စစ်ကိုင်းရောက် ဒေါ်အောင်ဆန်းစုကြည်

Monday, March 5, 2012

စစ်ကိုင်း ဒေသခံများကို မနေ့က မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
(ဓာတ်ပုံများမှာ REUTERS သတင်းဌာန သတင်းထောက် Soe Zeya Tun
ရိုက်ကူးသော ပုံများ ဖြစ်သည်။)

တခြားဒေသတွေလိုပါပဲ၊ စစ်ကိုင်းလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှာတွေ့ရတဲ့အတိုင်း ကြိုဆိုခဲ့ကြပါတယ်။

စစ်ကိုင်းမလာခင်တရက် မန္တလေးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရုတ်တရက် ဆိုးဝါးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်-မန္တလေး လေယာဉ်ပေါ်မှာ အော့အန်တယ်၊ အားနည်းတယ်၊ မန္တလေး လေဆိပ်ကနေ ဟောပြောပွဲလုပ်မယ့် အောင်ပင်လယ်ကို အသွား လမ်းတလျှောက် လူထုကို နာရီအတော်ကြာ မတ်တပ်ရပ်ပြီး နုတ်ဆက်ခဲ့တယ်၊ လမ်းတလျှောက် ဆိုင်ကယ်အများအပြား ရှိပြီး ဆိုင်ကယ်မီးခိုးငွေ့တွေကြောင့် ခေါင်းမူးပြီး ထပ်မံ အော့အန်တယ်လို့ သိရပါတယ်။ ကျန်းမာရေး မကောင်းတဲ့အတွက် အောင်ပင်လယ်မှာ ဟောပြောနေတုန်း ခေတ္တ အနားယူခဲ့ပါသေးတယ်။
စစ်ကိုင်းမှာတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတယ်လို့ သိရပါတယ်။


5 comments :

  1. May said... :

    Amay Suu is so much tired. She should take a rest for a while. I always wish for Amay's health and longevity.

  1. MON said... :

    Daw Su needs a break for a while for her health. LONG LIVE, DAW SU for your beloved country and people which love you back incredibly!!!!

  1. Anonymous said... :

    ကျွန်တော်လည်းဒေါ်အောင်စုကြည်ကိုထောက်ခံတဲ့သူပါ။ ဟောပြောပွဲစင်မြင့်ရဲ့ထိပ် ပါတီအလံတွေလွှင့်ထူတဲ့အခါ၊ ကြိုဆိုတဲ့သူတွေကလည်း ပါတီအလံသာမက ယခုအသစ် ပြဌာန်းလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အလံတော်တို့ကိုပါ တရိုတသေ လွှင့်ထူရမှာဖြစ်ပါတယ်။ အန်လယ်ဒီပါတီရဲ့ အလံတော်တို့ဟာ ပြည်ထောင်စုမြန် မာနိုင်ငံတော်ရဲ့ သစ်ပြဌာန်းလိုက်တဲ့ နိုင်ငံတော်အလံကို ခြံရံပြီး လွှင့်ထူရမှာဖြစ်ပါတယ်။

  1. Anonymous said... :

    အရေးမပါတာတွေ ပြောနေသေးတယ်။အဓိကနဲ့သာမညဆိုတာရောခွဲခြားတက်လို့လား။အပြစ်ရှာဖို့ပဲသိတာလား

  1. soe lwin said... :

    ယခုပွဲသည်နိုင်ငံတော်ပွဲမဟုတ်ပါNLD မဲဆွယ်ခရီးစဉ်သာဖြစ်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved