://burmatoday.net
ရွှေည၀ါဆရာတော် တရားပြန်ဟောနိုင်ပြီ တဲ့။
မဟန ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က ထုတ်ပြန်တဲ့စာ ဖြစ်ပါတယ်။
ဒီလ ၁၁ ရက်နေ့က အစပြုပြီး တရားဟောနိုင်ပါပြီ တဲ့။
တရားဟောနိုင်ပြီ ဆိုပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဒီမိုဝေယံဘလော့မှာ အခုလို ရေးထားပါတယ် -
ဒီကနေ့ထုတ် သတင်းစာမှာ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် ဆောင်ရွက်မည်တဲ့။ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကိုပါ ထိ...ပါးစော်ကားမှု ကျူးလွန်ခဲ့တယ်ဆိုလို့ ပြောရပါဦးမယ်။
နိုင်ငံတော်အဆင့် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက ရွှေညဝါဆရာတော်ကြီး တရားပြန်လည် ဟောခွင့်ပြုမိန့်အား ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တာကို ဥပဒေနဲ့ မညီဆိုပြီး ပြန်လည် ပယ်ချပိတ်ပင်တာ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်း ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်လို့ ဘာလဲဗျ...။
ရွှေညဝါဆရာတော်ကြီးအား ကျောင်းတိုက်မှ အဓမ္မဖယ်ရှားရေး ၄၇ပါးစုံညီ ထုတ်ပြန်စာကို `ဥက္ကဋ္ဌဆရာတော်ကြီး မသိပဲထုတ်ပြန်တာလည်း အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်ဘူးလား၊ လုပ်ရပ်လေခြင်းလို့ ဗန်းမော်ဆရာတော်ကြီး မိန့်တော်မူခဲ့တာ အတိအကျသတင်းပါ။
ဒီတော့ ဗန်းမော်ဆရာတော်ကြီးရဲ့ အမိန့်စာကို မထေမဲ့မြင်ပြု၊ ဗန်းမော်ဆရာတော်ကြီး မသိပဲ အစည်းအဝေးဆုံးဖြတ်ချက်တွေချပြီး ထိပါးစော်ကားတဲ့ အာဏာပိုင် အာဏာစက် သာသနာရေးဦးစီးဋ္ဌာနကို ဓမ္မစက်နဲ့ သာသနာတော်ကို အာဏာဖြင့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိလို့ ပြန်အရေးယူ ထုတ်ပြန်ရင် လက်ခံမလား..
လက်ရှိ အာဏာအတွက် သာသနာကို ခုတုံးလုပ် အကြပ်ကိုင်နေသူ အာဏာပိုင် ပုဂ္ဂိုလ်တချို့သည် အပြောင်းအလဲတခုကို သွေဖည်အောင် လမ်းကြောင်းတခုခုပေါ် မရောက်ရောက်အောင် အတင်းတွန်းပို့ နေသည်ဟု သုံးသပ်မိသည်...။ အရှုံးကို ရင်မဆိုင်ရဲသည့် လောင်းကစားဝိုင်းမှ ပွဲဖျက်လုယူ သူများ၏ အောက်တန်းကျသော အဆင့်သာသာ သာ ရှိပေတော့သည်။
19 comments :
  1. Anonymous said... :
    ကဲဒါဆိုရင်း ဘုရာထက်ကြီးတဲ့ သာသနာရေဝန်
    ကြီးကိုဘဲ ကိုယ်ကွယ်ကြလော့။
  1. Anonymous said... :
    အဖွဲ့အစည်းဆိုင်ရာမှာ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်က အဓိကကျပါသည်။ ၄၇-ပါးစုံညီအစည်းအဝေး ဆုံးဖြတ်ချက်ဆိုပေမယ့် ၄၇-ပါး အကုန်တက်မှ မဟုတ်ပါ၊ သတ်မှတ်ချက်ပြည့်မီအောင် တက်လျှင် အစည်းအဝေး ထမြောက်ပါသည်။ ဆုံးဖြတ်ချက်ချရာတွင်လည်း တက်လာသည့် ဆရာတော်အားလုံးက ထောက်ခံမှ မဟုတ်၊ အများစုက ထောက်ခံလျှင် အတည်ပြု ဆုံးဖြတ်နိုင်ပါသည်။
    မဟနအဖွဲ့ ၌ ၄၇-ပါး ရှိရာ ဥက္ကဋ္ဌဗန်မော်ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင်ချုပ်ဆရာတော်တို့မှလွဲ၍ ကျန်၄၅-ပါးမှာ ဆယ့်ငါးပါး တစ်ဖွဲ့ ဖွဲပြီး တစ်ဖွဲ့လျှင် လေးလ ကမ္ဘာအေးမှာ သီတင်းသုံးရပါသည်။
    ၁၅-ပါးတစ်ဖွဲ့ ၌လည်း ၀ိနိစ္ဆယရေးရာ ပညာရေးရာနှင့် သာသနာရေးရာကိစ္စများကို ဆုံးဖြတ်ရာတွင် ၁၅-ပါးလုံးထောက်ခံမှ အတည်ဖြစ်သည်မဟုတ်၊ အများစုထောက်ခံလျှင် အတည်ဖြစ်ပါသည်။
    အဖွဲ့ ခွဲ၏ ဆုံးဖြတ်ချက်များကို လေးလတစ်ကြိမ်ကျင်းပသော ၄၇-ပါးစုံညီ အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက် ရယူရပါသည်။
    ဒီမိုဝေယံဘလော့မှာ ရေးထားသော စာရေးသူအနေဖြင့် အသင်းအဖွဲ့ ဆိုင်ရာ ဗဟုသုတအားနည်း၍သာ ဤသို့သော စာမျိုးကို ရေးမိခြင်း ဖြစ်မည် ဟု ယူဆပါသည်။
  1. Anonymous said... :
    ရွှေည၀ါ ဆရာတော်က ဗန်းမော်ဆရာတော်ကို စကား ပရိယာယ်နဲ့ ပထမ လျှောက်ထားပြီး လက်မှတ်ထိုးခိုင်းလိုက်တယ် လို့ သိရတယ်။
    ပြဿနာ တစ်ခုမှာ တစ်ဘက်တည်း ပြောနေလို့ မရဘူးလေ။
  1. Anonymous said... :
    ဗန်းမော်ဆရာတော်ဘုရား
    ဆရာတော်ကြီးသာဖြစ်ပါသည်။
    မတရားကြီးနိုင်ငယ်ညှင်းသာသနာတွင်
    မလုပ်သင့်ပါ။
    ဆရာတော်ကြီးသည်အစစ်မှန်ဘုရားသားတော်ဖြစ်ပါက
    ဒီလိုမြှောက်ထိုးပင့်ကော်လုပ်ရပ်များကိုမပြုသင့်ကြောင်းပါဘုရား
  1. Unknown said... :
    အကောင်းဆုံးကတော့သာသနာရေးမှာ..ဘာလို့စစ်တပ်ကလူးတွေဝင်ပါနေရတာလည်း..သာသနာကို..သာသနာနဲ့ဆိုင်တဲ့ဘုန်းကြီးတွေဆုံးဖြတ်တာပဲကောင်းတယ်..
    အခုဟာကစစ်တပ်က၀င်ပါနေတယ်ဆိုတာအများကြီးသိသာတယ်...တပြည့်တော်တို့ကတော့အရမ်းရှက်တယ်..ကိုယ်ကိုးကွယ်ယုံကြည်နေတဲ့ဘာသာ..သာသနာကိုဘာလို့
    စစ်တပ်ကိုပုံအပ်ချင်ရတာလည်း...စစ်တပ်မကောင်းဘူးဆိုတာလူတိုင်းသိတယ်...တော်ပါပြီဘာမှမပြောတာပဲကောင်းပါတယ်
  1. Anonymous said... :
    47 ပါးထဲမှာ စစ်တပ်က ကျောထောက်နောက်ခံ ဘယ်နှစ်ပါး ပါဝင်နေမလဲ။ ၄၇ ပါးစလုံး ဘုရားအဆိုအဆုံးအမကိုသာ နာခံသင့်ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ သာသနာရေးဝန်ကြီးဌာန ရဲ့ သြဇာခံ ဖြစ်ဖို့ မလိုအပ်ပါ။
  1. Anonymous said... :
    စစ်တပ်သာသနာရေးဝန်ကြီးဌာနက မဟန ၄၇ ပါးကို အယုံအကြည်ပျက်အောင် သာသနာအပေါ် ချယ်လှယ်နေတာသာဖြစ်ပါတယ်။ စစ်တပ်သာသနာရေးဝန်ကြီးဌာနဟာ သာသနာကို ခုတုံးလုပ်ဖို့  ဖျက်ဆီးဖို့  သာကြိုးစားနေကြတာပါ။ ပြည်သူနှင့် သံဃာကို မတည့်အောင် မကြည်ငြိုအောင်သွေးခွဲ ဝါဒဖြန့်မယ်ဆိုတာ သူတို့  အလုပ်ပါ။
  1. Anonymous said... :
    စစ်တပ်က သာသနာကို ဖျက်ဆီးခဲ့တာ အခုမှ မဟုတ်ပါဘူး။ တိုင်ပြည်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ခဲ့သလို သာသနာနှင့် ပြည်သူကိုလည်း အစိတ်စိတ်အမွှာအမွှာ ဖြစ်အောင်လုပ်နေတာပါ။
  1. Anonymous said... :
    နိုင်ငံတေိာအဆင့် အဖွဲ့အစည်းတခုမှာ ဥက္ကဌကို အကြောင်းမကြား အသိမပေးဘဲ အဖွဲ့ဝင်တွေက လုပ်ချင်သလို လုပ်ပိုင်ခွင့် ရှိပါသလား
  1. ဗန်းမော်ဆရာတော်ကြီးဟာ ရွှေညဝါဆရာတော်ရဲ့ ဗုဒ္ဓတက္ကသိုလ်မှာ အဓိပတိတာဝန် ယူထားတယ် ဆိုတာလည်း သိထားကြပါ။
    ၂၀၁၁နိုဝင်ဘာလ၂၈ရက်နေ့က ၄၇ပါးစုံညီ ထုတ်ပြန်စာကို ဆရာတော်ကြီး သိရှိခြင်းမရှိပါ။ ၄၇ပါးစုံမစုံထက် နိုင်ငံတော်သံဃာ့ အဖွဲ့အစည်းတခု၏ အမြင့်ဆုံး ဥက္ကဋ္ဌအား အသိပေး အကြောင်းကြားခြင်းမရှိပဲ စာရေးသားထုတ်ပြန်ခြင်းသည် ဖြစ်သင့်ပါ၏လော...။
    ဒီဇင်ဘာလဆန်းပိုင်းမှာ သာဓုကျောင်းကို ကြွချီလာတုန်းကလည်း ဆရာတော်ကြီး မသိရှိသေးပါ။ ဆရာတော်ဒီသတင်း သိလို့ကြွလာတာလို့ ထင်ပေမယ့်လည်း ဆရာတော်ကြီး သိရှိခြင်း မရှိလို့ လျှောက်တင်လိုက်ကြခြင်း မရှိပါဘူး။
    နောက်ပိုင်းမှ ဆရာတော်ကြီးထံ စာကိုသွားပြခိုင်းမှ ဗန်းမော်ဆရာတော်ကြီး သိရှိရပြီး လုပ်ရက်လိုက်ကြတာလို့ ပြောပြီး စိတ်မကောင်း ဖြစ်သွားရတာပါ။ ဗန်းမော်ဆရာတော်ကြီးအား ဆက်သွယ်မေးမြန်းနိုင်သည်။ ဆရာတော် အသနားခံစာ သွားတင်စဉ်က ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးနဲ့ အတွင်းရေးမှူး ဆရာတော်ကြီး ၂ပါးမှ ကြည်ကြည်ဖြူဖြူလက်ခံပြီး ကိုယ်တိုင်လာရောက် တောင်းပန်ဖို့ပင် မှာကြားလိုက်သည်။
    ဒါတွေ အမှန်တရားတွေပါ...။ အမှန်တရားတွေ တနေ့ပေါ်လာမှာ ဧကန်မုချပါ..။
    ခေတ်စံနစ်တွေလည်း ပြောင်းကုန်ပါပြီ။
    မင်းလိုလိုက် မင်းကြိုက်ဆောင်နေရသည့် အခြေအနေအတွက် အနာဂတ်သာသနာအား ရင်လေးမိသည်။
    သာသနာပိုင် ဆရာတော်ကြီးများအား သတင်းမှားများ လိမ်လည် အစီရင်ခံနေခြင်းသည် သံဃာသင်းခွဲသော အပြစ်ကဲ့သို့ အင်မတန်မှ ကြီးလေးသော အပြစ်ဖြစ်ပေသည်..။
    နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဗန်းမော်ဆရာတော်ကြီး နှုတ်ထွက်ခဲ့ပါက အနာဂတ်သာသနာနှင့် သံဃာ့အဖွဲ့အစည်း
    သည် အစိတ်စိတ် အမွှာမွှာကွဲဖို့ရာပင် ရှိပေတော့သည်။
  1. Anonymous said... :
    စစ်တပ်က နိုင်ငံရေးကို ချယ်လှယ်နေသရွေ့ နိုင်ငံနှင့်ပြည်သူကို စော်ကားတာဖြစ်တယ်။ ဘာသာရေးကို အစိုးရ သာသနာရေးဌာနက ဝင်ရောက်စွပ်ဖက်နေသရွေ့  မဟနကို ဂုဏ်သိက္ခာကျ အောင် ကြိုးပမ်းနေတာသာဖြစ်ပါတယ်။ အမည်ခံ အစိုးရ သာသနာရေးဌာနရဲ့ ကောက်ကျစ်မှု့ တွေကို ရပ်တန်းက ရပ်သင့်နေပါပြီး။ တိုင်ပြည်နာပါတယ်။ သာသနာ အများကြီးနစ်နာပါတယ်။ လွတ်လပ်တဲ့ သံဃာအဖွဲ အစည်း ရှိသင့်ပါတယ်။ ဆရာတော်ကြီးတွေကို နောက်ကွယ်က စိတ်အနှောက်အယှက်ဖြစ်အောင် ဟိုဆရာတော်ကို ဖမ်းပေးပါ။ မောင်းထုတ်ပါဆိုပြီး လိုက်လုပ်နေတာ အများပြည်သူက သိနေမြင်နေရလို့  ရှက်သင့်ပါပြီး။ ဖြောင့်မတ်တဲ့စစ်သား ဖြောင့်မတ်တဲ့ သာသနာဝန်ထမ်းတွေ ဖြစ်ဖို့ လိုပါတယ်။ သာသနာကို မနှောက်ယှက်ပါနဲ့။ သာသနာရေး ဦးစီးဌာနကို ဘယ်ပြည်သူကမှ မယုံကြည် မလေးစားတော့ပါဘူး။
  1. Anonymous said... :
    မှန်တာတွေပြောတော့ ကြောက်ပြီး ဟိုပိတ်ဒီပိတ်လုပ်နေတာပါ၊ သူတို့ကောင်းကြောင်းဟောကြည့်ပါလား၊ အ၀ီဇိမှာ အေးချမ်းပါတယ်လို့ ဟောရင်တောင် လက်ပိုက်ကြည့်နေမယ့်လူတွေ
  1. naing said... :
    I support above comments.that is right.
  1. Anonymous said... :
    ဟာဟာ နဲ့နဲ့တော်ရယ်ရသလိုပဲဧရာဝတီ။ ဗန်မော်ဆရာတော်ဘုရားကြီးတော့ အသုံးချခံဖြစ်သွားသလိုပဲ။ လိမ်တော့လိမ်တယ်မပိရိဘူး။ လက်ရေးမူကို သေချာကြည့်။ အပေါ်ကစာတွေကအနက်ဖျော့၊အလည်က content နော်။ နောက်က sign ကအနက်ရင့်။ ဒါကတစ်ချက်။ နောက်တစ်ခုက ဘယ်နေ့ကနေ ဘယ်နေ့အထိဆိုတာပဲပါတယ်။ ကြေညာစာအမှတ်ဘယ်လောက်ဆိုတာမပါဘူး။ နောက်နေ့စွဲလည်းမပါဘူး။ ထုပ်ပြန်တဲ့နေ့စွဲ။ ဆရာတော်ဘုရာကြည့်တစ်ယောက်ထုပ်ပြန်မယ်ဆိုရင် standard format ဖြစ်ရမှာပါ။ sign လေးထိုးတာရုံ နဲ့ဆရာတော်ဘုရာကြီး ထုပ်ပြန်တာပါလို့ယုံရမယ်ပေါ့။ အံ့ကြီးသြပါရဲ့ ဧရာဝတီ။
  1. silarnanda said... :
    ဗန်မော်ဆရာတော်အပါဝင်၄၇ပါးလုံးကိုမေးချင်ပါတယ်
    ဘာလို့မတရားမှန်းသိတဲ့ဒီအလုပ်ကိုခုံမင်မက်မောနေတာ
    လဲ။ဒီ မဟနရာထူးကိုရဖို့ကိုပဲအသည်းအသန်လုပ်ထား
    ရတာတွေပဲမဟုတ်လား သာသနာကိုချစ်တယ်
    ဘုရားသားတော်အနေနဲ့ငြိမ်းချမ်းစွာနေချင်တဲ့ရဟန်းမျိုး
    ဆိုရင်တော့ဒီ မဟန အဖွဲကနေနုတ်ထွက်မယ်လို့တော့
    ထင်တယ်ဒီဆရာတော်ကြီးတွေကိုတိုင်ကိုကမက်မောနေ
    တော့ ဘယ်သူများတရားချလို့ရနိုင်ပါ့ဦးမလဲဗျာတို့။
  1. မောင်မောင် said... :
    comment ပေးနေသူတွေထဲက ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်မှု ရှိသူတွေကို နည်းနည်းလောက် ပြောပါရစေ။
    ခင်ဗျားတို့ ကျနော်တို့ဟာ ခုလိုမျိုး ငယ်ရွယ်စဉ်အခါမှာ နိုင်ငံရေး စီးပွားရေး ပညာရေး စတဲ့ လောကီရေးတွေကို စိတ်အားထက်သန်နေကြပေမဲ့ နောက်တစ်ချိန် အသက်အရွယ်ရလာတဲ့ အချိန်မှာ ကိုယ်စိတ်က တရားဓမ္မဘက်ကို လိုက်စားချင်တာမျိုးတွေ ဖြစ်ကောင်း ဖြစ်လာတတ်ပါတယ်။
    အဲဒီလိုမျိုးတရားဓမ္မဘက်ကို လိုက်စားလာမယ်ဆိုရင် ကိုယ်သန္တာန်မှာ သူတော်ကောင်းပုဂ္ဂိုလ်တွေအပေါ် ပြစ်မှားထားတဲ့ အပြစ်မျိုးတွေ မရှိမှ တရားအဆင့် တိုးတက်နိုင်ခွင့် ရှိပါတယ်။
    ပြောလိုတာက ဗန်မော်ဆရာတော်ကြီးနှင့်တကွ မဟနအဖွဲ့ဆရာတော်ကြီးတွေနဲ့ ပတ်သက်လို ဝေဖန်တဲ့ အခါမျိုးမှာ ဒီဆရာတော်ကြီးတွေဟာ တရားအကျင့်နဲ့ ပတ်သက်လို့ ဘယ်လို ကျင့်ကြံအားထုတ်ထားကြတယ်ဆိုတာ ကိုယ်က မသိနိုင်ပါဘူး။ ဒါကြောင့် ပြစ်မှားစော်ကားရာရောက်မယ့် စကားလုံးမျိုးကို မသုံးမိဖို့ သတိပြုစေချင်ပါတယ်။
    ဝေဖန်တာ ဝေဖန်ရပါတယ်။ ဘာသာရေးကိစ္စဖြစ်နေတော့ တခြားကိစ္စတွေမှာလို စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်တာမျိုး ဝေဖန်လိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။
    ကိုယ့်ဘက်က မှားယွင်းသွားရင် နောင်တစ်ချိန်မှာ ကိုယ့်ဘက်ကို ပြန်ပြီး ဦးလှည့်လာမှာ ဖြစ်ပါတယ်။ အားလုံးကို လေးစားပါတယ်။
  1. Anonymous said... :
    အော် ဗုဒ္ဒဘာသာတွေ၊ ငရဲမကြောက်ကြတော့ပါလား။ သက်ကြီး ၀ါကြီး ဆရာတော်တွေကိုတောင် သွေးထွေးလှုံဆော်စာတွေ ဖတ်ပြီး စော်ကားရဲနေကြပါလား။ မဟာယန ဆရာတော်တွေကို အပုတ်ချရအောင် ခင်ဗျားတို့က ဆရာတော်တွေကိုတောင် အပြင်မှာ ဖူးဘူးရဲ့လား။ ဆရာတော်ရဲ့ တရားပွဲတောင် နာဖူးရဲ့လား။ အစိုးရကိုတော့ ဘာသာရေးနဲ့ ပတ်သတ်ပြီး ပြောလိုက်ကြတာ ရစရာမရှိ။ ဗန်းမော်ဆရာတော်ကြီးသာ ရဟန္တာတပါး ဖြစ်နေရင် ခင်ဗျားတို့ဘ၀တွေတော့.......
  1. Anonymous said... :
    မဟာယန မဟုတ်ပါ။ မဟာသံဃာ့နာယက။ လောပြီး ရေးလိုက်မိလို့ မှားသွားပါတယ်။ကန်တော့ပါ။
  1. Anonymous said... :
    ဗန်းမော်ဆရာတော်ကြီးသာ ရဟန္တာတပါး ဖြစ်နေရင် သာသနာရေးဝန်ကြီးနှင့် စစ်တပ်က လူကြီးတွေ ပထမဦးဆုံး ငရဲပြည်ကို အရင်သွားမှာပါ။ မယုံမရှိနဲ့။ ဗန်းမော်ဆရာတော်ကြီးသာ ရဟန္တာတပါး ဖြစ်နေရင် စစ်တပ်က အနားတောင်ကပ်လို့ ရမှာ မဟုတ်ဘူး။ ရဟန္တာတပါး ဖြစ်နေရင် ရဟန္တာ အလုပ်ကို လုပ်မှာပါ။ ဆရာတော်ကြီးတွေကို ဝေဖန်နေကြတာ မဟုတ်ဘူး။ မင်းတို့ စစ်တပ်ကျောထောက်နောက်ခံ သာသနာရေး ဝန်ကြီးနှင့် ကလိန်ကကျစ်တွေကို ပြောနေတာ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved