Rude NBC?

Wednesday, March 7, 2012


Rude Buddha ဟာသဇာတ်ဝင်ခန်းတခု

အမေရိကန် ရုပ်သံလိုင်း NBC ရဲ့ ပြီးခဲ့တဲ့ Saturday Night Live ဟာသ အစီအစဉ်က ဗုဒ္ဓမြတ်စွာကို နောက်ပြောင်ထားတယ်လို့ သိရပါတယ်။
ခေါင်းစဉ်ကို Rude Buddha (အရိုင်းအစိုင်း ဗုဒ္ဓ) လို့ ပေးထားပါတယ်။

၃ မိနစ်ကျော်ကြာတဲ့ ဒီအစဉ်အစဉ်ကို အွန်လိုင်းကနေလည်း ပြန်ကြည့်နိုင်တယ်လို့ သိရပါတယ်။
လိပ်စာကတော့ http://www.nbc.com/saturday-night-live/video/buddha/1388804 ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်က အင်တာနက်ပရိသတ်ကပဲ ကြည့်နိုင်ပါတယ်။

တခြားနိုင်ငံတွေက ကြည့်ရင် ဒီစာတန်းပဲ ပေါ်နေတာကို တွေ့ရမှာပါ။

ဒီရုပ်သံ ထုတ်လွှင့်ချက်ဟာ အဆင့်မရှိဘူး၊ စော်ကားမော်ကားလုပ်ထားတဲ့ ရိုက်ချက်တွေပဲ ဆိုပြီး လို့ ပရိသတ် အများစုက NBC ရုပ်သံ အွန်လိုင်းမှာ မှတ်ချက် ပြုထားပါတယ်။

၂၀၀၆ ခုနှစ်ကလည်း ဒီ ဟာသ အစီအစဉ် ထုတ်လွှင့်ချက်တခုဟာ ခရစ်ယာန်ဘာသာကို ထိခိုက်၊ စော်ကားထားတာဖြစ်လို့ NBC ကို သပိတ်မှောက်ကြဖို့ ဆော်သြခဲ့ကြတာကို
http://www.renewamerica.com/columns/gaynor/060202 မှာ ဖတ်နိုင်ပါတယ်။

11 comments :

  1. ywarthar said... :

    ဗုဒ္ဓဘာသာကို စော်ကားထာတာဆိုတော့ ဘာသာဝင်အားလုံးက ၀ိုင်းပြီးကန့်ကွက်သင့်ပါတယ်။ ငြိမ်နေရင်တော့ နောက်တဆင့်တက်လာပြီး ခေါင်းပေါ် ချီးတက်ယိုလိမ့်မယ်။
    ထုတ်လွှင့်တဲ့ အသံလွှင့်ဋ္ဌာန၊သရုပ်ဆောင်အားလုံး၊ ဒါရိုက်တာ ပါမကျန် အားလုံးကို ကန့်ကွက်ရှုံ့ ချသင့်ပါတယ်။
    ဗုဒ္ဓဘာသာဝင်အားလုံးကို တောင်ပန်ခိုင်းသင့်ပါတယ်။

  1. kyaw said... :

    ဒီ post ကိုဖတ်လိုက်ရတော့ တော်တော်လေးမခံမရပ်နိုင်ဖြစ်ရပါတယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်တော့ဥပေက္ခာ
    မထားဘဲ ပြဿနာတိုင်းကိုသာ ခေါင်းထဲထည့်နေမယ်ဆိုရင်ရှင်းလို့ဆုံးမယ်မထင်ပါဘူး။ စော်ကားတဲ့လူတွေကလဲစော်ကားနေကြအုံးမှာပါပဲ။ မေးခွန်းလေးတစ်ခုကိုတော့ မေးလိုက်ချင်ပါတယ်။ အခုနေအခါမှာ Muslimဘာသာကို အဲဒီလိုများ စော်ကားရဲသလား
    လို့?အင်အားနည်းတဲ့တိုင်းပြည်ကအထူးသဖြင့်ကိုးကွယ်နေတဲ့ ဘာသာကို စော်ကားရဲကြတာ ဆန်းတော့
    မဆန်းပါဘူး။

  1. Anonymous said... :

    ဘာသာမဲ့ တွေ ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ တစ်ပါးသူရဲ့ ယုံကြည်ကိုးကွယ်မှု့ ကို လှောင်ပြောင် သရော်ထားခြင်းကို ပြင်းပြင်းထန်ထန်ကန့် ကွက်သင့်ပါတယ်။ ဘာသာရေး အဖွဲ ပေါင်းစုံကနေ ကန်ကွက်သင့်ပါတယ်။ လွတ်လပ်စွားကိုကွယ်ယုံကြည်မှု့ ကို စော်ကားတာဖြစ်ပါတယ်။ ဘယ်သာသာကို မဆို လှောင်ပြောင်သရော်ခြင်း မပြုသင့်ပါဘူး။ အလွန်းဆိုးဝါးသော အပြုအမှု ဖြစ်ပါတယ်။ ဝိုင်းဝန်းကန့် ကွက်သင့်ပါတယ်။

  1. kokhent said... :

    မြတ်စွာဘုရားသည် ပါရမီဖြည့်ကျင့်ခဲ့သည့်ဘုရားလောင်းဘ၀မှ စပြီး သုံးလောက ထွဋ်ထား မြတ်စွာဘုရားဖြစ်တော်မူစဉ်၌လည်း ဒေါသ ကိုပယ်သတ်ရာဧ။် လို့ ဘဲဟောတော်မူပါတယ်..သည်းခံတော်မူသော မြတ်စွာဘုရားကို ကိုးကွယ်သည့် အဒေါသဗုဒ္ဒဘာသာဝင်များ သာဖြစ်သင့်ပါတယ်..

  1. Anonymous said... :

    လယ်တီဆရာတော်ဘုရားကြီးမိန့် ဘူးပါတယ်။ သီး ခံတိုင်းလည်း မကောင်းဘူးကွ။ ဗုဒ်ဓဘာသာဝင်တိုင်း အဒေါသစိတ်ဖြစ်ဖို့ ဆိုတာ အတော်လေးမြင့်လွန်းပါတယ်။ အုပ်ချုပ်သူ လူတန်းစားက ဘာသာတရားကို ခုတုံးလုပ်ပြီး ချယ်လှယ် အနိုင်ကျင့်ထားတာ ကြာခဲ့ပါပြီး။ အဒေါသကိုသာ နှလုံးသွင့်ခဲ့ရမယ်ဆိုရင် အမျိုးဘာသာ၊ သာသနာပါ တိမ်ကောပပျောက်သွားနိုင်ပါတယ်။ ဘုရားအဆိုအဆုံးအမ အတိုင်း ဗုဒ်ဓဘာသာဝင်တွေ ကျင့်ကြံနေထိုင်နိုင်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေ အခုလို ဆင်းရဲမွဲတေ မင်းဆိုးမင်းညစ်အာဏာရှင် အဆက်ဆက်တွေ အောက်မှာ လွတ်မြောက်ခဲ့တာ ကြာပါပြီး။

  1. Anonymous said... :

    ဒီသတင်းကို ဘလော့မှာမတင်ပဲ၊ ပင်မစာမျက်နှာမှာ တင်သင့်ပါတယ်။ ဘာသာတရားတခုကို ပြစ်ပြစ်နှစ်နှစ် စော်ကားထားတာ၊ အဲဒီဝက်ဆိုဒ်ကို ၀င်ကြည့်ပြီး သိရပါတယ်။ ဗုဒ္ဓအဖြစ်သရုပ်ဆောင်ထားသူက မေးခွန်း
    မေးလာသူတွေကို ပေါက်ကရဖြေပေးပြီး
    (တော်တော်လေးကို ဆိုးဝါးလှပါတယ်)၊
    သူတို့ လှည့်ထွက်သွားတော့ သူ့ ဘေးတဖတ်တချက်စီမှာ ထိုင်နေကြတဲ့ အမျိုးသမီး၊ အမျိုးသားတို့ နဲ့ 
    ရယ်ပွဲဖွဲ့ ကြတာကို ရင်နာစွာ မြင်တွေ့ ရပါတယ်။ မေးခွန်းမေးပြီး ပြန်သွားသူနှစ်ဦးက၊ သူတို့ ပြောနေတာ
    တွေကိုကြားပြီး၊ ဘာကြောင့်အဲဒီလိုလုပ်ရတာလဲလို့  လာပြန်မေးတော့၊ သူတို့ ကို အနားတိုးခိုင်းပါတယ်။ ပြီးတော့ လက်ခုပ်တဘက်တည်းတီးရင် ဘယ်လိုအသံမြည်သလဲလို့ ၊ ဗုဒ္ဓဆိုသူက မေးပါတယ်။ မသိဘူးလို့ လည်း ငြင်းရော၊ မေးသူကို ပါးရိုက်ချလိုက်ပါတယ်။ အဲဒါနဲ့  အဆုံးသပ်ထားပါတယ်။ မခံမရပ်နိုင်ဖြစ်ပြီး သူတို့ ဝက်ဆိုဒ်မှာ
    ကော့မန့် ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံသား
    အချို့ လည်း ကော့မန့် တွေပေးထားပါတယ်။ အဲဒီသတင်းဌာနကို ကန့် ကွက်တဲ့ ကော့မန့် တွေ တင်ပေးကြပါ။ အနည်းဆုံးတော့ ကိုယ်တွေ လက်မခံဘူးဆိုတာ သူတို့ သိသွားစေနိုင်ပါတယ်။

  1. Mg Maesod said... :

    အမေရိကန်မှာ နေသူများ အဲဒီဗွီဒီယိုကို ဒေါင်းပြီး ပြန်ရှယ်ပေးကြပါလား။ သေသေချာချာ ကြည့်ရမှ ပိုဒေါသဖြစ်ကြအောင်။

  1. Anonymous said... :

    အဲသလို လှောင်လိုက်လို့လည်း Buddha ရဲ့ Quality က လျော့သွားတာမှ မဟုတ်ပဲ။ စိတ်တို မနေကြပါနဲ့

  1. A Buddhist said... :

    Those who insult other religion are rude or uncivilized misusing their rights to insult others. If you look at this, you don’t need to think too much why USA has so many enemies all over the world. The Lord of Buddha has compassion for all beings, he won’t be angry with this foolishness because this is nothing for him with unrivalled wisdom, power, compassion and tolerance. He will even forgive those stupid guys. However this doesn’t mean that you are allowed to insult him. Don’t get him wrong. He won’t seek to revenge. He said, “Take responsibility of what you acts, says and thinks. All the consequences are just reflections of your actions, words and thoughts. We won’t attack you back for your bad actions because we are civilized with the teaching of Buddha. Please keep in mind that “You will have to reap what you sow”.

  1. Anonymous said... :

    ခန္တီစတရားကို လက်ကိုင်ထားတဲ့၊ ဗုဒ္ဓဘာသာအတွက်ကတော့၊ ဒီလို ပြက်ရယ်ပြုလှောင်ပြောင်တာတွေကို မမှုပါဘူး။ အာဖကန်နစ္စတန်က ဗုဒ္ဓဆင်းတုတွေကို၊ တာလီဘန်တွေက ငါတို့ ဘာာသာနဲ့ မဆိုင်ဘူးဆိုပြီး၊ ဖျက်ဆီးပစ်တုန်းကလည်း ဗုဒ္ဓဘာသာနိုင်ငံတွေက သိပ်ပြီး ထွေထွေထူးထူး
    ကန့် ကွက်သံတွေ မကြားခဲ့ရပါဘူး။ ယူနက်စကိုကတော့ မကောင်းတတ်လို့  ၀င်တားကြည့်ပေးပါတယ်၊ မရပါဘူး။ သူလုပ်တဲ့အပြစ် သူခံရမယ်ဆိုပြီးထားလိုက်တာ၊ တာလီဘန်တွေ ဘယ်လိုကြမ္မာဆိုးနဲ့  ကြုံခဲ့ရသလဲဆိုတာ၊ အားလုံးတွေ့ ခဲ့ကြမှာပါ။ အစ္စလာမ်ကိုရာမ်ကျမ်းစာအုပ်ကို၊ အမေရိကန်စစ်သားတွေက မီးရှို့ လိုက်တဲ့ နောက်ဆက်တွဲတွေ အခုချိန်ထိ မပြီးသေးပါဘူး။ မွတ်ဆလင်တွေကို စော်ကားပြီးတော့၊ နောက်ထပ်ဘာသာကြီးတခုကို ထပ်ပြီးသွေးတိုးစမ်း စော်ကားလိုက်တာပါပဲ။ ကျနော်တို့ ကတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုတာကိုပဲ၊ လက်ကိုင်ထားရပေတော့မပေါ့။

  1. Anonymous said... :

    i think we should be very sad for them, cuz they dont' knw what's the result of doing this

    can s1, who r in usa, pls upload the video for us to watch.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved