နတ်သံကွင်းက လာတဲ့စာ

Wednesday, April 18, 2012

သို့
လေးစားရပါသော လူကြီးမင်းများခင်ဗျာ။
ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာမှ ရွာသားတစ်ဦးပါ။

ကျွန်တော်တို့ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူမိုက်တွေပူးပေါင်းပြီး လူတစ်ယောက်ကို အသေ လိုက်သတ်နေတဲ့အကြောင်းပြောပြချင်လို့ပါခင်ဗျာ။

ဖြစ်စဉ်ကိုမတင်ပြခင် ဇာတ်ရည်လည်အောင် အရင်ရှင်းပြပါမယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးအမည်က ဦးမြမောင်ပါ။ ဖုန်းနံပတ်က ၀၉၆၃၁၀၃၉၃ ပါ။

သူက ကားလုပ်ငန်း အကြီးအကျယ်လုပ်ပါတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ကျွန်းကိုင်းမှီကိုင်းကျွန်းမှီပါ။ တရားမ၀င်တာရော တရားဝင်တာပါ အကုန်လုပ်ပါတယ်။

ငွေရှိပြီး လူရည်လည်တော့ အာဏာပိုင်တွေကိုသာမက လူမိုက်အများအပြားလည်းမွေးထားပါတယ်။

ကျွန်တော်တို့ရွာမှာဘဲ သူတို့အိမ်မှာ အလုပ်လုပ်ဖူးသူ ကိုဟန်ကျော်ဆိုတဲ့ လူတစ်ယောက်ဟာ ရိုးသားကြိုးစားပြီး လူချစ်လူခင်ပေါပါတယ်။ သူက အခုဆိုရင် ကားမောင်းသမားဘ၀ကနေ ကားပိုင်ဝယ်စီးနေပါပြီ။ ကိုယ်ပိုင်ကား လုပ်ငန်းကို လုပ်ကိုင်လာတော့ လုပ်ငန်းကလည်း တူပြန် ဆိုတော့ စီးပွားပြိုင်ဖက်သဖွယ်ဖြစ်လာပါတယ်။

ဒါနဲ့ကြည့်မရတာနဲ့ အသေသတ်ဖို့ကြံစည်ပါတော့တယ်။ ပထမနေ့ ၁၄-၄-၂၀၁၂ ရက်နေ့ မှာ အုပ်ချုပ်ရေးမှူးရဲ့ညီ ကိုအောင်ကြိုင်ဆိုသူက ကိုဟန်ကျော်ကို စိန်စခေါ်ပါတယ်။ အိမ်မှာကျွန်က ထမင်းဝတော့ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ ပြသနာတော်တော်ရှာပါတယ်။

ကျွန်တော်တို့လဲ အုပ်ချုပ်ရေးမှူးကိုမကျော်လွန်နိုင်တာနဲ့ ကြားသာနေတယ် ဘာမှမကူညီနိုင်ပါဘူး။ ညနေပိုင်းမှာ ကိုဟန်ကျော်က အဲဒီ၇ွာကနေတစ်ဖက်ကမ်းကို အိမ်ပြောင်းဖို့ကြိုးစားပါတယ်။ ကားနဲ့ပစ္စည်းတွေ တင်တာပေါ့။

အဲဒီအချိန်မှာ ကိုအောင်ကြိုင်နဲ့ လူမိုက်အပေါင်းအပါများအပြင် နတ်သံကွင်းရွာ ရဲစခန်းမှ ရဲ ၂ ယောက်လဲ လာတားပါတယ်။ အာဏာပိုင်ရဲတွေ ပါလာတာနဲ့မပြောင်းဖြစ်လိုက်ပါဘူး။ ၁၅-၄-၂၀၁၂ ရက်နေ့ ည ၇နာရီခွဲလောက်မှာ ကိုဟန်ကျော်အိမ်ကို ကိုအောင်ကြိုင်ရဲ့လူ ၅၀ လောက်ဝိုင်းပြီး ခဲတွေနဲ့ပေါက် စိန်ခေါ်ပြီး အိမ်ထဲအတင်းဝင် ပိုင်နက် ကျူးကျော် ရိုက်နှက်ပါတော့တယ်။

တစ်ရွာလုံးရုန်းရင်းဆန်ခတ်ပါဘဲ။ ဘေးပတ်ဝန်းကျင်အိမ်တွေက ခုခံကြ ကူညီကြနဲ့ ကိုဟန်ကျော်နှစ်အိမ်ကျော်လောက်မှာရှိတဲ့ အိမ်တစ်အိမ်ကို ထွက်ပြေး ပုန်းအောင်းနေရပါတယ်။

တစ်ရွာလုံးလူ လူမိုက်တွေကလူတစ်ယောက်ကို အတင်းရှာဖွေပြီးသတ်ဖြတ်ဖို့ကြိုးစားနေချိန်မှာ ၇ဲတပ်ဖွဲ့ဝင်တွေက အဲဒီရှေ့က လက်ဘက်ရည်ဆိုင်မှာ ၇ှိနေပြီး သူတို့နဲ့ဘာမှ မဆိုင်သလိုနေနေကြပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို ဥပဒေက မကာကွယ်ဘဲ အာဏာပိုင်တွေကိုသာ ကာကွယ်နေသလားဗျာ။

ဖြစ်စဉ်ဖြစ်နေတော့ ကိုဟန်ကျော်ရဲ့အမျိုးသမီးက ရဲစခန်းကို ပြေးတိုင်တော့လည်း အုပ်ချုပ်ရေးမှူး တစ်ယောက်လုံး ရှိသေးကြောင်းနဲ့ သူ့ကိုကျော်လို မကောင်းကြောင်းပြောပြီးပြန်လွှတ်လိုက်ပါတယ်။

ဘယ်လိုများ ညဆက်အိပ်ရပါမလဲဗျာ၊ သူက ကိုယ်တွေ့ပြေးရလွှားရ အိမ်တစ်အိမ်လုံးမှန်ကအစ ရစရာမရှိအောင် ကွဲပြဲကုန်တာဆိုတော့ ကြောက်တာပေါ့ဗျာ။ ကျွန်တော်တို့ထဲက တာဝန်သိပြည်သူတစ်ဦးကလည်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးဆီ ဖုန်းဆက်တော့ ၀န်ကြီးကလည်း ၁၆-၄-၂၀၁၂ ရက်နေ့မှာ စုံစမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေစေလွှတ်လိုက်ပါတယ်။

ဒါလည်းဘဲ ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ပူးပေါင်းပြီး ဦးမြမောင်နဲ့ ကိုအောင်ကြိုင်က အမျိုး အချင်းချင်းရန်ဖြစ်တာသာဖြစ်ကြောင်း ပြောပြီးပြန်လွှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရွာသားတွေ မလုံခြုံတော့ပါဘူးဗျာ။

အဲဒီအုပ်ချုပ်ရေးမှူးနဲ့ အမျိုးတွေ၊ တပည့်တွေကိုကြောက်ရတော့ မှန်တာကလည်း အမှားဖြစ်ပြီးကျန်ရစ်ပါတယ်။

အဲဒီနေ့ကမြင်ကွင်းကိုပြချင်ပါတယ်။ တစ်ရွာလုံးအုတ်အော်သောင်းနင်းပါဘဲ။ လူတစ်ယောက်ကို လူ ၅၀ လောက်ဝိုင်းရှာ လိုက်သတ်နေလိုက်တာ ဆူညံ ပွက်နေတာဘဲ။

ဘေးအိမ်တွေမှာမှန်ကွဲတဲ့အိမ်ကကွဲ ၊ ၀င်ကူရင်းနှုတ်ခမ်းကွဲသူကကွဲနဲ့ ကျွန်တော်တို့ကို ကူညီကြပါဦးဗျာ။ ကိုဟန်ကျော်ခမျာမနေနိုင်တော့တာနဲ့ ၁၆-၄-၂၀၁၂ ရက်နေ့မှာ ကားပေါ်ရှိသမျှပစ္စည်းနိုင်သလောက်တင်ပြီး မိန်းမ၊ကလေးခေါ်ကာ ညမှောင်ချိန် ၉နာရီခွဲလောက်ခွေးပြေးဝက်ပြေးပြေးရတော့တာပါဘဲ။

သူ ဘယ်ဆက်နေရဲတော့မလဲ။ ဘယ်နေ့ လာသတ်မလဲ။ ဘယ်နေရာ လာသတ်မလဲမှ မသိတာကို။ ကျွန်တော်တို့အရမ်းသနားတယ်ဗျာ။ ကိုယ်ရွာသားဖက်ကလည်း မခံချင်ဘူး။ ဒါနဲ့ကိုယ်တတ်နိုင်တာနဲ့ လာပြီး ကူညီပေးတာပါ။ ဒီသတင်းကိုချက်ချင်းလေးလွှင့်ပေးပါဗျာ။ ခင်ဗျားတို့ကယ်မှ ရမှာပါ။ သြဇာရှိလို့ အားကိုးပါတယ်။

ဒီသတင်းကအဖြစ်အပျက်အမှန်တွေပါဗျာ။ ပေးစာတစ်စောင် ဆိုတာထက် သတင်းတစ်ခုပေးပို့ခြင်းသာဖြစ်ပါတယ်။ ကူညီပါအုံးဗျာ။ ဖြစ်စဉ်ကို စုံစမ်းဖို့ဖုန်းတွေပေးပါမယ်။

ကျောက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး- ၀၅၄၄၉၀၀၂ နတ်သံကွင်းအိတ်ချိန်း ၀၅၄၅၅၄၄၈ တို့ကို ဆက်ပြီး သတင်းယူနိုင်ပါတယ်။ ကျောက်ကြီးမြို့နယ်မှူးပြောမှာကတော့ ကျွန်တော်ကြိုပြောလိုက်ပါမယ် အမျိုး အချင်းချင်းတွေဖြစ်တာပါလို့ ပြောမှာသေချာပါတယ်။

ဥပဒေပမှာ အဲဒီလောက်ဖြစ်နေတာ ရဲတွေထိုင်ကြည့်နေကြတယ်။ အုပ်ချုပ်ရေးမှူး ရက်စက်လွန်းပါတယ်ဗျာ။

ရိုက်နေရင်းကြားတာတစ်ခုရှိသေးတယ် ကိုအောင်ကြှိုင်က ငါ လူသတ်လာတာ ၇ယောက်ရှိပြီတဲ့ ကြောက်စရာဘဲဗျာ။ ဟုတ်လည်း ဟုတ်တယ် လူတစ်ယောက်ကို ကားနဲ့တိုက်သတ်တာ အချုပ်ထဲ ၂ ရက်ပဲဝင်ပြီး ပြီးသွားတယ်ဗျာ။

ကျွန်တော်တို့ရဲ့ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်ကြီးနဲ့ သမ္မတကြီးကို ဆက်ပြီးတင်ပြပေစေလိုပါတယ်ဗျာ။

3 comments :

  1. Anonymous said... :

    I trust what the letter say. There is no rule of law there. Mya Maung and Aung Kyain have bullied the villagers including NLD's members for ages and we need to bring them to justice one day.


    Former Natthankwin villager

  1. Anonymous said... :

    သိကြတဲ့အတိုင်း ငွေနဲ့အာဏာရှိသူအများစုက
    တရားလက်လွတ် ထင်ရာကြဲနေကြတာ
    တိုင်းပြည်မှာ မင်းမဲ့စရိုက်တွေဖြစ်ကုန်ပြီ
    ရဲတွေ တရားသူကြီးတွေကလည်း
    အမှန်တရားကို ဥပက္ခါပြု
    ငွေရှိသူတွေရဲ့ လက်ပါးစေ
    ကျွန်တွေဖြစ်ပြီး မျက်စိမှိတ်ပေးနေကြတယ်

  1. Anonymous said... :

    in this case, you can inform to KNU.KNU have opened a communication office at Kyaukgyi.
    KNU have experience to settle such a problem.
    for these people, the jungle rele is better.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved