အမေရိကန် ရုပ်သံလိုင်း NBC ရဲ့ ပြီးခဲ့တဲ့ Saturday Night Live ဟာသ အစီအစဉ်က ဗုဒ္ဓမြတ်စွာကို နောက်ပြောင်ထားတယ်လို့ သိရပါတယ်။
ခေါင်းစဉ်ကို Rude Buddha (အရိုင်းအစိုင်း ဗုဒ္ဓ) လို့ ပေးထားပါတယ်။
၃ မိနစ်ကျော်ကြာတဲ့ ဒီအစဉ်အစဉ်ကို အွန်လိုင်းကနေလည်း ပြန်ကြည့်နိုင်တယ်လို့ သိရပါတယ်။
လိပ်စာကတော့ http://www.nbc.com/saturday-night-live/video/buddha/1388804 ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်က အင်တာနက်ပရိသတ်ကပဲ ကြည့်နိုင်ပါတယ်။
![](http://4.bp.blogspot.com/-wNcS3s9hreU/T1cZYsQIOzI/AAAAAAAATZ0/K4EiuGB_ZFY/s400/0nbc.jpg)
ဒီရုပ်သံ ထုတ်လွှင့်ချက်ဟာ အဆင့်မရှိဘူး၊ စော်ကားမော်ကားလုပ်ထားတဲ့ ရိုက်ချက်တွေပဲ ဆိုပြီး လို့ ပရိသတ် အများစုက NBC ရုပ်သံ အွန်လိုင်းမှာ မှတ်ချက် ပြုထားပါတယ်။
၂၀၀၆ ခုနှစ်ကလည်း ဒီ ဟာသ အစီအစဉ် ထုတ်လွှင့်ချက်တခုဟာ ခရစ်ယာန်ဘာသာကို ထိခိုက်၊ စော်ကားထားတာဖြစ်လို့ NBC ကို သပိတ်မှောက်ကြဖို့ ဆော်သြခဲ့ကြတာကို
http://www.renewamerica.com/columns/gaynor/060202 မှာ ဖတ်နိုင်ပါတယ်။
ဗုဒ္ဓဘာသာကို စော်ကားထာတာဆိုတော့ ဘာသာဝင်အားလုံးက ၀ိုင်းပြီးကန့်ကွက်သင့်ပါတယ်။ ငြိမ်နေရင်တော့ နောက်တဆင့်တက်လာပြီး ခေါင်းပေါ် ချီးတက်ယိုလိမ့်မယ်။
ထုတ်လွှင့်တဲ့ အသံလွှင့်ဋ္ဌာန၊သရုပ်ဆောင်အားလုံး၊ ဒါရိုက်တာ ပါမကျန် အားလုံးကို ကန့်ကွက်ရှုံ့ ချသင့်ပါတယ်။
ဗုဒ္ဓဘာသာဝင်အားလုံးကို တောင်ပန်ခိုင်းသင့်ပါတယ်။