ရွေးကောက်ပွဲ မျှတမှုမရှိဘူးလို့ ပြောတာ ဘာကြောင့်လဲ

Monday, February 20, 2012

ရွေးကောက်ပွဲ တရားမျှတမှုမရှိဘူး ဆိုပြီး ပြစ်တင် ဝေဖန်တတ်တာ ဘာကြောင့်လဲ ဆိုတာကို ကော်မရှင် ဥက္ကဋ္ဌကြီးက ရှာဖွေတွေ့ရှိသွားပါပြီ။
စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဒီလိုပြောထားတာ တွေ့ရမှာပါ။
ဥက္ကဋ္ဌကြီးရဲ့ နိဂုံးချုပ်စကားကို ခေါင်းစည်းမှာ တပ်ထားပါတယ်။

4 comments :

  1. Anonymous said... :

    စစ်ဝတ်ချွတ် အစိုးရ.. သတိရှိရင် ရွှေးကောက်ပွဲ ကို တရားမျှမျှတတ အစ က ပြန်စ မလား...သခိုးတွေ လူ ပြန် ဟစ် တာကြည့်ရ ဆိုးတယ်..ချောင်ပိတ်မရိုက် နဲ့ ကိုယ်သာ မှ တရားစကားပြောတာ ရွံ့ ဖို့ကောင်းတယ်

  1. လူလေး said... :

    အော် တော်တော်ခက်ခက်ခဲခဲစစ်ဆေးဖော်ထုတ်လိုက်ရတာပေါ့။ ပြည်သူကလျှောက်ပြောတာပေါ့ ကိုယ်ပေးတဲ့ပါတီမရလို့။ ပြည်သူကိုလည်းတော်တော်အထင်သေးတဲ့ အစိုးရ။ ငါတို့က တစ်ပါတီမှမယုံသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်းအယုံအကြည်မရှိလို့မဲကိုမထည့်ဘူးကွ။ ငါတို့လိုလူတွေအများကြီး။ အဲဒီအထဲမှာမှ ရှိတဲ့မဲပေးနိုင်တဲ့လူဦးရေထက်ပိုပြီး ကြံ့ဖွတ်ကမဲရလိုရ။ ပြီးမှပြန်ကြေငြာ။ ထပ်မှား ထပ်ကြေငြာ ၃ ခါလောက် အမှားပြင်ကြေငြာတာတော့ထည့်မပြောဘူး။ မှားရင်ပြည်သူ( ကျောင်းသား၊ဘုန်းကြီး၊အလုပ်သမား ) စေတနာထားတာကအမြဲတမ်းအစိုးရ။ အာရှထိပ်သီးနိုင်ငံကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပြီ။ အခုထိအစိုးရတော်တုန်း ၊ မှန်တုန်း။ အေးကွာမင်းတို့ကပြည်သူကို ပညာမတတ်အောင် တုံးအောင်လုပ်ထားတာဘဲ။ ဒါပေမယ့် ပြည်သူကမင်းတို့မျှော်လင့်ထားသလောက်တော့မတုံးသွားဘူးကွ။ အဲဒီတော့လိမ်စားမယ်ဆိုရင်လည်း ပညာသားပါပါလုပ်ကွာ။ လူကြားကောင်းတာပေါ့။ ဗြောင်လိမ်ဗြောင်စားကတော့ အရမ်းအောက်တန်းကျတယ်နော်။

  1. Anonymous said... :

    မြန်မာလူမျိုးတယောက်ပျှမ်းမျှ သက်တမ်း(၆၅)နှစ်ဟုယူဆပါက၊ နှစ်ပေါင်း(၄၀)လောက်တောက်လျှောက်လိမ်လာခဲ့တော့၊လိမ်လည်ပြောဆိုရတာကိုပင်အမှန်ကဲ့သို့ထင်နေကြပြီ။

  1. Anonymous said... :

    ပြီးခဲ့သည့်၂၀၁၀ရွေးကောက်ပွဲတုန်းက တောင်ဥက္ကလာမှာ ဆရာဝန်တစ်ရောက်နဲ့ ဦးအောင်သိန်းလင်း(မြို့တော်ဝန်)တို့ယှဉ်ပြိုင်ကြတယ် ဆရာဝန်နိုင်ကြောင်းကို လက်မှတ်ထိုးခိုင်းပြီးကာမှ ဦးအောင်သိန်းလင်းကပြန်ပြီးအနိုင်ရသွားတယ်လို့ပြောတယ်ရွေးကောက်ပွဲဝင်ဆရာဝန်ကိုယ်တိုင်နိုင်ကြောင်းလက်မှတ်ထိုးပြီးကာမှဘယ်လိုရှုံးသွားတယ်ဆိုတာကို မသိလိုက်ဘူးလို့ပြောပါတယ် အံ့သြစရာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved