မလေးရှား နိုင်ငံထုတ် The star newspaper မှာ Lady Gaga of Myanmar ဆိုပြီး ဆောင်းပါးတခု ပါလာလေရဲ့။ ထူးထူးဆန်းဆန်းတွေ ဝတ်ပြ လုပ်ပြတတ်တဲ့ အမေရိကားက နာမည်ကြီး အဆိုတော် Lady Gaga လိုပဲ မြန်မာပြည်မှာလဲ ထူးထူးဆန်းဆန်းတွေ ဝတ်ပြ လုပ်ပြတတ်တဲ့ နာမည်ကြီး အဆိုတော် ဖြူဖြူကျော်သိန်း ကို Lady Gaga နဲ့ နှိုင်းယှဉ်ရေးသား ထားတာတွေ့ရပါတယ်။ မျက်နှာစာအုပ်မှာတော့ မှတ်ချက်တွေ ပလူပျံနေလောက်အောင် နာမည်ကြီးနေရဲ့။
ဓာတ်ပုံ - ခိန်ခိန်း၏ မျက်နှာစာအုပ်မှ
တကယ်ပြောရရင် လောကမှာလူတွေရဲ့အရေးတယူ ဂရုစိုက် စိတ်ဝင်စားခြင်း ခံချင်သူတွေဟာ
အနှစ်မရှိတဲ့ လူ့ဗလာတွေဖြစ်တယ်
ရပ်ထဲရွာထဲမှာ ပြူးတူးပြဲတဲ ဝတ်စားဆင်ရင်တဲ့
သူတွေဟာ ရုပ်ဆင်းအင်္ဂါချို့တဲ့သူတွေဖြစ်လေ့ရှိပါတယ်
ပုံမှန်အနေအထား ဝတ်စားဆင်ရင်သူတို့မပေါ်လွင်တော့
လူတွေအရေးတယူကြည့်အောင် နည်းမျိုးစုံလုပ်တာပေါ့