ဇလွန်ဆက်သွယ်ရေးရဲ့ ရိုက်ချက်များ

Wednesday, April 18, 2012

၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းက ရန်ကုန်တွင် ဖုန်းပြောနေသူတဦး (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အတွင်းရှိ တယ်လီဖုန်း ( ကြိုးဖုန်း ) များမှာ ခေါ်ဆိုကြေးများ အဆမတန် များပြားနေပါသဖြင့် သက်ဆိုင်ရာ အရာရှိများ သိရှိစေရန် ဖော်ပြအပ်ပါသည်။

ဇလွန်မြို့နေပြည်သူများ ငှားရမ်းသုံးစွဲလျှက်ရှိသောတယ်လီဖုန်းများမှာ ဖုန်းကြိုး ဖြုတ်ထားသော်လည်း ခေါ်ဆိုကြေးများ လစဉ်ပုံမှန် ပေးသွင်းနေရသည်။

ကျွန်တော်၏တယ်လီဖုန်းမှာ လစဉ်လတိုင်းမိမိခေါ်ဆိုသောအနေအထားနှင့်နှိုင်းယှဉ်ပါကဖုန်းခေါ်ဆိုကြေးမှာများပြားနေသောကြောင့် ပထမလတွင်ဖုန်းမပြောဘဲ ကျွန်တော်၏ mobile ဖုန်းအားအသုံးပြုပါသည်။

ထိုသို့ဆောင်ရွက်သော်လည်း ဖုန်းပြောခမှာ တစ်လလျှင် တစ်သိန်းကျပ် ပေးဆောင်ရပါသည်။ ထိုသို့နှစ်လခန့်စောင့်ကြည့်ပြီး ကျွန်တော် မရှိသည့်အချိန် တစ်ခြားသူ ခေါ်မည်စိုးသောကြောင့် ဖုန်းကြိုးကို ဖြုတ်ပြီး တယ်လီဖုန်းအား သိမ်းထားပါသည်။ ထိုသို့ပြုလုပ်သော်လည်း ယခင်အတိုင်းတစ်လလျှင်တစ်သိန်းဝန်းကျင် ခန့်ပေးဆောင်ရပါသည်။

ဖုန်းမပြောဘဲဖုန်းခေါ်ဆိုကြေးများ လစဉ် ပေးသွင်းနေရခြင်းကြောင့် တယ်လီဖုန်းအိပ်ချိန်း တာဝန်ခံအား သွားရောက် တိုင်ကြားရာတွင် စစ်ဆေးပေးမည်ဟု ပြောဆိုပြီးနောက်လများတွင် ပုံမှန်ကျသင့်ငွေအတိုင်း ဖုန်းဘေ ထွက်လာပါသည်။

အကြောင်းစုံအား အသေးစိတ်စုံစမ်းရာ ဆက်သွယ်ရေး ၀န်ထမ်းများမှာ ပြည်သူများ၏ ဖုန်းများဖြင့် ခိုးပြီး ဆက်သွယ်နေခြင်းဖြစ်ပါသည်။

ဝန်ထမ်း နှစ်ဦးမှာ ချဲထီ ၊ နှစ်လုံးထီများကို ဆက်သွယ်ရေးဝန်း ၀န်ထမ်း အိမ်ယာမှာပင် လွတ်လပ်စွာ ရောင်းချရွေ့ ရဲအား လိုင်းကြေးပေးပြီး လောင်းကစားမှုများ ပြုလုပ်နေကြသည်။

ထိုမျှသာမက ရန်ကုန် ဟင်္သာတ ဇလွန်မြို့ပေါ်ရှိ ဒိုင်ကြီးများအား ရသမျှလက်ခံ၍ တယ်လီဖုန်းဖြင့် ( သူတို့အခေါ် ) အပေါ်ဇယား ကစားကြပါသည်။ သို့ရာတွင် ၄င်းတို့နှစ်ဦးလုံးမှာ ကိုယ်ပိုင်ဖုန်းများ မရှိကြပါ။

ကျွန်တော်၏ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုမှာ ကျွန်တော့်အား ( ဟန်းဖုန်းသို့ ) မိတ်ဆွေတစ်ဦး ဖုန်းခေါ်ဆို စကားပြောရာတွင် တစ်ခြားမိတ်ဆွေတစ်ဦး၏ လိုင်းကြိုး ဖြုတ်ထားသော တယ်လီဖုန်းနံပါတ် ဖြစ်နေပါသည်။
( ကိုယ်တွေ့အဖြစ်အပျက် )

2 comments :

  1. Anonymous said... :

    ဟုတ်တယ်ဗျ..သူခိုးတွေ..ကျူပ်တို့ အိမ်မှာလဲ အဲ့ဒီ အတိုင်းပဲ...line man က ပိုဆိုးတယ်...မပြောတော့ပါဘူးး
    ပြောရင်းအရှည်ကြီးးး သူခိုးတွေကို...

  1. zin zin said... :

    ဘာ သက်သေရှိလို့ပါလဲ .... လိုရာတစ်ခုတည်းဆွဲပြီး မပြောစေချင်ပါဘူး ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved